ကမ္ဘာ့သတင်း

ပြောင်းလဲမှုများ ဆက်လုပ်ပြီး ဂျပန်အတွက် မျှော်လင့်ချက် သယ်ဆောင်မည်ဟု ဝန်ကြီးချုပ် တာကာအိချိ သန္နိဌာန်ပြု

မဲခေါင် 2 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂ လိုအပ်သော ပြုပြင် ပြောင်းလဲမှုများ လုပ်‌ဆောင်ပြီး ဂျပန်အတွက် အင်အား တောင့်တင်းမှု၊ သာယာဝပြောမှုနှင့် မျှော်လင့်ချက်များ သယ်ဆောင်လာမည်ဟု ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ၎င်း၏ နှစ်သစ်ကူး သတင်းစကားတွင် သန္နိဌာန်ပြုသည်။ နှစ်သစ်သည် ဂျပန်‌နိုင်ငံ၏ ယခင် ရှိုးဝခေတ် စတင်ပြီးနောက် နှစ်ပေါင်း ၁၀၀ ပြည့်သော နှစ်ဖြစ်ကြောင်း မှတ်ချက်ပြုကာ ပိုမို ကောင်းမွန်သော အနာဂတ် ဖြစ်လာနိုင်ခြေကို တာကာအိချိက ကြွေးကြော်သည်။ “မနက်ဖြန်ဟာ ဒီနေ့ထက် ပိုကောင်းလိမ့်မယ် ဆိုတဲ့ အားတက်သရော မျှော်လင့်မှုဟာ ရှိုးဝခေတ် ကာလအများစုမှာ ပြည်သူတွေ ရရှိခဲ့ကြတဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်” ဟု ၎င်းက

မဲခေါင်၊ ဇန်နဝါရီ ၂

လိုအပ်သော ပြုပြင် ပြောင်းလဲမှုများ လုပ်‌ဆောင်ပြီး ဂျပန်အတွက် အင်အား တောင့်တင်းမှု၊ သာယာဝပြောမှုနှင့် မျှော်လင့်ချက်များ သယ်ဆောင်လာမည်ဟု ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ၎င်း၏ နှစ်သစ်ကူး သတင်းစကားတွင် သန္နိဌာန်ပြုသည်။

နှစ်သစ်သည် ဂျပန်‌နိုင်ငံ၏ ယခင် ရှိုးဝခေတ် စတင်ပြီးနောက် နှစ်ပေါင်း ၁၀၀ ပြည့်သော နှစ်ဖြစ်ကြောင်း မှတ်ချက်ပြုကာ ပိုမို ကောင်းမွန်သော အနာဂတ် ဖြစ်လာနိုင်ခြေကို တာကာအိချိက ကြွေးကြော်သည်။

“မနက်ဖြန်ဟာ ဒီနေ့ထက် ပိုကောင်းလိမ့်မယ် ဆိုတဲ့ အားတက်သရော မျှော်လင့်မှုဟာ ရှိုးဝခေတ် ကာလအများစုမှာ ပြည်သူတွေ ရရှိခဲ့ကြတဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဂျပန်နိုင်ငံနှင့် ဂျပန်ပြည်သူများ၏ အတွင်းအင်အားနှင့် တက်ကြွမှုတွင် ခိုင်မာသော၊ မယိမ်းယိုင်သော ယုံကြည်မှု၏ အားဖြည့်ပေးမှုဖြင့် ရှိုးဝခေတ်အတွင်း ကြီးမား‌သော အပြောင်းအလဲများကို ဖြတ်ကျော်ခဲ့သူများ၊ မိမိတို့ မတိုင်မီ ရှင်သန် နေထိုင်ခဲ့သူများ၏ ကြိုးပမ်း အားထုတ်မှုများနှင့် အမြော်အမြင်များမှ သင်ယူသွားချင်သည် ဟုလည်း ၎င်းက ဆိုသည်။

“ဒါ့အပြင် ကျမအနေနဲ့ အပြောင်းအလဲကို ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ လိုအပ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ပြတ်ပြတ်သားသား တွန်းလုပ်သွားပါမယ်” ဟု ၎င်းက ဆက်ပြောသည်။

အောက်တိုဘာလတွင် အာဏာရလာပြီး နောက်ပိုင်း ၎င်းတို့အစိုးရက ထပ်‌ဆောင်း ဘတ်ဂျက်ကို အတည်ပြုလိုက် ခြင်းဖြင့် ပြည်သူလူထုကို ပေးထားသော ကတိကို ဖြည့်ဆည်းခဲ့ကာ တက်ကြွသော စီးပွားရေး၊ ခိုင်မာသော သံတမန်ရေးနှင့် လုံခြုံ‌ရေး တည်ဆောက်မှုဆီသို့ လမ်းကြောင်း တစ်ခုကို ချမှတ်နိုင်ခဲ့သည် ဟုလည်း ဝန်ကြီးချုပ် တာကာအိချိက ဆိုသည်။

တစ်ချိန်တည်းမှာပင် မိမိတို့ အစိုးရအဖွဲ့ က တာဝန်များ စတင်ရုံသာ ရှိသေးပြီး ရှေ့ဆက်သွားချိန်တွင် စိန်ခေါ်မှုများကို ကျော်လွှား သွားရမည်ကိုလည်း ၎င်းက အသိအမှတ်ပြုခဲ့သည်။

“ဂျပန်နိုင်ငံကို ပိုမိုအင်အား တောင့်တင်းအောင်၊ ပိုမိုကြီးပွား ချမ်းသာအောင် လုပ်ဖို့နဲ့ အဲဒီလို လုပ်ရင်း နိုင်ငံအတွက် မျှော်လင့်ချက် မြှင့်တင်သွားမယ်လို့ ဂျပန်ပြည်သူတွေကို ကျမ နှစ်သစ်ကူး အဓိဌာန်ပြုပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

အေးကျော်
Ref: Japan Times
#MeKongNews
#ပြောင်းလဲမှု
#ဂျပန်
#တာကာအိချိ
#သန္နိဌာန် ပြု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၁၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now