ကမ္ဘာ့သတင်း

လိင်တူချစ်သူ ဆန့်ကျင်ရေးသမား နာဇီလက်သစ်ဝါဒီ မာလာဆဗန်ဂျာလိုင်းဘစ်ချ် လိင်အင်္ဂါပြောင်းလဲပြီး အမျိုးသမီးထောင်အတွင်း ပြစ်ဒဏ်ကျခံမည်

မဲခေါင် 17 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၇ ဂျာမနီနိုင်ငံရေးလောကတွင် လက်ယာစွန်းရောက် နာဇီလက်သစ် (နီယို-နာဇီ) လှုံ့ဆော်ရေးသမားအဖြစ် နာမည်ကြီးသော မာလာဆဗန်ဂျာလိုင်းဘစ်ချ်ကို ဇူလိုင် ၁၅ ရက်၌ ချက်နိုင်ငံက ဂျာမနီသို့ တရားခံအဖြစ် ပြန်လည်လွှဲပေးပြီးနောက် ၎င်းသည် လိင်အင်္ဂါခွဲစိတ်ပြောင်းလဲကာ အမျိုးသမီးအဖြစ် မှတ်ပုံတင်ခဲ့ပြီး ဖြစ်သည့်အတွက် အမျိုးသမီးထောင်အတွင်း ပြစ်ဒဏ်ကျခံတော့မည် ဖြစ်သည်။ ယခင် အခမ်းအနားပွဲများတွင် နာဇီဝတ်စုံများဝတ်ဆင်ကာ လက်မောင်းတွင် နာဇီခေတ်ဟန် လုံခြုံရေးဆိုသည့် လက်ပတ်ကိုလည်း ဝတ်ဆင်လေ့ရှိသော မာလာဆဗန်ဂျာလိုင်းဘစ်ချ်သည် အသက် ၅၅ နှစ်ရှိပြီဖြစ်ကာ ၂၀၂၃ ခုနှစ်က အသရေဖျက်မှု၊ မုန်းတီးစေရန် လှုံ့ဆော်မှုများကြောင့် အမျိုးသမီးအကျဉ်းထောင်တစ်ခုအတွင်း ထောင်ဒဏ် ၁ နှစ်ခွဲကျခံစေရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ သို့သော် အယူခံဝင်ခဲ့ပြီး

မဲခေါင်၊ ဇူလိုင် ၁၇

ဂျာမနီနိုင်ငံရေးလောကတွင် လက်ယာစွန်းရောက် နာဇီလက်သစ် (နီယို-နာဇီ) လှုံ့ဆော်ရေးသမားအဖြစ် နာမည်ကြီးသော မာလာဆဗန်ဂျာလိုင်းဘစ်ချ်ကို ဇူလိုင် ၁၅ ရက်၌ ချက်နိုင်ငံက ဂျာမနီသို့ တရားခံအဖြစ် ပြန်လည်လွှဲပေးပြီးနောက် ၎င်းသည် လိင်အင်္ဂါခွဲစိတ်ပြောင်းလဲကာ အမျိုးသမီးအဖြစ် မှတ်ပုံတင်ခဲ့ပြီး ဖြစ်သည့်အတွက် အမျိုးသမီးထောင်အတွင်း ပြစ်ဒဏ်ကျခံတော့မည် ဖြစ်သည်။

ယခင် အခမ်းအနားပွဲများတွင် နာဇီဝတ်စုံများဝတ်ဆင်ကာ လက်မောင်းတွင် နာဇီခေတ်ဟန် လုံခြုံရေးဆိုသည့် လက်ပတ်ကိုလည်း ဝတ်ဆင်လေ့ရှိသော မာလာဆဗန်ဂျာလိုင်းဘစ်ချ်သည် အသက် ၅၅ နှစ်ရှိပြီဖြစ်ကာ ၂၀၂၃ ခုနှစ်က အသရေဖျက်မှု၊ မုန်းတီးစေရန် လှုံ့ဆော်မှုများကြောင့် အမျိုးသမီးအကျဉ်းထောင်တစ်ခုအတွင်း ထောင်ဒဏ် ၁ နှစ်ခွဲကျခံစေရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

