ဆောင်းပါး

အိမ်နီးချင်းနိုင်ငံတွေမှာ တရုတ်တွေအုပ်စိုးတဲ့ လူမှောင်ခိုစျေးကွက် တရုတ်အစိုးရက ဘာကြောင့်မျက်ကွယ်ပြုထားလဲ

မဲခေါင် 7 Feb - 2023
ပထဝီနိုင်ငံရေးနယ်မြေအခြေအနေအရ အရှေ့တောင်အာရှနိုင်ငံတွေဟာ တရုတ်နဲ့ မပတ်သက်၊ မဆက်စပ်လို့ မရနိုင်ပါဘူး။ ဒီအတိုင်းပါပဲ တရုတ်နိုင်ငံသား ဒုစရိုက်သမားတွေရဲ့ ကိုယ့်တစ်ဘို့ပဲ ကြည့်တဲ့ ဝိသမလောဘ ဒုစရိုက်စီးပွားရေးဇုန်ထဲကလည်း ထွက်ပြေးလွတ်မြောက်ဖို့အရေးက ခက်ခဲလွန်းလှပါတယ်။

ပထဝီနိုင်ငံရေးနယ်မြေအခြေအနေအရ အရှေ့တောင်အာရှနိုင်ငံတွေဟာ တရုတ်နဲ့ မပတ်သက်၊ မဆက်စပ်လို့ မရနိုင်ပါဘူး။ ဒီအတိုင်းပါပဲ တရုတ်နိုင်ငံသား ဒုစရိုက်သမားတွေရဲ့ ကိုယ့်တစ်ဘို့ပဲ ကြည့်တဲ့ ဝိသမလောဘ ဒုစရိုက်စီးပွားရေးဇုန်ထဲကလည်း ထွက်ပြေးလွတ်မြောက်ဖို့အရေးက ခက်ခဲလွန်းလှပါတယ်။ တရုတ်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ဒီဒုစရိုက်လုပ်ငန်းတွေနဲ့ ပြဿနာတွေအများကြီး ပေးနေပါပြီ။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံက လူသားတွေကို မက်လောက်တဲ့ လိမ်လည်ဟန်ပြ အလုပ်တွေ ညာခေါ်၊ ပြီးရင် ကမ္ဘာ့ ငွေမည်းငွေဖြူလုပ်ရာ အဓိက အဓမ္မစီးပွားရေးလုပ်ငန်းကြီးဖြစ်လာတဲ့ ခရစ်ပတိုကာရန်စီ ငွေကြေးဆိုင်ရာလုပ်ငန်းတွေမှာ အဓမ္မစေခိုင်း၊ ဇိမ်းခန်းတွေ၊ မာဆတ်တွေမှာ လိင်ကျွန်အဖြစ် ဇတ်သွင်းနေခြင်းကို မြန်မာ၊ ကမ္ဘောဒီယား၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင် ဗီယက်နမ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေက ခါးစည်းခံနေရပါပြီ။

လူမှောင်ခိုကူးခံရတဲ့ ဒေသတွင်းနိုင်ငံတွေက ရာပေါင်းများစွာရှိတဲ့ လူသားတွေဟာ ဒီတရုတ်ဒုစရိုက်ဂိုဏ်းတွေရဲ့ အဓမ္မ စေခိုင်းခြင်းမှာ တစ်နေ့ကို အလုပ်ချိန် ၁၇ ၊ ၁၈ နာရီလုပ်ရတယ်။ မကြာခဏဆိုသလို အစားငတ်၊ ရေငတ် ထားပြီး ခေတ်သစ်ကျွန်စနစ်ကို ဇာတ်သွင်းနေကြတယ်။ ဒီလူမှောင်ခိုစျေးကွက်ကြီး အဓိက ဖြစ်တည်ရာနိုင်ငံ တွေ က မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီယားနိုင်ငံတွေပဲ။ ဒီနိုင်ငံတွေရဲ့ အစိုးရအားလုံးက တရုတ်ဒုစရိုက်သမားတွေ ဘာလုပ်လုပ် အတားအဆီးမရှိကြဘူး။ အဓိပ္ပါယ်ရှိတဲ့ အတားအဆီးမဲ့ ဒုစရိုက်လုပ်ငန်းတွေအဖြစ် ဘယ်အစိုးရ ကမှ ကိုယ့်ပြည်သူတွေအပေါ် အကာအကွယ်မပေးတော့ ပိုပြီး ဆိုးသထက်ဆိုးလာနေပါတယ်။

