နိုင်ငံတကာသတင်း

ရွှေ့ပြောင်းလုပ်သား ရင်သွေးများအားလုံး ထိုင်းကျောင်း တက်ခွင့်ပြုပြီ

မဲခေါင် 31 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၃၁ ထိုင်းပညာရေးဝန်ကြီးဌာနက ၂၀၂၅ ပညာသင်နှစ်မှ စတင်ပြီး ဝန်ကြီးဌာနကြီးကြပ်မှုအောက်တွင် ရှိသည့် ထိုင်းစာသင်ကျောင်းအားလုံး ပြည်ပမှ အလုပ်လာလုပ်သည့် ရွှေ့ပြောင်းလုပ်သားများ၏ ရင်သွေးများကို အိမ်ထောင်စုစာရင်းမရှိ၊ ထိုင်းနိုင်ငံသားကတ် မရှိလည်း ကျောင်းအပ်လက်ခံရမည်ဟု ဇန်န ဝါရီ ၃၀ ရက်၌ ထိုင်းတော်ဝင်ပြန်တမ်းမှတစ်ဆင့် အတည်ပြု အမိန့်ထုတ်ပြန်သွားခဲ့သည်။ ၂၀၁၉ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့သည့် ယခင် ပညာရေးမူဝါဒသည် မျက်မှောက်အခြေအနေများနှင့် ကိုက်ညီမှုမရှိတော့သည့်အတွက် ပယ်ဖျက်ကြောင်းနှင့် မူဝါဒသစ်ချမှတ်ကာ ယခုလို ကြေညာကြောင်း ပညာရေးဝန်ကြီး နာရူမွန်ပင်ယိုဆင်ဝပ်ကလက်မှတ်ရေးထိုး ထုတ်ပြန်သွားသည်။ အစိုးရဝန်ကြီးအဖွဲ့၏ ၂၀၀၅ ခုနှစ် ဇူလိုင် ၅ ရက်က တင်သွင်းသည့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်

မဲခေါင်၊ ဇန်နဝါရီ ၃၁

ထိုင်းပညာရေးဝန်ကြီးဌာနက ၂၀၂၅ ပညာသင်နှစ်မှ စတင်ပြီး ဝန်ကြီးဌာနကြီးကြပ်မှုအောက်တွင် ရှိသည့် ထိုင်းစာသင်ကျောင်းအားလုံး ပြည်ပမှ အလုပ်လာလုပ်သည့် ရွှေ့ပြောင်းလုပ်သားများ၏ ရင်သွေးများကို အိမ်ထောင်စုစာရင်းမရှိ၊ ထိုင်းနိုင်ငံသားကတ် မရှိလည်း ကျောင်းအပ်လက်ခံရမည်ဟု ဇန်န ဝါရီ ၃၀ ရက်၌ ထိုင်းတော်ဝင်ပြန်တမ်းမှတစ်ဆင့် အတည်ပြု အမိန့်ထုတ်ပြန်သွားခဲ့သည်။

၂၀၁၉ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့သည့် ယခင် ပညာရေးမူဝါဒသည် မျက်မှောက်အခြေအနေများနှင့် ကိုက်ညီမှုမရှိတော့သည့်အတွက် ပယ်ဖျက်ကြောင်းနှင့် မူဝါဒသစ်ချမှတ်ကာ ယခုလို ကြေညာကြောင်း ပညာရေးဝန်ကြီး နာရူမွန်ပင်ယိုဆင်ဝပ်ကလက်မှတ်ရေးထိုး ထုတ်ပြန်သွားသည်။

အစိုးရဝန်ကြီးအဖွဲ့၏ ၂၀၀၅ ခုနှစ် ဇူလိုင် ၅ ရက်က တင်သွင်းသည့် သန်းခေါင်စာရင်း၊ မှတ်ပုံတင် ရှိစရာမလိုဘဲ မည်သူမဆို ထိုင်းကျောင်းများတွင် တက်ရောက်ခွင့်ပြုရမည်ဆိုသော အဆိုကို ယခု လက်ခံအသိအမှတ်ပြုကာ တရားဝင်ကျင့်သုံးခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးက ဆိုသည်။

