သြဂုတ်လ ၄ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ၄င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။
သူ့ကို အသက် ၆၅ နှစ်အထက် စာရင်းမှာပါလို့ ကာကွယ်ဆေးထိုးရမယ့်ထဲမှာပါတယ်လို့ ပြောလို့ ဆေးသွားထိုးပြီး ပြန်လာတဲ့ချိန်မှာ ဖမ်းလိုက်တာ။ သူက အရင်ထဲက ၅၀၅(က)နဲ့ စွဲခံထားရသူ။ အဲ့ဒါနဲ့ပဲ ဖမ်းတာနေမှာပါ
ဟု သူက MPA သို့ဆိုသည်။
စစ်ကောင်စီအနေဖြင့် ကာကွယ်ဆေးထိုးတာကို အကြောင်းပြပြီး ထောက်ချောက်ဆင်ဖမ်းဆီးတာ ဖြစ်တယ်လို့ ဦးကျော်အောင်နှင့်အတူ ဟံသာဝတီ ဖောင်ဒေးရှင်းတွင် တွဲဖက်လုပ်ကိုင်သော အတွင်းရေးမှူးအဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်ကြည်က ပြောသည်။
သူ့ကိုကျွန် တော် မထိုးခင်က ပြောသေးတယ်။ ဆေးကိုလည်းမယုံနဲ့။ သူတို့ကိုလည်း မယုံပါနဲ့လို့။ သူ က နေလည်းမကောင်းဘူး။ ကိုဗစ်ကိုကြောက်ပြီး ကာကွယ်ဆေးထိုးချင်တာ။ အဲ့ဒါကို ဒလန် အုပ် ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်တွေက အခွင့် ကောင်းယူပြီး တမင်ထောင်ချောက်ဆင် ဖမ်းဆီးတာ။ကျွန် တော် အမှတ်မမှားရင် ပုဇွန်တောင် အလက (၃) မှာ ထိုးပြီးတော့ အပြန် သူ့ကားပေါ်မှာ ရဲတွေရောက်နေပြီ။ သေနတ်နဲ့ထောက်ပြီး လူရောကားရော ရဲစခန်းထဲမောင်းခိုင်းလိုက်တာ
ဟု ၄င်းက ပြောသည်။
ဦးကျော်အောင်အားလက်ရှိတွင် ပုဇွန်တောင်ရဲစခန်းအတွင်း ဖမ်းဆီးထားပြီး မိသားစုနှင့်တွေ့ဆုံခွင့်ရရှိကြောင်း သိရသည်။
သြဂုတ်လ ၄ ရက်နေ့က ရေးဖွင့်ထားသော အမှုများ ရုတ်သိမ်းပေးရန် ဆက်သွယ်ရမည့် တိုင်းနှင့်ပြည်နယ် အသီးသီ၏ဖုန်းများ ထုတ်ပြန်ကြောင်း စစ်ကောင်စီပိုင် မီဒီယာ ကြေညာသည့်နေ့တွင်ပင် ဦးကျော်အောင်ကို ထောင် ချောက်ဆင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီအနေဖြင့် အကျဉ်းထောင်များရှိ အကျဉ်းသားများနှင့် အသက် ၆၅ နှစ်အထက်များအား ဦးစားပေးကာကွယ်ဆေးထိုးနှံပေးနေကြောင်းသိရသည်။