South China Morning Post သတင်းအစီရင်ခံစာမှာ ဒီသုံးနိုင်ငံမှာ အခြေတည်တဲ့ လူမှောင်ခိုကူး စျေးကွက်က ဒေါ်လာသန်း ၁၀ ဂဏန်းချီတန်တယ်လို့ ဖော်ပြထားတယ်။ ဒုစရိုက်ကွန်ရက်အုပ်စုအဖွဲ့တွေက လည်း များမှများ။ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ကို တရုတ်ဒုစရိုက်သမားတွေက လက်ဝါးချင်းရိုက် ပူးပေါင်း ဆောင်ရွက်နေနိုင်ကြတယ်။ ဥပမာအားဖြင့် လာအိုမှာ ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို စီမံတဲ့ တရုတ်ရာဇဝတ် သား Zhao Wei ရဲ့ လုပ်ရပ်တွေကို မျက်ကွယ်ပြုပေးထားတယ်။ ရွှေတြိဂံကို ဗဟိုပြုပြီး ဒီလူက ဒေါ်လာ ဘီလီယံပေါင်းများစွာရင်းနှီးအမြတ်ရှာတဲ့ လောင်းကစားလုပ်ငန်းတွေ၊ လူမှောင်ခိုလုပ်ငန်းတွေကို အရှေ့တောင် အာရှနိုင်ငံတွေအနှံ့ ကွန်ရက်ဖြန့်ပြီး လုပ်ချင်သလို လုပ်နေတယ်။

RFA သတင်းမှာ ၂၀၂၁ မေလကနေ ၂၀၂၂ မေလကြား လာအိုနဲ့ ထိုင်းအာဏာပိုင်တွေဟာ သူတို့နိုင်ငံသူ နိုင်ငံသား ၄၇၇ ယောက်ကို ရွှေတြိဂံ လူမှောင်ခို စျေးကွက်ကနေ ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဖော်ပြပါရှိတယ်။ အားလုံးက အလုပ်လိမ်ခေါ်ခံရပြီး မာဆတ်၊ ပြည့်တန်ဆာလုပ်ငန်းတွေမှာ နှိပ်စက်ခိုင်းစေခံရသူတွေချည်းဖြစ်တယ်။

