ကမ္ဘာ့သတင်း

ဂရင်းလန်းအရေး တင်းမာမှုကြောင့် ပူးတွဲစစ်တပ် ဥရောပသမဂ္ဂ ထူထောင်သင့်ကြောင်း စပိန် တိုက်တွန်း

မဲခေါင် 22 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၂ ဥရောပသမဂ္ဂအတွက် အကာအကွယ်အဖြစ် ပူးတွဲစစ်တပ် တစ်ရပ်ထူထောင်ရန် အီးယူက လုပ်‌ဆောင်သင့်ကြောင်း ဒါးဗို့စ်မြို့၌ အစည်းအဝေးများမစခင် တစ်ရက်တွင် စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေးမန်နျူရယ် အယ်လ်ဘာရက်စ်က တိုက်တွန်းလိုက်သည်။ ၎င်းတို့၏ ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျ ပူးပေါင်းနိုင်ရန် ထိရောက်သော ပိုင်ဆိုင်မှုများကို အတူပေါင်းစည်းရေးကို အီးယူက အရင်ဆုံး အာရုံစိုက်သင့်ပြီး နောက်ပိုင်းတွင် စိတ်တူကိုယ်တူ မဟာမိတ်အဖွဲ့ တစ်ခုအနေဖြင့် လှုပ်ရှားသင့်သည်ဟု အယ်လ်ဘာရက်စ်က ဆက်ပြောသည်။ ဥရောပသားများက စစ်ရေးအရ ပေါင်းစည်းရေးကို စိတ်အားထက်သန်ကြမည်လား ဆိုသည်မှာ ဆွေးနွေး ငြင်းခုံရမည့်ကိစ္စ ဖြစ်သော်လည်း သီခြားစီ ရပ်တည်နေသည့် အမျိုးသားစစ်တပ် ၂၇ ခုထက် ပူးပေါင်းအားထုတ်မှုက ပိုထိရောက်မည်ဟု ၎င်းက ဆိုသည်။

မဲခေါင်၊ ဇန်နဝါရီ ၂၂

ဥရောပသမဂ္ဂအတွက် အကာအကွယ်အဖြစ် ပူးတွဲစစ်တပ် တစ်ရပ်ထူထောင်ရန် အီးယူက လုပ်‌ဆောင်သင့်ကြောင်း ဒါးဗို့စ်မြို့၌ အစည်းအဝေးများမစခင် တစ်ရက်တွင် စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေးမန်နျူရယ် အယ်လ်ဘာရက်စ်က တိုက်တွန်းလိုက်သည်။

၎င်းတို့၏ ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျ ပူးပေါင်းနိုင်ရန် ထိရောက်သော ပိုင်ဆိုင်မှုများကို အတူပေါင်းစည်းရေးကို အီးယူက အရင်ဆုံး အာရုံစိုက်သင့်ပြီး နောက်ပိုင်းတွင် စိတ်တူကိုယ်တူ မဟာမိတ်အဖွဲ့ တစ်ခုအနေဖြင့် လှုပ်ရှားသင့်သည်ဟု အယ်လ်ဘာရက်စ်က ဆက်ပြောသည်။

ဥရောပသားများက စစ်ရေးအရ ပေါင်းစည်းရေးကို စိတ်အားထက်သန်ကြမည်လား ဆိုသည်မှာ ဆွေးနွေး ငြင်းခုံရမည့်ကိစ္စ ဖြစ်သော်လည်း သီခြားစီ ရပ်တည်နေသည့် အမျိုးသားစစ်တပ် ၂၇ ခုထက် ပူးပေါင်းအားထုတ်မှုက ပိုထိရောက်မည်ဟု ၎င်းက ဆိုသည်။

ဂရင်းလန်းအား ဝယ်ယူရန် သို့မဟုတ် သိမ်းပိုက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများ အပေါ် ပူးတွဲ တုံ့ပြန်နိုင်ရေး မည်သို့ ပူးပေါင်း လုပ်ဆောင်ကြမည်ကို ဆွေးနွေးရန် အီးယူခေါင်းဆောင်များက ဘရပ်ဆဲလ် မြို့၌ ယနေ့ နှောင်းပိုင်းတွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပရန် ရှိနေစဉ် စပိန် နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်များ ထွက်လာခြင်းဖြစ်သည်။

“ဥရောပကာကွယ်ရေး စိတ်ကူးက အီးယူစတင်ခဲ့ကတည်းက ရှိခဲ့တာပါ။ ဒီတာဝန်ကို အပြီးသတ်ဖို့ ကျနော်တို့ မျိုးဆက်ပေါ်မှာ မူတည်ပါတယ်”ဟု အယ်လ်ဘာရက်စ်က ပြောသည်။

အီးယူအတွက် သီခြားစစ်တပ်မှာ နေတိုးအဖွဲ့ကို အစားထိုးရန် မရည်ရွယ်ကြောင်း အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေ သော စပိန် နိုင်ငံခြားရေးဝန်ကြီးက ဆိုပြီး အမေရိကန်နှင့် မဟာမိတ်ပြုထားခြင်းမှာ အရေးပါသည်ကိုလည်း အသိအမှတ်ပြုသည်။

“ဒါပေမဲ့လည်း ဥရောပဟာ စစ်ရေးအရ ဒါမှမဟုတ် စီးပွားရေးအရ ခြိမ်းခြောက် အကျပ်ကိုင်လို့ရတဲ့ နေရာမဟုတ်ဘူး ဆိုတာကို ကျနော်တို့ ပြသဖို့လိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်နယ်ထရမ့်၏ လူမှုမီဒီယာကြေညာချက် ထွက်ပေါ်လာပြီး နောက်တွင်လည်း စပိန်နိုင်ငံခြားရေးဝန်ကြီး၏ ရပ်တည်မှုမှာ ပြောင်းလဲမသွားကြောင်း အကြီးတန်း နိုင်ငံခြားရေးဌာန အရာရှိကြီးတစ်ဦးက ဆိုသည်။

နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရုတေးနှင့် အစည်းအဝေးတွင် ဂရင်းလန်းနှင ့်ပတ်သက်၍ သဘောတူညီချက် မူဘောင်တစ်ခု ရရှိပြီဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က လူမှုမီဒီယာပေါ်မှ ကြေညာခဲ့သော်လည်း အီးယူခေါင်းဆောင်များ၏ အရေးပေါ် အစည်းအဝေးကို ဆက်လုပ်သွားမည်ဟု ဥရောပကောင်စီ ပြောခွင့်ရသူတစ်ဦးက အတည်ပြု ပြောကြားသည်။

အေးကျော်
Ref: Reuters
#MeKongNews
#ဂရင်းလန်း
#ပူးတွဲစစ်တပ်
#ဥရောပသမဂ္ဂ
#စပိန်
#တိုက်တွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now