ကမ္ဘာ့သတင်း

ဒုံးကျည်ပစ်စင်များ ဖြည့်တင်းမှု စစ်ပွဲမတိုင်ခင်ကထက် ပိုမြန်လာကြောင်း အီရန်ပြော

မဲခေါင် 20 Apr - 2026
မဲခေါင်၊ ဧပြီ ၂၀ အပစ်ရပ် သီတင်း ၂ ပတ်အတွင်း ဒုံးကျည်နှင့်ဒရုန်းပစ်လွှတ်စင်များကို အီရန်၏ ပြန်လည်ဖြည့်တင်းနိုင်စွမ်းသည် စစ်ပွဲမတိုင်ခင်ကထက် ပိုမိုမြန်ဆန်လာခဲ့သည်ဟု အီရန်စစ်ဘက် ထိပ်တန်းကွပ်ကဲရေးမှူးတစ်ဦးက ပြောသည်။ အစားထိုးထားသော ဒုံးကျည်ပစ်လွှတ်စင်များ ၊ ဒရုန်းလွှတ်ကိရိယာများအား ရိုက်ကူးထားသော ဗီဒီယိုတစ်ခုကို UpScrolled လူမှုမီဒီယာပေါ်တွင် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ လေကြောင်းနှင့်အာကာသတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆီရက်မာဂျစ်မူဆာဗီက ယမန်နေ့တွင် တင်ထားခဲ့သည်။ အီရန်နိုင်ငံ ၏ ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်စင်များကို ပြန်လည် ထုတ်လုပ်၊ အဆင့်မြှင့်တင်နိုင်စွမ်းသည် စစ်ပွဲမတိုင်မီကထက်ပင် မြန်ဆန်လာခဲ့ကြောင်းနှင့် အပစ်ရပ်ကာလအတွင်း ရန်သူ့ဘက်က အလားတူ အခြေအနေမျိုးကို မဖန်တီးနိုင်ကြောင်း မူဆာဗီက ဗီဒီယိုထဲတွင် ပြောကြားသည်။ ဧပြီ ၁၁

မဲခေါင်၊ ဧပြီ ၂၀

အပစ်ရပ် သီတင်း ၂ ပတ်အတွင်း ဒုံးကျည်နှင့်ဒရုန်းပစ်လွှတ်စင်များကို အီရန်၏ ပြန်လည်ဖြည့်တင်းနိုင်စွမ်းသည် စစ်ပွဲမတိုင်ခင်ကထက် ပိုမိုမြန်ဆန်လာခဲ့သည်ဟု အီရန်စစ်ဘက် ထိပ်တန်းကွပ်ကဲရေးမှူးတစ်ဦးက ပြောသည်။

အစားထိုးထားသော ဒုံးကျည်ပစ်လွှတ်စင်များ ၊ ဒရုန်းလွှတ်ကိရိယာများအား ရိုက်ကူးထားသော ဗီဒီယိုတစ်ခုကို UpScrolled လူမှုမီဒီယာပေါ်တွင် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ လေကြောင်းနှင့်အာကာသတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆီရက်မာဂျစ်မူဆာဗီက ယမန်နေ့တွင် တင်ထားခဲ့သည်။

အီရန်နိုင်ငံ ၏ ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်စင်များကို ပြန်လည် ထုတ်လုပ်၊ အဆင့်မြှင့်တင်နိုင်စွမ်းသည် စစ်ပွဲမတိုင်မီကထက်ပင် မြန်ဆန်လာခဲ့ကြောင်းနှင့် အပစ်ရပ်ကာလအတွင်း ရန်သူ့ဘက်က အလားတူ အခြေအနေမျိုးကို မဖန်တီးနိုင်ကြောင်း မူဆာဗီက ဗီဒီယိုထဲတွင် ပြောကြားသည်။

ဧပြီ ၁၁ ရက်တွင် အပစ်အခတ်ရပ်စဲမှု စတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်သည် ကမ္ဘာ့အခြားတစ်ဖက်မှ လက်နက်များကို နည်းနည်းပါးပါးသာ သယ်ယူနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

“သူတို့က စစ်ပွဲ ဒီအဆင့်ကိုလည်း ရှုံးနိမ့်သွားပါတယ်။ သူတို့က ရေလက်ကြားကိုလည်း ဆုံးရှုံးခဲ့ပါတယ်။ လက်ဘနွန်ကိုလည်း ဆုံးရှုံးခဲ့ပါတယ်။ သူတို့က ဒေသတစ်ခုလုံးကို ဆုံးရှုံးသွားပါတယ်” ဟု အီရန် တပ်မှူးက ပြောသည်။

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အ‌ပေါ် သီတင်းပတ်များစွာကြာ ဆင်နွဲခဲ့သော စစ်ပွဲကြောင့် အီရန်၏ မဟာဗျူဟာမြောက် စွမ်းပကားများ အားနည်းသွားခဲ့ကြောင်း သတင်းများက ဖော်ပြနေကြချိန်တွင် အီရန်ဗိုလ်ချုပ်ကြီး၏ ပြောစကားများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အီရန်၏ ဒုံးကျည်စွမ်းရည်များသည် အားဖြည့်ကွန်ကရစ်များဖြင့် တည်ဆောက်ထားသည့် ကျယ်ပြန့်သော မြေအောက် သိုလှောင်ရေးကွန်ရက်အပေါ် အားပြုထားကြောင်း နှင့် ယင်းကွန်ရက်များမှာ အများအားဖြင့် မြေပြင်ပေါ်မှ ဗုံးကြဲတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိပြီး ပျက်စီးမှု မရှိကြောင်း အမေရိကန် ထောက်လှမ်းရေး သတင်းရင်းမြစ်များကို ကိုးကား၍ ဝေါလ်စထရိဂျာနယ်က ပြီးခဲ့သည့်သီတင်းပတ်တွင် သတင်းဖော်ပြခဲ့သည်။

မြေအောက် သိုလှောင်ရေးစခန်းများနှင့် ဖုံးကွယ်ထားသောနေရာများမှ ဆွဲထုတ်လာနိုင်သော တာလတ် နှင့် တာတိုပစ် ဒုံးကျည် ထောင်ပေါင်းများစွာကို အီရန်က ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း ဂျာနယ်သတင်းက ဆက်ပြောသည်။

အေးကျော်
Ref: Press TV
#MeKongNews
#ဒုံးကျည်ပစ်စင်
#ဖြည့်တင်းမှု
#ပိုမြန်
#အီရန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now