ကမ္ဘာ့သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘောထံ ချဉ်းကပ်လာသော အီရန်ဒရုန်းကို ပစ်ချခဲ့ရ

မဲခေါင် 4 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၄ အာရေဗျပင်လယ်ပြင်အတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအနီးသို့ ရန်လိုသော ပုံစံဖြင့် ချဉ်းကပ်လာသည့် အီရန်ဒရုန်းတစ်စင်းကို ပစ်ချလိုက်ကြောင်း အမေရိကန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ USS Abraham Lincoln စစ်သင်္ဘောပေါ်မှ ပျံတက်ခဲ့သည့် F-35C ကိုယ်ပျောက်တိုက်လေယာဉ်တစ်စင်းက လေယာဉ်တင်သင်္ဘောနှင့် သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင်များကို အကာအကွယ်ပေးရန် ယင်းဒရုန်းကို မိမိကိုယ်ကို ခုခံကာကွယ်သည့် အနေဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး တင်မ်ဟော့ကင်းစ်က ဆိုသည်။ ယင်းဒရုန်းသည် မရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်လာချိန်တွင် စစ်သင်္ဘောမှာ အီရန်ကမ်းရိုးတန်းမှ မိုင် ၅၀၀ ခန့်အကွာ၌ ရှိနေခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် အမေရိကန်ဘက်မှ စစ်လက်နက်ကိရိယာ ထိခိုက်ပျက်စီးမှု

မဲခေါင်၊ ဖေဖော်ဝါရီ ၄

အာရေဗျပင်လယ်ပြင်အတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအနီးသို့ ရန်လိုသော ပုံစံဖြင့် ချဉ်းကပ်လာသည့် အီရန်ဒရုန်းတစ်စင်းကို ပစ်ချလိုက်ကြောင်း အမေရိကန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

USS Abraham Lincoln စစ်သင်္ဘောပေါ်မှ ပျံတက်ခဲ့သည့် F-35C ကိုယ်ပျောက်တိုက်လေယာဉ်တစ်စင်းက လေယာဉ်တင်သင်္ဘောနှင့် သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင်များကို အကာအကွယ်ပေးရန် ယင်းဒရုန်းကို မိမိကိုယ်ကို ခုခံကာကွယ်သည့် အနေဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး တင်မ်ဟော့ကင်းစ်က ဆိုသည်။

ယင်းဒရုန်းသည် မရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်လာချိန်တွင် စစ်သင်္ဘောမှာ အီရန်ကမ်းရိုးတန်းမှ မိုင် ၅၀၀ ခန့်အကွာ၌ ရှိနေခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် အမေရိကန်ဘက်မှ စစ်လက်နက်ကိရိယာ ထိခိုက်ပျက်စီးမှု မရှိသလို တပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။

ဝါရှင်တန်နှင့် တီဟီရန်တို့အကြား တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်က ထိုဒေသအတွင်း စစ်အင်အား တိုးမြှင့်ဖြန့်ကြက်နေချိန်တွင် ယခုဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အီရန်နိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် ဆွေးနွေးညှိနှိုင်းခြင်း မပြုလုပ်ပါက စစ်ရေးအရ အရေးယူမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောကြားထားသည်။

အစောပိုင်းကလည်း အီရန်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းမှုများ ဖြစ်ပွားစဉ်အတွင်း ဝင်ရောက် စွက်ဖက်ရန် အလားအလာရှိကြောင်း ၎င်းက သတိပေးခဲ့ဖူးသည်။

အီရန်ဒရုန်း ပစ်ချခံရပြီးနောက် အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးပွဲများကို ယခုသီတင်းပတ် နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားဆဲဖြစ်ကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးမှူး ကာရိုလင်းလီဗစ်က Fox News သို့ ပြောကြားသည်။

သမ္မတထရမ့်က သံတမန်နည်းလမ်းကို အမြဲတမ်း ဦးစားပေးလုပ်ဆောင်ရန် ကတိပြုထားဆဲ ဖြစ်သော်လည်း စစ်ရေးအရ အင်အားသုံးဖြေရှင်းမှု အပါအဝင် အခြားသော ရွေးချယ်စရာ နည်းလမ်းပေါင်းစုံကိုလည်း အမြဲတမ်း ပြင်ဆင်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

အီရန် အဓိပတိ ခေါင်းဆောင် အယာတိုလာ အလီခါမေနီကမူ ၎င်းတို့နိုင်ငံအပေါ် မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ပြုလုပ်လာပါက ဒေသတွင်းစစ်ပွဲ တစ်ရပ် ဖြစ်ပွားလာလိမ့်မည်ဟု သတိပေးထားသည်။

အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ဒရုန်းပစ်ချခံရမှုနှင့် ပတ်သက်၍ တီဟီရန်ဘက်မှ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

Ref:BBC
#MeKongnews
#အမေရိကန်
#လေယာဉ်တင်သင်္ဘော
#ချဉ်းကပ်
#အီရန်ဒရုန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now