မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
ယနေ့နံနက်ပိုင်းက အစ္စရေးနိုင်ငံက ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှုများတွင် အီရန်နိုင်ငံ၏ ဘာသာရေးနှင့် နိုင်ငံရေး အမြင့်ဆုံးခေါင်းဆောင် အယာတိုလာအလီခါမေနီနှင့် သမ္မတ အပါအဝင် ထိပ်သီးခေါင်းဆောင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဆင်ရေးအကြောင်း နီးစပ်စွာသိရှိသည့် သတင်းရင်းမြစ်နှစ်ဦးက CNN သို့ အတည်ပြု ပြောကြားသည်။
အစ္စရေးသတင်းရင်းမြစ်များ၏ အဆိုအရ ပစ်မှတ်စာရင်းတွင် အီရန်နိုင်ငံ၏ အဆင့်မြင့်အကြံပေးပုဂ္ဂိုလ်များနှင့် လုံခြုံရေးခေါင်းဆောင်များဖြစ်ကြသော အီရန်ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး အလီရှမ်ခါနီနှင့် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီလာရီဂျာနီတို့လည်း ပါဝင်နေသည်။
ယင်းထိပ်သီးခေါင်းဆောင်များသည် တိုက်ခိုက်မှုအတွင်း ထိခိုက်မှု ရှိ၊ မရှိ သို့မဟုတ် တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် မည်သည့်နေရာ၌ ရှိနေသည်ကိုမူ အတည်မပြုနိုင်သေးဘဲ မရေမရာ ဖြစ်နေဆဲဖြစ်သည်။
လက်အချိန်အထိ ၎င်းတို့၏ ထိပ်သီးခေါင်းဆောင်များ၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ အီရန်အစိုးရက ကမ္ဘာသို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
Ref: CNN
#MeKongNews
#အစ္စရေး
#တိုက်ခိုက်မှု
#အီရန်
#ထိပ်သီးခေါင်းဆောင်
#သမ္မတ
#ပစ်မှတ်ထား








