နိုင်ငံရေး

ဝါဆိုလပြည့်နေ့မှာ အကျဉ်းသားတွေ လွှတ်ပေးမယ်လို့ သတင်းထွက်ပေါ်

မဲခေါင် 28 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၈ လာမယ့် ဩဂုတ်လ ၁ ရက်၊ ဝါဆိုလပြည့်နေ့မှာ အကျဉ်းသား ၆,၀၀၀ ဝန်းကျင် လွှတ်ပေးမယ်လို့ သတင်း ထွက်နေပေမယ့် လူစာရင်း အတိအကျ မထွက်သေးဘူးလို့ အကျဥ်းဦးစီးဌာန အရာရှိကြီး တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၈

လာမယ့် ဩဂုတ်လ ၁ ရက်၊ ဝါဆိုလပြည့်နေ့မှာ အကျဉ်းသား ၆,၀၀၀ ဝန်းကျင် လွှတ်ပေးမယ်လို့ သတင်း ထွက်နေပေမယ့် လူစာရင်း အတိအကျ မထွက်သေးဘူးလို့ အကျဥ်းဦးစီးဌာန အရာရှိကြီး တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

တရုတ် အထူးကိုယ်စားလှယ် မစ္စတာတိန်ရှီးကျွမ်း ဟာ ဇူလိုင်လ ၂၇ ရက်က စစ်ကောင်စီ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တွေ့ဆုံပြီးနောက် ဒီကနေ့ ဇူလိုင်၂၈ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေချိန်မှာ အကျဥ်းသားတွေ လွှတ်ပေးမဲ့ သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

“ သတင်းတွေ ထွက်နေတဲ့ အတိုင်းတော့ ဖြစ်မယ်နဲ့ တူတယ်။ ခုက အရင်လို ကြိုပြီး ပြောဆိုတာတွေ မရှိတော့ဘူး။ တစ်ချို့ သတင်းတွေလောက်သာ ကြားရတာ။ နိုင်ငံရေးသမားတွေတော့ အများကြီး ပါလာမယ် မထင်ဘူး။ လွတ်ရက်နီးတဲ့ သူတွေလောက်နဲ့ ခံဝန်ထိုးတဲ့ သူတွေတော့ ပါလာမယ်။ ဘယ်နှစ်ယောက် လွတ်မလဲ ဆိုတာတော့ မသိရသေးဘူး” လို့ အကျဥ်းဦးစီးဌာန အရာရှိကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် အဖြစ် စစ်ကောင်စီက အကျဉ်းသား ၂,၁၅၃ ဦးကို လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသား ဆယ်ဂဏန်းကျော်သာ ပါဝင်ပါတယ်။

ဇူလိုင်လ ၉ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နေပြည်တော်သို့ အထူးလေယာဉ်နဲ့ လျှို့ဝှက် ရောက်ရှိလာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ တို့နဲ့ တွေ့ဆုံခဲ့သလို နေပြည်တော်ထောင်မှာ အကျဉ်းချ ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာပြီး အခုလို အကျဥ်းသားတွေ လွှတ်ပေးမဲ့ သတင်း ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၄,၀၆၅ ဦးရှိပြီး ၁၉,၆၇၇ ဦး ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်ကာ ၆,၉၄၄ ဦး ထောင်ဒဏ် ချမှတ်ခံထားရပြီး လွတ်မြောက်လာ ၄,၃၈၈ ဦး ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သေဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များမှာ ထိန်းသိမ်း ခံနေရသူ ၁၁၅ ဦးရှိပြီး မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ၄၃ ဦးအပါအဝင် ၁၁၉ ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

MK-005

#MeKongNews

#ဝါဆိုလပြည့်နေ့

#ဒေါ်အောင်ဆန်းစုကြည်

#အကျဉ်းသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now