နိုင်ငံတကာသတင်း

ပြည်တွင်းစွမ်းအင် ထောက်ပံ့မှုကွင်းဆက်တည်ငြိမ်‌‌ရေး ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီ ထုတ်လုပ်မှု တိုးမြှင့်

မဲခေါင် 20 Mar - 2026
မဲခေါင်၊ မတ် ၂၀ စွမ်းအင်နှင့် ရေနံဓာတုထုတ်ကုန်များကို ထိုင်းနိုင်ငံသားများ ရရှိမှု အဆက်ပြတ်မသွားစေရန် ထိုင်းအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ – PTT အုပ်စုက လုပ်ငန်းများကို ရာနှုန်းပြည့် လည်ပတ်နေကြောင်း သိရသည်။ ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်းမှ ရေနံစိမ်းများ လုံလောက်စွာရရှိရေး လုပ်ဆောင်ထားနိုင်ကြောင်းနှင့် ပြည်တွင်းက လိုအပ်သည့် လောင်စာဆီနှင့် ရေနံဓာတုပစ္စည်းများ ဖြည့်ဆည်းနိုင်ရန် ရာနှုန်းပြည့်ထက် ပိုမိုလည်ပတ်နေကြောင်း PTT က ပြောကြားသည်။ လက်လီရောင်းချသော လုပ်ငန်းရှင်များနှင့် ဓာတ်ဆီဆိုင်များက လိုအပ်သော ထုတ်ကုန်များကို ထောက်ပံ့ပေးနိုင်ရန် PTT ရေနံချက်စက်ရုံများက စွမ်းအားပြည့် လည်ပတ်နေသည်။ ထို့ပြင် လက်လီရောင်းချသူများက ဓာတ်ဆီဆိုင်များတွင် သွား၍ ဆီဖြည့်စရာမလိုအောင် လက်လီဈေးနှုန်းများနှင့် ဓာတ်ဆီဆိုင်‌

မဲခေါင်၊ မတ် ၂၀

စွမ်းအင်နှင့် ရေနံဓာတုထုတ်ကုန်များကို ထိုင်းနိုင်ငံသားများ ရရှိမှု အဆက်ပြတ်မသွားစေရန် ထိုင်းအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ – PTT အုပ်စုက လုပ်ငန်းများကို ရာနှုန်းပြည့် လည်ပတ်နေကြောင်း သိရသည်။

ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်းမှ ရေနံစိမ်းများ လုံလောက်စွာရရှိရေး လုပ်ဆောင်ထားနိုင်ကြောင်းနှင့် ပြည်တွင်းက လိုအပ်သည့် လောင်စာဆီနှင့် ရေနံဓာတုပစ္စည်းများ ဖြည့်ဆည်းနိုင်ရန် ရာနှုန်းပြည့်ထက် ပိုမိုလည်ပတ်နေကြောင်း PTT က ပြောကြားသည်။

လက်လီရောင်းချသော လုပ်ငန်းရှင်များနှင့် ဓာတ်ဆီဆိုင်များက လိုအပ်သော ထုတ်ကုန်များကို ထောက်ပံ့ပေးနိုင်ရန် PTT ရေနံချက်စက်ရုံများက စွမ်းအားပြည့် လည်ပတ်နေသည်။

ထို့ပြင် လက်လီရောင်းချသူများက ဓာတ်ဆီဆိုင်များတွင် သွား၍ ဆီဖြည့်စရာမလိုအောင် လက်လီဈေးနှုန်းများနှင့် ဓာတ်ဆီဆိုင်‌ ဈေးနှုန်းများ ကွာဟမှု မရှိစေရန်လည်း ထိန်းညှိထားသည်။

ထို့ကြောင့် ရေနံချက်စက်ရုံများသည် နိုင်ငံအတွက် အလွန်အရေးပါသော အခြေခံ အဆောက်အအုံများဖြစ်ကြောင်း PTT က ပြောကြားပြီး ၎င်းတို့က ရေနံစိမ်း တင်သွင်းခြင်းသာမက ရေနံစိမ်းအား ဒီဇယ်ဆီ၊ လေယာဉ်ဆီ၊ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့အရည်များအဖြစ် ပြောင်းလဲသည့်အပြင် ရေနံဓာတုစက်ရုံများက ကော်စေ့များ ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းများကိုလည်း ထုတ်လုပ်ပေးကြောင်း ကုမ္ပဏီက ဆက်ပြောသည်။

လက်ရှိတွင် PTT အုပ်စုပိုင် ရေနံချက်စက်ရုံများသည် ၁၀၉ ရာခိုင်နှုန်း လည်ပတ်နေကာ ဒီဇယ်ဆီကို ၇ ရာခိုင်နှုန်း တိုးမြှင့်ထုတ်လုပ်ကြောင်း သိရသည်။

အမျိုးသားစီးပွားရေး မှန်မှန်ကန်ကန် လုံခြုံမှုရှိစွာ ရှေ့သို့ချီတက်နိုင်ရေး အစိုးရ၏ မူဝါဒကို ပါဝင်ဖြည့်ဆည်းပေးရန် မိမိတို့ကုမ္ပဏီက အသင့်ရှိကြောင်း PTT က ဆက်လက် ပြောကြားသည်။

အေးကျော်
Ref: The Nation
#MeKongNews
#ပြည်တွင်းစွမ်းအင်
#ထောက်ပံ့မှုကွင်းဆက်
#တည်ငြိမ်‌‌ရေး
#PTT

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now