ကမ္ဘာ့သတင်း

ဧပြီလကတည်းက ပျောက်နေသည့် ကမ္ဘာ့ကြီးဆုံး ငါးမန်းဖြူကြီး အတ္တလန္တိတ်သမုဒ္ဒရာတွင် ပြန်ပေါ်လာ

မဲခေါင် 17 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၇ မှတ်တမ်းပြုစုနိုင်သမျှထဲ ကမ္ဘာ့အကြီးဆုံး ငါးမန်းဖြူကြီးအဖြစ် စံချိန်တင်မှတ်တမ်းဝင်ခဲ့သော “ပြိုင်ဘက်”ဟု အမည်ပေးထားသည့် ငါးမန်းဖြူကြီးသည် ဧပြီ ၂၃ ရက်က ခြေရာခံအချက်ပြစနစ်တွင် နောက်ဆုံးတည်နေရာ သိရပြီးနောက် ပျောက်ဆုံးသွားခဲ့ရာမှ ဇူလိုင် ၁၄ ရက်အရောက်မှ အတ္တလန္တိတ်သမုဒ္ဒရာ၊ မြောက်အမေရိက ကမ်းရိုးတန်းဒေသ၌ တစ်ဖန်ပြန်ပေါ်လာခဲ့သည်။ သုတေသနအဖွဲ့ OCEARCH သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ဖလော်ရီဒါပြည်နယ်၊ ဂျော်ဂျီယာကမ်းခြေမှ ၄၅ မိုင်အကွာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ပေါ်လာခဲ့သော ပေါင် ၁၇၀၀ အလေးချိန်ရှိ ငါးမန်းဖြူကြီးဆူး တောင်တွင် တည်နေရာအချက်ပြစနစ် တပ်ဆင်ပေးခဲ့ကာ Argos ဂြိုဟ်တုနှင့် ချိတ်ဆက်ပြီး မည်သည့်နေရာတွင် ရှိနေသည်ကို သိရှိစေခဲ့ခြင်းဖြစ်သည်။ သို့သော်

မဲခေါင်၊ ဇူလိုင် ၁၇

မှတ်တမ်းပြုစုနိုင်သမျှထဲ ကမ္ဘာ့အကြီးဆုံး ငါးမန်းဖြူကြီးအဖြစ် စံချိန်တင်မှတ်တမ်းဝင်ခဲ့သော “ပြိုင်ဘက်”ဟု အမည်ပေးထားသည့် ငါးမန်းဖြူကြီးသည် ဧပြီ ၂၃ ရက်က ခြေရာခံအချက်ပြစနစ်တွင် နောက်ဆုံးတည်နေရာ သိရပြီးနောက် ပျောက်ဆုံးသွားခဲ့ရာမှ ဇူလိုင် ၁၄ ရက်အရောက်မှ အတ္တလန္တိတ်သမုဒ္ဒရာ၊ မြောက်အမေရိက ကမ်းရိုးတန်းဒေသ၌ တစ်ဖန်ပြန်ပေါ်လာခဲ့သည်။

သုတေသနအဖွဲ့ OCEARCH သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ဖလော်ရီဒါပြည်နယ်၊ ဂျော်ဂျီယာကမ်းခြေမှ ၄၅ မိုင်အကွာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ပေါ်လာခဲ့သော ပေါင် ၁၇၀၀ အလေးချိန်ရှိ ငါးမန်းဖြူကြီးဆူး တောင်တွင် တည်နေရာအချက်ပြစနစ် တပ်ဆင်ပေးခဲ့ကာ Argos ဂြိုဟ်တုနှင့် ချိတ်ဆက်ပြီး မည်သည့်နေရာတွင် ရှိနေသည်ကို သိရှိစေခဲ့ခြင်းဖြစ်သည်။

သို့သော် ဧပြီ ၂၃ ရက်က မြောက်ကယ်ရိုလိုင်းနားပြည်နယ် အောက်တားဘန့်ကျွန်းအနီးရှိနေသည်ကို အချက်ပြစနစ်မှ နောက်ဆုံးဖမ်းယူသိရှိနိုင်ခဲ့ပြီးနောက် အချက်ပြစနစ် တွင် ထပ်မတွေ့ရတော့ပေ။

ငါးမန်းဖြူကြီး ပြိုင်ဘက်သည် ပင်လယ်ဖျံနှင့် ငါးကြီးများပေါပြီး ယခုလိုရာသီတွင် ပင်လယ်အပူချိန်အရ နေထိုင်ရအကောင်းဆုံးဖြစ်သည့် ကော့ဒ်အငူ သို့မဟုတ် ကနေဒါအတ္တလန္တိတ်ပင်လယ်ပြင်သို့ သွားရောက် ကျက်စားနေပြီဟု ထင်မြင်ခဲ့ကြသော်လည်း ဇူလိုင် ၁၄ ရက်က အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ပြန်လည်ပေါ်လာသည်ကို သိရှိခဲ့ရသည်။

ငါးမန်းဖြူကြီးတွင် တပ်ထားသည့် အချက်ပြစနစ်သည် ရေပေါ်သို့ အချိန်အခိုက်အတန့် အတိုင်းအတာတစ်ရပ်ဖြင့် ပေါ်လာမှသာ ဂြိုဟ်တုသတင်ပို့ခြင်းနှင့် တည်နေရာကို အတည်ပြုနိုင်ခြင်းဖြစ်ရာ ဇူလိုင် ၇ ရက်က အတည်မပြုနိုင်သော အားနည်းသည့် အချက်ပြစနစ်တစ်ကြိမ် ရခဲ့သော်လည်း နေရာမသိနိုင်ခဲ့ဘဲ ယခုမှ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာပင် ကျက်စားနေသေးသည်ကို အတည်ပြုနိုင်ခြင်းဖြစ်သည်ဟု OCEARCH သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။

မှတ်တမ်းထားရှိမှုအရ ငါးမန်းဖြူကြီး ပြိုင်ဘက်သည် နေရာအချက်ပြစနစ် တပ်ဆင်ပေးပြီးနောက် ကနေဒါနိုင်ငံ စိန့်လောရင့်စ်ပင်လယ်ကွေ့နှင့် ဖလော်ရီဒါအကြား မိုင် ၇၀၀၀ ကျော် ကူးခတ်သွားလာခဲ့သည်ဟု သိရှိခဲ့ရသည်။

ကိုကလင်း
Ref:thesun
#MeKongNews
#ကမ္ဘာ့ကြီးဆုံး
#ငါးမန်းဖြူကြီး
#အတ္တလန္တိတ်သမုဒ္ဒရာ
#ပြန်ပေါ်လာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now