နိုင်ငံတကာသတင်း

ထိုင်းစက်သုံးဆီတင်ပို့မှု ယာယီရပ်ဆိုင်းသော်လည်း မြန်မာနှင့် လာအိုကိုမူ ကင်းလွတ်ခွင့်ပြု

မဲခေါင် 6 Mar - 2026
မဲခေါင်၊ မတ် ၆ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် ဝန်ကြီးချုပ် အနုတင်က စက်သုံးဆီနှင့် ဓာတ်ငွေ့ (LPG) တင်ပို့မှုကို ယာယီပိတ်ပင်ရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထိုင်းအစိုးရပြန်တမ်းတွင် ယနေ့ (မတ်လ ၆ ရက်) ၌ ဖော်ပြခဲ့သော အမိန့်အမှတ် ၂/၂၀၂၆ အရ ဓာတ်ဆီ၊ ဂတ်ဆိုဟော၊ ဒီဇယ်နှင့် လေယာဉ်ဆီ (Jet A1) အပါအဝင် LPG ဓာတ်ငွေ့များကို ပြည်ပသို့ တင်ပို့ခြင်းကို ချက်ချင်းရပ်ဆိုင်းရန် ညွှန်ကြားထားသည်။ ယင်းကန့်သတ်ချက်သည် နောက်ထပ် အကြောင်းကြားစာ ထုတ်ပြန်ခြင်းမရှိမချင်း အတည်ဖြစ်မည်ဟု ဆိုသည်။ အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား

မဲခေါင်၊ မတ် ၆

အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် ဝန်ကြီးချုပ် အနုတင်က စက်သုံးဆီနှင့် ဓာတ်ငွေ့ (LPG) တင်ပို့မှုကို ယာယီပိတ်ပင်ရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုင်းအစိုးရပြန်တမ်းတွင် ယနေ့ (မတ်လ ၆ ရက်) ၌ ဖော်ပြခဲ့သော အမိန့်အမှတ် ၂/၂၀၂၆ အရ ဓာတ်ဆီ၊ ဂတ်ဆိုဟော၊ ဒီဇယ်နှင့် လေယာဉ်ဆီ (Jet A1) အပါအဝင် LPG ဓာတ်ငွေ့များကို ပြည်ပသို့ တင်ပို့ခြင်းကို ချက်ချင်းရပ်ဆိုင်းရန် ညွှန်ကြားထားသည်။ ယင်းကန့်သတ်ချက်သည် နောက်ထပ် အကြောင်းကြားစာ ထုတ်ပြန်ခြင်းမရှိမချင်း အတည်ဖြစ်မည်ဟု ဆိုသည်။

အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးတွင် အဓိကကျသော ပါရှန်းကွေ့နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) လမ်းကြောင်းများတွင် အခက်အခဲများ ကြုံတွေ့နေရသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ၏ စက်သုံးဆီဖူလုံရေးအတွက် ၁၉၇၃ ခုနှစ် စက်သုံးဆီပြတ်လပ်မှု ကာကွယ်ရေးအက်ဥပဒေအရ ယခုကဲ့သို့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း အစိုးရက ရှင်းလင်းထားသည်။

ယခုထုတ်ပြန်လိုက်သော ပိတ်ပင်မှုတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာနှင့် လာအိုနိုင်ငံများသို့ စက်သုံးဆီ တင်ပို့ခြင်းကိုမူ ကင်းလွတ်ခွင့်ပြုထားကြောင်း အမိန့်စာတွင် အတိအလင်း ဖော်ပြထားသည်။

ထို့အပြင် ပြန်လည်တင်ပို့ရန် (Re-export) အတွက် အကောက်ခွန်လွတ်ဇုန်များတွင် သိမ်းဆည်းထားသော ဆီများနှင့် ပြည်တွင်းအရည်အသွေးစံနှုန်းမမီသော ဆီများကိုလည်း တင်ပို့ခွင့် ဆက်လက်ပေးထားသည်။

ထိုင်းနိုင်ငံ၏ ယခုလုပ်ဆောင်ချက်သည် ပြည်တွင်းစက်သုံးဆီဖူလုံရေးကို အဓိကထားခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံသို့ ဆက်လက်တင်ပို့ခွင့်ပေးထားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် စက်သုံးဆီလိုအပ်ချက်အပေါ် ရိုက်ခတ်မှုမရှိနိုင်ကြောင်း သုံးသပ်ထားသည်။

Ref: Khaosod English
#MeKongNews
#ထိုင်းနိုင်ငံ
#စက်သုံးဆီ
#မြန်မာ
#လာအိုနိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now