ဒီကနေ့ မနက် ၉ နာရီခွဲက လာရောက် ဂါရဝပြုတယ်လို့ဆိုကာ တွေ့ဆုံတာဖြစ်ပြီး မဟာစည်မှာ အတူတူ တရားထိုင်တုန်းက အကြောင်း ရေးသားထားတဲ့ စာတစ်စောင်ကို ဖတ်ပြတာလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။
ကန်တော့ ပစ္စည်းတွေနဲ့အတူ စာတစ်စောင် ပါရှိပြီး အဲဒီစာပါ အကြောင်းအရာကိုတော့ မဲခေါင်သတင်း အနေနဲ့ မသိရှိရသေးပါဘူး။
၂၀၂၃ အထွေထွေ ရွေးကောက်ပွဲပြုလုပ်ဖို့ စစ်တပ်ဘက်က ကြိုးပမ်းနေချိန် ဖြစ်တာကြောင့် မန်းငြိမ်းမောင် လာရောက် တွေ့ဆုံမှုဟာ လက်ရှိနိုင်ငံရေး အခြေနေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ သွေးတိုးစမ်းတာမျိုး ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူ တစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။
အခုလို လာရောက် တွေ့ဆုံပြီး နာရီပိုင်းအကြာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဖြစ်တဲ့ ဦးဟံသာမြင့်လည်း ရောက်ရှိလာပြီး လက်ရှိန နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး သူရဦးတင်ဦးနဲ့ သီးသန့် ဆွေးနွေးမှု ရှိနိုင်တယ်လို့လည်း သိရပါတယ်။
ဦးဟံသာမြင့် လာရောက်တွေ့ဆုံမှုမှာ သီးသန့်ဖြစ်ပြီး မန်းငြိမ်းမောင် လာရောက်တဲ့ အကြောင်းအရာနဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ နီးစပ်သူတွေထံက သိရပါတယ်။