နိုင်ငံတကာသတင်း

ကျိုင်းတုံတွင် (၆၃၉) ခုနှစ်မြောက် “စော်ဘွားဈေးနေ့” ကျင်းပ

မဲခေါင် 10 Mar - 2026
မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ သမိုင်းဝင်ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သော (၆၃၉) ခုနှစ်မြောက် ကတ်ကောဝ် (ခေါ်) ဈေးဟောင်းနေ့ (သို့မဟုတ်) စော်ဘွားဈေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ မတ်လ ၁၀ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ကျိုင်းတုံမြို့တွင် တစ်နှစ်လျှင် တစ်ရက်သာ “စော်ဘွားဈေးနေ့” အဖြစ် သတ်မှတ်ခင်းကျင်းရောင်းချလေ့ရှိပြီး၊ ထိုနေ့တွင် ကျိုင်းတုံမြို့မဈေးကြီးကို ပိတ်ထားကာ ဈေးသည်အားလုံး စော်ဘွားဈေးနေရာသို့ လာရောက်ရောင်းချကြခြင်းဖြစ်သည်။ ယနေ့ မတ်လ ၁၀ ရက် (တပေါင်းလဆုတ် ၈ ရက်၊ အင်္ဂါနေ့) သည် ငါးရက်တစ်ဈေးဖြစ်သော ကတ်တောင်ဈေးနေ့နှင့် တိုက်ဆိုင်နေသဖြင့် ကျင်းပရေးအဖွဲ့က ယခုရက်ကို ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ စော်ဘွားဈေးနေ့ကို

မဲခေါင်၊ မတ် ၁၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ သမိုင်းဝင်ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သော (၆၃၉) ခုနှစ်မြောက် ကတ်ကောဝ် (ခေါ်) ဈေးဟောင်းနေ့ (သို့မဟုတ်) စော်ဘွားဈေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ မတ်လ ၁၀ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုင်းတုံမြို့တွင် တစ်နှစ်လျှင် တစ်ရက်သာ “စော်ဘွားဈေးနေ့” အဖြစ် သတ်မှတ်ခင်းကျင်းရောင်းချလေ့ရှိပြီး၊ ထိုနေ့တွင် ကျိုင်းတုံမြို့မဈေးကြီးကို ပိတ်ထားကာ ဈေးသည်အားလုံး စော်ဘွားဈေးနေရာသို့ လာရောက်ရောင်းချကြခြင်းဖြစ်သည်။

ယနေ့ မတ်လ ၁၀ ရက် (တပေါင်းလဆုတ် ၈ ရက်၊ အင်္ဂါနေ့) သည် ငါးရက်တစ်ဈေးဖြစ်သော ကတ်တောင်ဈေးနေ့နှင့် တိုက်ဆိုင်နေသဖြင့် ကျင်းပရေးအဖွဲ့က ယခုရက်ကို ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

စော်ဘွားဈေးနေ့ကို များသောအားဖြင့် တပေါင်းလဆုတ် “စုံ” ဂဏန်းရက်များဖြစ်သည့် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ကျရောက်ပါက ရွေးချယ်ကျင်းပလေ့ရှိကြောင်း သိရသည်။

“အမှန်က ဈေးဟောင်းနေ့ပါ။ ဒီနေရာကဈေးကို မြို့မဈေးကြီးဆီ ပြောင်းဖွင့်ထားလို့ ဈေးဟောင်းနေရာလို့ ခေါ်တာပါ။ စော်ဘွားဈေးလို့ အမည်တွင်လာတာကတော့ စော်ဘွား စောဝ်ကျစ်ပ်ပန်းတူ လက်ထက်မှာ ဒီနေရာကို အောင်မြေအဖြစ် သတ်မှတ်ပြီး စစ်ထွက်တိုင်း နတ်ကွန်းကို ဂါရဝပြုရာကနေ စော်ဘွားဈေးလို့ ခေါ်လာကြတာပါ” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။

စော်ဘွားဈေး၏ သမိုင်းကြောင်းမှာ သက္ကရာဇ် (၇၃၀) ခုနှစ်၊ အေဒီ (၁၃၆၈) ခုနှစ် စော်ဘွား စောဝ်ကျစ်ပ်ပန်းတူ (ခေါ်) စောဝ်သတ္တဗန္တုရာဇာ လက်ထက်မှ စတင်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ယခု အောင်မြေနတ်နန်း ဝန်းကျင်နေရာကို “အောင်မြေ” ဟု သတ်မှတ်ထားပြီး၊ စော်ဘွားများ ခရီးထွက်လျှင်သော်လည်းကောင်း၊ စစ်ထွက်လျှင်သော်လည်းကောင်း ဤဈေးနယ်မြေတွင် ၂ ည၊ ၃ ည အိပ်စက်နားနေကာ မှူးမတ်စစ်သည်များကို ရာထူးချီးမြှင့်ခြင်းနှင့် အင်အားစုဆောင်းခြင်းများ ပြုလုပ်ပြီးမှ ထွက်ခွာလေ့ရှိကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ယင်းဈေးနေ့ကို နှစ်စဉ် လွိုင်မွေလမ်းရှိ ကျိန်းကျန်ဈေးတန်းကြီးလမ်း၊ တာယောလမ်း၊ ပါလျံတံခါးလမ်းဆုံမှတစ်ဆင့် ကျိန်းလန်းလမ်းအကွေ့အထိ ခင်းကျင်းရောင်းချကြသည်။

“စော်ဘွားဈေးနေ့” သည် ကျိုင်းတုံမြို့၏ ထူးခြားသော ဝိသေသတစ်ခုဖြစ်သဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားမှုရှိကြသည်။ ထိုနေ့တွင် ဈေးလာသူအားလုံး မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပြီး ဈေးအတွင်းမှ ပစ္စည်းများဝယ်ယူပါက စီးပွားရေး၊ ကျန်းမာရေး ကောင်းမွန်သည်ဟု ယူဆကြသဖြင့် ကလေးငယ်များမှအစ သက်ကြီးရွယ်အိုများအဆုံး စည်ကားလှပစွာ လာရောက်ဝယ်ယူလေ့ရှိကြသည်။

#MeKongNews
#ကျိုင်းတုံ
#စော်ဘွားဈေးနေ့
#ကတ်ကောဝ်
#ဈေးဟောင်းနေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now