ကမ္ဘာ့သတင်း

ဗင်နီဇွဲလားငလျင် သေဆုံးသူ ၂၃၅ ဦးရှိလာ၊ အသက်ရှင်ကျန်သူများကို အချိန်လု ကယ်ဆယ်ရေးလုပ်

မဲခေါင် 26 Jun - 2026
မဲခေါင်၊ ဇွန် ၂၆ ဗုဒ္ဓဟူးနေ့က ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်အနီး ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူအရေအတွက်သည် အနည်းဆုံး ၂၃၅ ဦး ရှိလာခဲ့ကာ ဒဏ်ရာရရှိသူလည်း အနည်းဆုံး ၄၃၀၀ ဦးသို့ ရောက်ရှိနေပြီး ကယ်ဆယ်ရေးအဖွဲ့များကလည်း အဆောက်အဦး အပျက်အစီးများအောက် ပိတ်မိနေသူများကို အချိန်လု၍ ကယ်ဆယ်ရေးလုပ်ဆောင်နေကြသည်။ မြို့တော် ကာရာကတ်စ်နှင့် အနီးအနားမှ လာဂွါအီရာ ကမ်းရိုးတန်းမြို့တွင် အဆောက်အဦးများအောက်တွင် ပိတ်မိနေသူများ၏ ကယ်ဆယ်‌ပေးရန် အော်ဟစ်တောင်းဆိုသံများ ကြားနေရကြောင်း သိရသည်။ ပြင်းအား ၇ ဒသမ ၂ ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် ထို့ထက် အင်အားပြင်းသည့် ၇ ဒသမ ၅ ငလျင် ထပ်မံ

မဲခေါင်၊ ဇွန် ၂၆

ဗုဒ္ဓဟူးနေ့က ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်အနီး ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူအရေအတွက်သည် အနည်းဆုံး ၂၃၅ ဦး ရှိလာခဲ့ကာ ဒဏ်ရာရရှိသူလည်း အနည်းဆုံး ၄၃၀၀ ဦးသို့ ရောက်ရှိနေပြီး ကယ်ဆယ်ရေးအဖွဲ့များကလည်း အဆောက်အဦး အပျက်အစီးများအောက် ပိတ်မိနေသူများကို အချိန်လု၍ ကယ်ဆယ်ရေးလုပ်ဆောင်နေကြသည်။

မြို့တော် ကာရာကတ်စ်နှင့် အနီးအနားမှ လာဂွါအီရာ ကမ်းရိုးတန်းမြို့တွင် အဆောက်အဦးများအောက်တွင် ပိတ်မိနေသူများ၏ ကယ်ဆယ်‌ပေးရန် အော်ဟစ်တောင်းဆိုသံများ ကြားနေရကြောင်း သိရသည်။

ပြင်းအား ၇ ဒသမ ၂ ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် ထို့ထက် အင်အားပြင်းသည့် ၇ ဒသမ ၅ ငလျင် ထပ်မံ လှုပ်ခတ်ခဲ့ကာ ဗဟိုချက်ကလည်း မြေတိမ်သော‌နေရာတွင် ဖြစ်ပေါ်ခဲ့သဖြင့် ပျက်စီးမှုများ ကြီးကျယ်သွားခဲ့ရသည်။

စာရင်းရရှိထားသော အရေအတွက်ထက် ပိုမိုများပြား‌သော လူများ သေဆုံးသွားသည်ဟု စိုးရိမ်နေကြပြီး နေအိမ်များပျက်စီးသွား၍ အိုးအိမ်မဲ့နေသူများကလည်း ပျက်စီးနေသော အဆောက်အအုံများတွင် ဝင်မနေရဲကြဘဲ လမ်းပေါ်မှာပင် အိပ်စက်နေကြသည်။

လူအများအပြား နေအိမ်တွင် ရှိနေသော အစိုးရ ရုံးပိတ်ရက် ညနေ ၆ နာရီ ၄ မိနစ်တွင် လှုပ်ခတ်ခဲ့သော ပထမငလျင်သည် မြေအောက် ၂၀ ဒသမ ၃ ကီလိုမီတာ၊ ပိုမိုအင်အားပြင်းသော ဒုတိယငလျင်က မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလား ကြားဖြတ်အစိုးရ သမ္မတ ဒယ်ဆီ ရိုဒရီဂွက်ဇ်က အရေးပေါ် အခြေအနေ ကြေညာထားပြီး နိုင်ငံအများအပြားကလည်း အကူအညီပေးမည်ဟု ပြောကြားကြသည်။

အမေရိကန်အစိုးရက ဒေါ်လာ သန်း ၁၅၀ ကူညီမည်ဟု ကတိပေးထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်သွားစေရန် သယ်ယူပို့ဆောင်ရေးသင်္ဘောများ၊ လေယာဉ်များ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ဘက်ကလည်း ထုတ်ပြန်ပြောကြားသည်။

အများအားဖြင့် လာဂွါအီရာ ကမ်းရိုးတန်းမြို့မှ ဖြစ်သော အဆောက်အဦး ၂၅၀ ခန့် ပျက်စီးသွားကြောင်း လွှတ်တော်ဥက္ကဌ ဂျော့ချ်ရိုဒရီဂွက်ဇ်က ပြောကြားသည်။

ဘီဘီစီ စိစစ်အတည်ပြုဌာနက စိစစ်ခဲ့ရာတွင်လည်း ဆယ်ထပ်ရှိသောဟိုတယ်တစ်လုံး အုတ်ပုံဘဝ ရောက်ရှိသွားပြီး ကြာသပတေးနေ့က ယင်းနေရာတွင် မိသားစုဝင်များက လာရောက်ရှာဖွေမှုလုပ်နေသည်ကို မြင်တွေ့ခဲ့ရသည်။

ရင်းနှီးသော သူငယ်ချင်းတစ်ယောက် သေဆုံးသွားကြောင်း အတည်ပြုထားပြီး အခြားသူငယ်ချင်းများက အပျက်အစီးများအောက် ရောက်နေသည်ဟု ယုံကြည်ရကြောင်း ကမ်းရိုးတန်းတွင် နေထိုင်သည်ဟု ၎င်းသိရှိထားသူ ၂၀ ဦးခန့် ပျောက်ဆုံးနေကြောင်း လူငယ်တစ်ဦးဖြစ်သူ ဟွမ်အော်တစ်က ပြောကြားသည်။

ကျနော် ထိတ်လန့် တုန်လှုပ်ပြီး ဘာမှ ကူညီမပေးနိုင်လို့လည်း စိတ်ပျက်နေပါတယ်”ဟု ကာရာကတ်စ်မြို့၌ ဆေးကျောင်းတက်နေသူ အော်တစ်က ဘီဘီစီ သတင်းဌာနကို ပြောကြားသည်။

အေးကျော်
Ref:BBC
#MeKongNews
#ဗင်နီဇွဲလားငလျင်
#သေဆုံးသူ
#အချိန်လု
#ကယ်ဆယ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now