ကမ္ဘာ့သတင်း

တီဟီရန်မြို့ကြီး မီးလျှံမြစ်ထဲ ရောက်သဖွယ် အက်ဆစ်မိုးများ ရွာမည်ကိုပင် သတိပေးချက် ထုတ်ပြန်နေရ

မဲခေါင် 8 Mar - 2026
မဲခေါင်၊ မတ် ၈ အီရန်မြို့တော် တီဟီရန်ရှိ အဓိက ရေနံသိုလှောင်ရုံကြီး ရှာဟရန်ကို ယမန်နေ့ညတွင် အမေရိကန်နှင့်အစ္စရေးက လေကြောင်းတိုက် ခိုက်မှုများ တိုက်ရိုက်လုပ်ဆောင်သ ဖြင့် တီဟီရန်မြို့ မီးလျှံမြစ်ကြီးအတွင်း ရောက်ရှိသကဲ့သို့ မီးဟုန်းဟုန်း တောက်လောင်ခဲ့သည်။ ရှာဟရန် ရေနံသိုလှောင်ရုံကြီးသည် တီဟီရန်မြို့နေထိုင်သူ ၉ သန်းကျော်အတွက် ဓာတ်ဆီများအသုံးပြုရန် သိုလှောင်ထားရာ ပင်မဗဟိုချက်ဖြစ်ကာ အီရန်ကို ၉ ရက်မြောက် တိုက်ခိုက်မှုတွင် အစ္စ ရေးသည် အဓိက ရေနံနှင့် လောင် စာသိုလှောင်ရုံများကို ပစ်ခတ်ထား တိုက်ခိုက်ခဲ့သဖြင့် မိလ္လာရေဆိုးပိုက်များ တစ် လျှောက်ပါ လောင်စာများစိမ့်ဝင်ပြီး မီးများနေရာအနှံ့ လောင်ကျွမ်းနေသဖြင့် တီဟီရန်မြို့ကြီး မီးလျှံမြစ် (river of fire)ထဲ

မဲခေါင်၊ မတ် ၈

အီရန်မြို့တော် တီဟီရန်ရှိ အဓိက ရေနံသိုလှောင်ရုံကြီး ရှာဟရန်ကို ယမန်နေ့ညတွင် အမေရိကန်နှင့်အစ္စရေးက လေကြောင်းတိုက် ခိုက်မှုများ တိုက်ရိုက်လုပ်ဆောင်သ ဖြင့် တီဟီရန်မြို့ မီးလျှံမြစ်ကြီးအတွင်း ရောက်ရှိသကဲ့သို့ မီးဟုန်းဟုန်း တောက်လောင်ခဲ့သည်။

ရှာဟရန် ရေနံသိုလှောင်ရုံကြီးသည် တီဟီရန်မြို့နေထိုင်သူ ၉ သန်းကျော်အတွက် ဓာတ်ဆီများအသုံးပြုရန် သိုလှောင်ထားရာ ပင်မဗဟိုချက်ဖြစ်ကာ အီရန်ကို ၉ ရက်မြောက် တိုက်ခိုက်မှုတွင် အစ္စ ရေးသည် အဓိက ရေနံနှင့် လောင် စာသိုလှောင်ရုံများကို ပစ်ခတ်ထား တိုက်ခိုက်ခဲ့သဖြင့် မိလ္လာရေဆိုးပိုက်များ တစ် လျှောက်ပါ လောင်စာများစိမ့်ဝင်ပြီး မီးများနေရာအနှံ့ လောင်ကျွမ်းနေသဖြင့် တီဟီရန်မြို့ကြီး မီးလျှံမြစ် (river of fire)ထဲ ရောက်သွားရပြီဟု မျက် မြင်သက်သေများက ပြောဆိုနေကြသည်။

လောင်စာများသည် ရေဆိုးမြောင်းပိုက်များ အားလုံးထဲအထိ စိမ့်ဝင်ကာ မြို့လယ်ခေါင်သာမက မြို့စွန် ဆင်ခြေဖုံးများတွင်ပါ မီးမြစ်များသဖွယ် လောင်ကျွမ်းကာ ပင်မသိုလှောင်ရုံများ ပေါက်ကွဲစဉ် မီးလုံးကြီးများသည် ကောင်းကင်တစ်ခုလုံးအား ငရဲမိုးများရွာနေသကဲ့သို့ နီရဲလောင်ကျွမ်းနေသည်ဟုလည်း ပြောဆိုနေကြသည်။

တစ်ညလုံး နာရီပေါင်းများစွာ ကောင်းကင်ယံအထိ မီးလုံးကြီးများ ထပ်ကာထပ်ကာ ပေါက်ကွဲလောင်မြိုက်နေကာ အီရန် အာဏာပိုင်များက မလိုအပ်ဘဲ အိမ်အပြင်သို့ မထွက်ကြရန်နှင့် လေထုညစ်ညမ်းလွန်းနေပြီး အ သက်ရှူလမ်းကြောင်းဆိုင်ရာ ဝေ ဒနာများ ခံစားရမည်ဟု သတိပေး ချက်ထုတ်ပြန်ခဲ့သည်။

အီရန် လခြမ်းနီအဖွဲ့ကလည်း လောင်စာလှောင်ကန်များ ပေါက် ကွဲခြင်းကြောင့် အက်ဆစ်မိုးများရွာချနိုင်ပြီး ထိုအက်ဆစ်မိုးများသည် အရေပြားနှင့် အဆုတ်ကို ပျက်စီးစေနိုင်ကြောင်း အထူးသတိပေးချက်များ ထုတ်ပြန်နေသည်။

တီဟီရန်မြို့မြောက်ပိုင်းရှိ ရှာဟရန် လောင်စာသိုလှောင်ရုံကြီး မီး လောင်နေမှုမှာ ယနေ့ မတ် ၈ ရက် နံနက်ပိုင်း အထိ မငြှိမ်းသတ်နိုင်သေးဘဲ ၁၂ နာရီကျော်ကြာ လောင်ကျွမ်းနေခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကိုအရှေ့အလယ်ပိုင်းမှ အရှုံးသမားဟုဆိုကာ ပိုမိုပြင်းထန်စွာ နာကျင်စေမည်ဖြစ်ပြီး စစ် ပွဲကို ၎င်းတို့ အနိုင်ရပြီးဖြစ်ပြီး ငရဲတွင်းအထိ ဆက်ပို့သွားမည်ဟု ကြုံးဝါးပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#တီဟီရန်
#မီးလျှံမြစ်
#အက်ဆစ်မိုး
#သတိပေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now