ကမ္ဘာ့သတင်း

တရုတ်ကုမ္ပဏီ၏ ဆိပ်ကမ်းစာချုပ်များကို ပနားမားတရားရုံး ပယ်ဖျက်

မဲခေါင် 30 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၃၀ ဟောင်ကောင်အခြေစိုက် CK Hutchison ကုမ္ပဏီ၏ လက်အောက်ခံလုပ်ငန်း တစ်ခုက ရယူထားသော ဆိပ်ကမ်းလုပ်ငန်း ကန်ထရိုက်များကို ပနားမားတရားရုံးချုပ်က ပယ်ဖျက်လိုက်ကာ စာချုပ်များမှာ အခြေခံဥပဒေနှင့် မကိုက်ညီကြောင်း ပြောကြားသည်။ CK Hutchison ကုမ္ပဏီ၏ လက်အောက်ခံလုပ်ငန်းဖြစ်သည့် Panama Ports Company က ပနားမားတူးမြောင်း တစ်ဖက်စီတွင်ရှိသော ပစိဖိတ်နှင့် အတ္တလန်တစ် ဝင်ပေါက်များရှိ ဆိပ်ကမ်းများကို လုပ်ကိုင်ရန် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ကန်ထရိုက်စာချုပ်များ ချုပ်ဆိုထားခဲ့သည်။ ဆိပ်ကမ်းနှစ်ခုအား တည်ဆောက်၊ လည်ပတ်၍ စီမံခန့်ခွဲရန် အစိုးရနှင့် Panama Ports Company ကြားက ကန် ထရိုက်စာချုပ်ကို ခိုင်မာအောင် ပံ့ပိုးပေးထားသော

မဲခေါင်၊ ဇန်နဝါရီ ၃၀

ဟောင်ကောင်အခြေစိုက် CK Hutchison ကုမ္ပဏီ၏ လက်အောက်ခံလုပ်ငန်း တစ်ခုက ရယူထားသော ဆိပ်ကမ်းလုပ်ငန်း ကန်ထရိုက်များကို ပနားမားတရားရုံးချုပ်က ပယ်ဖျက်လိုက်ကာ စာချုပ်များမှာ အခြေခံဥပဒေနှင့် မကိုက်ညီကြောင်း ပြောကြားသည်။

CK Hutchison ကုမ္ပဏီ၏ လက်အောက်ခံလုပ်ငန်းဖြစ်သည့် Panama Ports Company က ပနားမားတူးမြောင်း တစ်ဖက်စီတွင်ရှိသော ပစိဖိတ်နှင့် အတ္တလန်တစ် ဝင်ပေါက်များရှိ ဆိပ်ကမ်းများကို လုပ်ကိုင်ရန် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ကန်ထရိုက်စာချုပ်များ ချုပ်ဆိုထားခဲ့သည်။

ဆိပ်ကမ်းနှစ်ခုအား တည်ဆောက်၊ လည်ပတ်၍ စီမံခန့်ခွဲရန် အစိုးရနှင့် Panama Ports Company ကြားက ကန် ထရိုက်စာချုပ်ကို ခိုင်မာအောင် ပံ့ပိုးပေးထားသော ဥပ‌ဒေများ၊ ဥပဒေသများသည် အခြေခံဥပဒေနှင့် မညီညွတ်ကြောင်း တွေ့ရှိခဲ့သည်ဟု ပနားမားတရားရုံးချုပ်က ပြောသည်။

ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းများအပေါ် အမေရိကန်၊ တရုတ် ပြိုင်ဆိုင်မှုကြီးထွားလာစဉ် ပနားမားဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကာ အမေရိကန်ဘက်က အနိုင်ရခြင်းအဖြစ် ရှုမြင်ကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှု ၅ ရာခိုင်နှုန်း ဖြတ်သန်းသွားသော ရေလမ်းကြောင်းအပေါ် အမေရိကန်ထိန်းချုပ်မှုကို တိုးမြှင့်ရန်နှင့် တရုတ်တို့၏ ဩဇာကျဆင်းသွားစေရန် တွန်းအား ပေးနေသည်။
ပနားမားတူးမြောင်းကို ၁၉၀၀ ပြည့်လွန်နှစ်များတွင် အမေရိကန်က တည်ဆောက်လုပ်ကိုင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပနားမားအစိုးရထံ လွှဲပြောင်းပေးခဲ့သည်။

တရားရုံးဆုံးဖြတ်ချက်ကို မိမိတို့အား အသိပေး အကြောင်းကြားခြင်း မရှိသေးသော်လည်း တရားရုံးဆုံးဖြတ်ချက်သည် ဆိပ်ကမ်းများကို လုပ်ကိုင်ခွင့်ပြုခဲ့သည့် ဥပဒေမူဘောင်များ၊ ဥပဒေများနှင့် ကိုက်ညီမှုမရှိဟု သဘောထားကြောင်း Panama Ports Company ပြောသည်။

တရုတ်လုပ်ငန်းများ၏ ဥပဒေနှင့်ညီသော ရပိုင်ခွင့်နှင့် အကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်ရန် လိုအပ်သောအစီအစဉ်၊ အတိုင်းအတာအားလုံးကို တရုတ်အစိုးရက လုပ်‌ဆောင်သွားမည် ဖြစ်ကြောင်း ပနားမားဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ‌ဝေါင်ကျားခွန်က ဆိုသည်။

အေးကျော်
Ref: Reuters
#MeKongNews
#တရုတ်ကုမ္ပဏီ
#ဆိပ်ကမ်းစာချုပ်
#ပနားမားတရားရုံး
#ပယ်ဖျက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now