နေ့စဥ်သတင်း

ထရမ့်၏ အီရန်စစ်‌ဆင်ရေးတွင် ထိပ်သီးခေါင်းဆောင် အလီခါမေနီကို သုတ်သင်ရေးလည်း ပါဝင်

မဲခေါင် 21 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၁ အီရန်အား မည်ကာမတ္တ နျူကလီးယား သန့်စင်ခွင့်ပေးနိုင်သော အဆိုပြုချက်တစ်ရပ်ကို စဉ်းစားသွားရန် ထရမ့် အစိုးရက ပြင်ဆင်ထားကြောင်း အမေရိကန် အရာရှိကြီးတစ်ဦးက ပြောကြားသော်လည်း တစ်ချိန်တည်းမှာပင် အီရန် ထိပ်သီးခေါင်း‌ဆောင် အယာတိုလာ အလီခါမေနီအား တိုက်ရိုက် ပစ်မှတ်ထားသော စစ်ရေးနည်းလမ်းများကိုလည်း ထရမ့်အား အပ်နှင်းထားကြောင်း သိရသည်။ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က သမ္မတထရမ့်အား ရွေးချယ်စရာ အများအပြား ပေးအပ်ထားသည်ဟု အကြီးတန်း သမ္မတအကြံပေးတစ်ဦးက ပြောသည်။ “အခြေအနေတိုင်းအတွက် သူတို့မှာ တစ်ခုခု ရှိနေပါတယ်။ အခြေအနေ တစ်ခုကတော့ အယာတိုလာ၊ သူ့ရဲ့သားနဲ့ ဘာသာရေး အကြီးအကဲတွေကို လက်စသတ်ဖို့ ဖြစ်ပါတယ်။ သမ္မတက ဘာကို ရွေးချယ်မလဲ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၁

အီရန်အား မည်ကာမတ္တ နျူကလီးယား သန့်စင်ခွင့်ပေးနိုင်သော အဆိုပြုချက်တစ်ရပ်ကို စဉ်းစားသွားရန် ထရမ့် အစိုးရက ပြင်ဆင်ထားကြောင်း အမေရိကန် အရာရှိကြီးတစ်ဦးက ပြောကြားသော်လည်း တစ်ချိန်တည်းမှာပင် အီရန် ထိပ်သီးခေါင်း‌ဆောင် အယာတိုလာ အလီခါမေနီအား တိုက်ရိုက် ပစ်မှတ်ထားသော စစ်ရေးနည်းလမ်းများကိုလည်း ထရမ့်အား အပ်နှင်းထားကြောင်း သိရသည်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က သမ္မတထရမ့်အား ရွေးချယ်စရာ အများအပြား ပေးအပ်ထားသည်ဟု အကြီးတန်း သမ္မတအကြံပေးတစ်ဦးက ပြောသည်။

“အခြေအနေတိုင်းအတွက် သူတို့မှာ တစ်ခုခု ရှိနေပါတယ်။ အခြေအနေ တစ်ခုကတော့ အယာတိုလာ၊ သူ့ရဲ့သားနဲ့ ဘာသာရေး အကြီးအကဲတွေကို လက်စသတ်ဖို့ ဖြစ်ပါတယ်။ သမ္မတက ဘာကို ရွေးချယ်မလဲ ဆိုတာ ဘယ်သူမှ မသိပါဘူး။ သူတောင်သိတယ် မထင်ဘူး”ဟု ထိပ်သီးခေါင်း‌ဆောင် အလီခါမေနီနှင့် ၎င်းအား ဆက်ခံဖွယ်ရှိသည့် သားဖြစ်သူ မိုဂျာဘာတို့ကို ရည်ညွှန်း၍ ၎င်းက ပြောသည်။

ခါမေနီ နှင့် သားဖြစ်သူတို့အား သုတ်သင်ရှင်းလင်းရန် အစီအစဉ်အား လွန်ခဲ့သော သီတင်းပတ် အနည်းငယ်တွင် ထရမ့်ထံ တင်ပြခဲ့ကြောင်း ဒုတိယ သတင်းရင်းမြစ်ကလည်း အတည်ပြုခဲ့သည်။

“ထရမ့်က သူ့ရွေးချယ်စရာတွေကို ဖွင့်ထားပါတယ်၊ တိုက်ခိုက်မလား ဆိုတာကို အချိန်မရွေး ဆုံးဖြတ်နိုင်ပါတယ်” ဟု အခြား အကြံပေးတစ်ဦးကလည်း ဆိုသည်။

အီရန်ကို ယူရေနီယံ သန့်စင်နိုင်စွမ်း ပေးအပ်ခြင်းကို မလိုလားကြောင်း ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ယခင် သီတင်းပတ်ကပင် ထိုသို့ ပြောကြားခဲ့သည်။

“သမ္မတရဲ့ စဉ်းစားပုံနဲ့ ပတ်သက်ပြီး မီဒီယာတွေက ကြိုက်သလောက် ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့်လည်း သူဘာလုပ်မယ်၊ မလုပ်ဘူးဆိုတာကို သမ္မတထရမ့်ပဲ သိပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီကလည်း ပြောသည်။

သို့ရာတွင် အီရန် ထိပ်သီးခေါင်းဆောင် အလီခါမေနီကမူ အီရန်အနေဖြင့် ယူရေနီယမ် သန့်စင်ပိုင်ခွင့်ကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်း ဒွိဟဖြစ်စရာမလိုသော ပြတ်သားမှုဖြင့် ပြောကြားနေသည်။

သန့်စင်ပြီးသား ယူရေနီယံများကို အရပ်ဘက်အတွက်သာ သုံးစွဲမည်ဟုလည်း အီရန်က ဆိုသည်။

အေးကျော်
Ref: Axios
#MeKongNews
#ထရမ့်
#အီရန်စစ်‌ဆင်ရေး
#ထိပ်သီးခေါင်းဆောင်
#အလီခါမေနီ
#သုတ်သင်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now