နိုင်ငံတကာသတင်း

မြန်မာတိုက်ပွဲများ ထိုင်းဘက်ခြမ်းသို့ မထိခိုက်စေရန် ထိုင်းဝန်ကြီးချုပ် သတိပေး

မဲခေါင် 22 Apr - 2026
မဲခေါင်၊ ဧပြီ ၂၂ ထိုင်း – မြန်မာနယ်စပ်တစ်လျှောက် နေထိုင်ကြသော ထိုင်းပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်ကြောင်း ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ အနုတင် ချာန်ဗီရာကူးလ်က ထုတ်ဖော်ပြောကြားခဲ့ပြီး နယ်စပ်တစ်ဖက်ခြမ်းရှိ မြန်မာတိုက်ပွဲများ ထိုင်းနိုင်ငံအတွင်းသို့ ကူးစက်သက်ရောက်မှု မရှိစေရန် ယနေ့တွင် သတိပေးလိုက်သည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်လုံခြုံရေး စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ပုံမှန်အစည်းအဝေးတစ်ခု ပြုလုပ်ကာ ညွှန်ကြားချက် အမြောက်အမြား ထုတ်ပြန်ခဲ့ကြောင်း အနုတင်က ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၌ ပြောဆိုခဲ့သည်။ ၎င်းအနေဖြင့် လက်ရှိအခြေအနေ အားလုံးအပေါ် စိုးရိမ်ပူပန်မှုရှိကြောင်းလည်း ဆိုသည်။ ထိုင်းပိုင်နက်အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့်

မဲခေါင်၊ ဧပြီ ၂၂

ထိုင်း – မြန်မာနယ်စပ်တစ်လျှောက် နေထိုင်ကြသော ထိုင်းပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်ကြောင်း ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ အနုတင် ချာန်ဗီရာကူးလ်က ထုတ်ဖော်ပြောကြားခဲ့ပြီး နယ်စပ်တစ်ဖက်ခြမ်းရှိ မြန်မာတိုက်ပွဲများ ထိုင်းနိုင်ငံအတွင်းသို့ ကူးစက်သက်ရောက်မှု မရှိစေရန် ယနေ့တွင် သတိပေးလိုက်သည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်လုံခြုံရေး စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ပုံမှန်အစည်းအဝေးတစ်ခု ပြုလုပ်ကာ ညွှန်ကြားချက် အမြောက်အမြား ထုတ်ပြန်ခဲ့ကြောင်း အနုတင်က ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၌ ပြောဆိုခဲ့သည်။

၎င်းအနေဖြင့် လက်ရှိအခြေအနေ အားလုံးအပေါ် စိုးရိမ်ပူပန်မှုရှိကြောင်းလည်း ဆိုသည်။

ထိုင်းပိုင်နက်အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ထိခိုက်ရသည့် ဒေသခံများနှင့် ပတ်သက်၍ မေးမြန်းရာတွင် တာဝန်ရှိသူများအနေဖြင့် သံတမန်ရေးရာ ချဉ်းကပ်မှုများ အပါအဝင် ရရှိနိုင်သည့် လမ်းကြောင်းအားလုံးမှတစ်ဆင့် တုံ့ပြန်ဆောင်ရွက်နေပြီး ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက် လုပ်ဆောင်ချက်များကိုလည်း ချမှတ်ထားကြောင်း ၎င်းက ဖြေကြားခဲ့သည်။

ယင်းဖြစ်စဉ်များသည် ပြည်တွင်းတိုက်ပွဲများ၏ အစိတ်အပိုင်းသာဖြစ်ပြီး ထိုင်းပိုင်နက်ကို ရည်ရွယ်ချက်ရှိရှိ ကျူးကျော်ခြင်း မဟုတ်ကြောင်း မြန်မာအာဏာပိုင်များဘက်ကလည်း အတည်ပြု ပြောကြားခဲ့သည်ဟု ၎င်းက ဆက်လက် ဆိုသည်။

“ကျနော်တို့ဘက်က ဒါကို လက်ခံမှာ မဟုတ်ပါဘူး။ တိုက်ပွဲတွေ ဖြစ်မယ်ဆိုရင် သူတို့ဘက်မှာပဲ ဖြစ်ကြ။ ကျနော်တို့နိုင်ငံကို ထိခိုက်မှု လုံးဝ မရှိစေရဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

သီးခြားဖြစ်စဉ်တစ်ခုအနေဖြင့် ဧပြီ ၂၀ ရက် နံနက် ၁၁ နာရီခန့်တွင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဖွင့်လှစ်ထားသော ဆေးရုံတစ်ရုံနှင့် အနီးနားရှိ အရပ်သားနေအိမ်များကို မြန်မာလေတပ်က Yak-130 နှင့် MiG-29 တိုက်လေယာဉ်များ အသုံးပြုကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု ဖြစ်ပွားရာနေရာသည် ထိုင်းနယ်စပ်နှင့် မီတာ ၅၀၀ ခန့်သာ ကွာဝေးသည့်နေရာတွင် တည်ရှိသည်။

ဗုံးသီးတစ်လုံးသည် ထိုင်းနိုင်ငံဘက်ခြမ်း၊ သံလွင်မြစ်ကြောင်းရှိ ဘန်မဲဝမ်ကျေးရွာအနီးသို့ ကျရောက်ခဲ့သဖြင့် ဒေသခံ ထိုင်းပြည်သူများအကြား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပွားခဲ့ပြီး ဘေးလွတ်ရာသို့ ကြောက်လန့်တကြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

Ref: Khaosod
#MeKongNews
#မြန်မာတိုက်ပွဲ
#ထိုင်းဘက်ခြမ်း
#ထိုင်းဝန်ကြီးချုပ်
#သတိပေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now