သို့သော် အယူခံဝင်ခဲ့ပြီး ထောင်ဒဏ်ကို ကျခံခြင်းမရှိသေးဘဲ နောက်တစ်နှစ်အကြာတွင် လိင်အင်္ဂါခွဲစိတ်ပြောင်းလဲ မှု အပြည့်အ၀လုပ်ဆောင်အပြီး အမျိုးသမီးအဖြစ် နာမည်ပြောင်းကာ မှတ်ပုံတင်ခဲ့ပြီးနောက် ယမန်နှစ် ဩဂုတ်လမှ စတင်ကာ ပျောက်သွားခဲ့သည်။

သို့သော် ချက်နိုင်ငံတွင် ရောက်ရှိနေခဲ့ကာ ချက်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်ပြီးနောက် ဂျာမနီသို့ ပြန်လည်လွှဲပြောင်းစဉ် နှုတ်ခမ်းမွှေးများဖြင့် ပြန်ရောက်လာပြီး အမျိုးသမီးထောင်အတွင်း ပြစ်ဒဏ်ကို ကျခံသွားတော့မည်ဟု လက်ခံခဲ့သည်။

၂၀၂၂ ခုနှစ်က မာလာဆဗန်ဂျာလိုင်းဘစ်ချ်သည် ဂျာမနီနိုင်ငံ ဟယ်လီရှိ LGBT အသိုင်းအဝိုင်းများ ဂုဏ်ယူချီတက် ပွဲတစ်ခုတွင် ပါဝင်ဆင်နွှဲသူများကို လူမှုအသိုင်းအဝိုင်းမှ ကပ်ပါးကောင်များဟု ဝေဖန်နှောင့်ယှက်ခဲ့သူဖြစ်သည်။

ယခုလို အမျိုးသမီးဘ၀ ပြောင်းလဲခံယူပြီး အမျိုးသမီးအကျဉ်းထောင်တွင် ကျခံရန် ကြိုးစားမှုသည် ဂျာမနီအဓိပတိ အိုလက်ဖ်ရှိုးဇ်နှင့် ၎င်း၏ ဗဟိုဝါဒီညွန့်ပေါင်းအစိုးရလက်ထက်က မိတ်ဆက်ပေးခဲ့သော လူသားတိုင်း မွေးရာပါ လိင်အင်္ဂါအတိုင်း ဘ၀ကို လက်ခံသွားရန်မလိုဘဲ လူတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အညီ ကျား၊ မ ကြိုက်သလို ပြောင်းလဲခံယူနိုင်သလို နာမည်ပြောင်းခွင့်ရှိသည်ဆိုသော ဥပဒေအား ဟားတိုက်လှောင် ပြောင်လိုက်ခြင်းသာ ဖြစ်မည်ဟု ပြောဆိုနေကြသည်။

မနှစ်ကတည်းက ဂျာမန်ထောင်အာဏာပိုင်များသည် လိုင်းဘစ်ချ်ကို အမျိုးသမီးထောင်အတွင်း ကျခံစေရန် ဆုံးဖြတ်ရခြင်းမှာ မွေးရာပါ လိင်သတ်မှတ်ချက်အရ မဟုတ်ဘဲ မှတ်ပုံတင်ထားသည့် လိင်အရဖြစ်သည်ဟု ဖြေရှင်းပြောဆိုခဲ့သည်။

လိုင်းဘစ်ချ်ကမူ အမျိုးသားအကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခဲ့ရပါက ၎င်းကဲ့သို့ လိင်အင်္ဂါခွဲစိတ်ပြောင်းလဲ ထားသူမျိုးကို ခွဲခြားဆက်ဆံခံရမည်ကို စိုးရိမ်သဖြင့် အမျိုးသမီးထောင်တွင် ကျခံရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

လိုင်းဘစ်ချ်နှင့်ပတ်သက်ပြီး ဝေဖန်သံများ ဆူညံလာခဲ့ပြီးနောက် လက်ရှိ ဂျာမန်အဓိပတိ ဖရိုင်းဒရစ်မာ့ဇ်သည် အိုလက်ဖ်ရှိုးဇ်လက်ထက် ပြဌာန်းခဲ့သော ဥပဒေကို ပြန်လည်သုံးသပ်မည်ဟု ကတိပြုခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#လိင်တူချစ်သူ
#ဆန့်ကျင်ရေးသမား
#နာဇီလက်သစ်ဝါဒီ
#မာလာဆဗန်ဂျာလိုင်းဘစ်ချ်
#လိင်အင်္ဂါပြောင်းလဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၁၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now