ယခင်က အစုအဖွဲ့၊ ပညာရေးအဆင့်၊ ဧရိယာများခွဲခြားပြီးမှ ထိုင်းကျောင်းများတက်ခွင့်ပြုသော်လည်း ယခုတွင်မူ ထိုင်းနိုင်ငံအတွင်း နေထိုင်သူတိုင်း မည်သည့် ပညာရေးအဆင့်မဆို၊ မည်သည့် ကျောင်းအမျိုးအစားတွင်မဆို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားလုံးကို တက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟုလည်း ကြေညာသွားသည်။

ထိုင်းနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းလက်မှတ်ထိုးထားသော နိုင်ငံ ဖြစ်ခြင်းကြောင့် ယခုလို ရွှေ့ပြောင်းလုပ်သား ရင်သွေးများအား ပညာရေးအခွင့်အလမ်းများပေးရန် တာဝန်ရှိကာ ယခုလို ခွင့်ပြုခြင်းသည် ထိုင်းနိုင်ငံအတွက် အပြုသဘောဆောင်သော ကောင်းမွန်မှုဆီသို့ ဦးတည်သဖြင့် ကြိုဆိုကြကာ နိုင်ငံတော်ရေရှည်လုံခြုံရေးအတွက်လည်း အကျိုးပြုနိုင်မည်ဟု မျှော်မှန်းကြောင်းလည်း ဝန်ကြီးကဆိုသည်။

စည်းမျဉ်းဥပဒေသစ်အရ ကျောင်းသားများသည် တရားဝင်မှု သို့မဟုတ် နိုင်ငံသားအဆင့်အတန်း မည်သို့ပင်ရှိစေကာမူ ကျောင်းအပ်လက်ခံပေးရမည်ဖြစ်သလို လျှောက်ထားသူများသည် တရားဝင် နိုင်ငံသားမှတ်ပုံတင် စာရွက်စာတမ်းများ သို့မဟုတ် ဂဏန်း ၁၃ လုံးပါ အမျိုးသား မှတ်ပုံတင်နံပါတ်ရှိပါက ကျောင်းသားများသည် ပုံမှန်ဝင်ခွင့် လျှောက်ထားနိုင်သည်။

မရှိပါက G Code စနစ်အောက်တွင် မှတ်ပုံတင်ရန် လိုအပ်ပြီး ၎င်းသည် အရပ်ဘက်မှတ်ပုံတင်မရှိသူများအတွက် G အက္ခရာဖြင့်စတင်သော အထူးဂဏန်း ၁၃ လုံးပါ ကျောင်းသားမှတ်ပုံတင်နံပါတ် ဖြစ်စေမည်ဖြစ်သည်။

ကျောင်းများအနေဖြင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို စုဆောင်းရန် မိဘ သို့မဟုတ် အုပ်ထိန်းသူများနှင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် ခရိုင် သို့မဟုတ် ဒေသဆိုင်ရာမှတ်ပုံတင်ရုံးများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ညွှန်ကြားထားသည်။

ကျောင်းသားတစ်ဦးအား နိုင်ငံသားအဆင့်အတန်း သို့မဟုတ် မှတ်ပုံတင်နံပါတ်ကို တရားဝင်ပေးအပ်နိုင်ခြင်းမရှိပါက ကျောင်းသားသည် ၎င်းတို့၏ ပညာရေးပြီးဆုံးသည်အထိ G Code ကို ကျောင်းမှသိမ်းဆည်းထားရမည်ဟု ဆိုသည်။

ကိုကလင်း
Ref: khaosodenglish
#MeKongNews
#ရွှေ့ပြောင်းလုပ်သား
#ရင်သွေး
#ထိုင်းကျောင်း
#တက်ခွင့်ပြု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now