မဲခေါင်၊ မေ ၁၅
အမေရိကန်၏ ရေနံနှင့် လောင်စာတင်သွင်းခွင့် ပိတ်ပင်ထားမှုကြောင့် ကျူးဘားနိုင်ငံတွင် ဒီဇယ်နှင့် လောင်စာဆီအားလုံး ပြတ်လပ်ကုန်ပြီဖြစ်ကြောင်း ကျူးဘားစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး ဗင်းဆင့်တီဒီလာအိုက အသိပေးခဲ့သည်။
နိုင်ငံရေးပဋိပက္ခကြောင့် ဒေါ်နယ်ထရမ့်သည် ကျူးဘားသို့ ရေနံနှင့်လောင်စာ တင်သွင်းခွင့်အား ပိတ်ဆို့ထား သည်မှာ ၄ လပြည့်မြောက်ခဲ့ပြီဖြစ်ရာ နိုင်ငံတစ်ဝန်းလုံး၏ လျှပ်စစ်ဓာတ်အားပေးနိုင်စွမ်း ဆိုးရွားစွာ ထိခိုက်ပြီး အမှောင်ကျနေရပြီဟု မေ ၁၄ ရက်တွင် ဗင်းဆင့်တီက အသိပေးခဲ့သည်။
ကျူးဘားနိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးစနစ်တွင် အဓိကအားဖြင့် ပြည်တွင်းထုတ်ကုန်များဖြစ်သော ရေနံစိမ်း၊ သဘာ၀ဓာတ်ငွေ့နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များကို သုံးစွဲခြင်းဖြစ်သော်လည်း ၄ လကြာ ရေနံ တင်သွင်းခွင့် ပိတ်ပင်ခံရမှုကြောင့် နိုင်ငံတစ်ဝန်း လျှပ်စစ်မီးမရသလောက် ဖြစ်နေပြီး ဟာဗားနားမြို့တွင် တစ်ရက် နာရီ ၂၀ ကျော်အထိ မီးမရဘဲ ဖြစ်နေသည်။
လျှပ်စစ်စွမ်းအင်ကဏ္ဍအလုံးစုံ ပြတ်တောက်လာပြီ ဖြစ်သောကြောင့် ရေနံတင် သွင်းခွင့်အတွက် အမေရိကန်နှင့် ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်လိုသည်ဟု ဝန်ကြီး ဗင်းဆင့်တီက ဖွင့်ဟလာသော်လည်း အီရန်စစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ထားမှု ပဋိပက္ခကြောင့် ရေနံစိမ်းစျေးနှုန်းများ အလွန်မြင့်တက်နေသလို ရရှိနိုင်ရန်မှာပင် မှန်းဆမရသဖြင့် ကျူးဘားနိုင်ငံ အမှောင်ဆက်ကျနေဦးမည်ဟု သုံးသပ်နေကြသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#အမေရိကန်
#ပိတ်ဆို့မှု
#ကျုးဘား
#လောင်စာဆီ
#လက်ကျန်ပြတ်