၂၀၂၂ မတ် ၂၈ ရက်ထုတ် Investment Monitor အစီရင်ခံစားမှာ အမေရိကန်အခြေစိုက် စီးပွားရေးနဲ့ အကြံပေး လုပ်ငန်းထောက်ကူအဖွဲ့ဖြစ်တဲ့ Adrianople Group ဒါရိုက်တာ သီဘော့တ်ဆာလတ် (Thibault Serlet) က “ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဟာ နှစ်ပေါင်းအတော်ကြာကတည်းက လူမှောင်ခို၊ တောရိုင်း တိရစ္ဆာန်မှောင်ခို၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုစတဲ့ ဒုစရိုက်လုပ်ငန်းပေါင်းစုံရဲ့ ဗဟိုချက်အဖြစ် ရှိနေခဲ့တယ်။ ဒါလည်း အကြီးစားထပ်မံတိုးချဲ့ဆောက်လုပ်မှုတွေကို လုပ်ဦးမယ်လို့ ကြေညာထားတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်ကတည်းက ပိတ်ဆို့အရေးယူထားတဲ့ ဒီစီးပွားရေးဇုန်ရဲ့ အကြီးအကဲ Zhao Wei ဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ လွတ်လွတ်လပ်လပ်ကို သွားလာလှုပ်ရှားနေတယ်။ ဒီဇုန်မှာ လူမှောင်ခို ကျွန်လုပ်သားတွေရဖို့ လာအို၊ ထိုင်းအပြင် အာဆီယံဒေသတွင်းနိုင်ငံတွေက အမျိုးသမီး၊ အမျိုးသား၊ မိန်းကလေးငယ်တွေကို ခေါ်ယူစုဆောင်းကြတယ်။ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ကိုယ်ပိုင်စီမံခွင့်ရ စီးပွားရေးဇုန်တွေ အများကြီး ရှိနေပေမယ့် ရွှေတြိဂံစီးပွားရေးဇုန်ကတော့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး နေရာဖြစ်နေတယ်။ Zhao Wei တို့က ဒုစရိုက်လုပ်ငန်းနဲ့ ငွေသိပ်တတ်နိုင်တာကြောင့် ပိတ်ဆို့အရေးယူခံထားရလဲ သူတို့ငွေတွေကို ကြိုက်သလို ရွှေ့ပြောင်းနေနိုင်ကြတယ်” လို့ ရှင်းလင်းပြောကြားခဲ့တယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး စီနီယာအရာရှိတစ်ဦးဖြစ်တဲ့ ဂျရမီဒေါက်ဂလက်စ်ကလည်း ဗီအိုအေသတင်းမှာ ဒီတရုတ်ကြီးစိုးတဲ့ ဒုစရိုက်ဇုန်ဟာ ၂၀၂၁ ခုနှစ် နှစ်စပိုင်းက မြန်မာစစ်အာဏာသိမ်းမှုနောက်မှာ ပိုပြီးလုပ်ကွက်ကောင်းလာကြောင်း၊ မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းခြင်းနဲ့အတူ ကမ္ဘာမှာ သီးခြား တစ်ကိုယ်တော်ဝါဒကို ကျင့်သုံးနေလို့ တရုတ်ကနေ ရွှေတြိဂံဒေသကို လူမှောင်ခိုလုပ်မှုလုပ်ငန်းဟာ ပိုပြီး ကြီးသထက်ကြီးလာကြောင်း ပြောကြားခဲ့တယ်။ မနှစ်က ဒီဇင်ဘာလမှာ အသက် ၂၀ ဝန်းကျင် ထိုင်းအမျိုးသမီး သုံးယောက်ကို NGO တစ်ခုက စီစဉ်ပေးမှုနဲ့ ကယ်ထုတ်နိုင်ခဲ့တယ်။ ရှမ်းအရှေ့မှာ လူမှောင်ခိုလုပ်တဲ့ တရုတ်တွေက သူတို့ကို မက်လောက်တဲ့လစာပေးမယ်ဆိုပြီး ဖေ့စ်ဘုတ်မှာကြော်ငြာတင်ပြီး စွဲဆောင်ရာက နားယောင်ပြီး သွားခဲ့တာဖြစ်ကြောင်း၊ ထိုင်းက ပွဲစားတစ်ယောက်ကနေတစ်ဆင့် ဆက်သွယ်ပြီး ရွှေတြိဂံကိုခေါ်ဆောင်ကာ ပြည့်တန်ဆာလုပ်ခိုင်းကြောင်း၊ အတင်းအကြပ် မူးယစ်ဆေးတွေသုံးခိုင်းကြောင်း၊ ခေါ်တုန်းက ဖျော်ဖြေရေး လုပ်ငန်းမှာလုပ်ရမယ်၊ တစ်လ ဘတ် ၅၀၀၀၀ ပေးမယ်ဆိုပြီး ခေါ်ယူပေမယ့် တကယ်တမ်းလိင်ကျွန်လုပ်ခဲ့ရပြီး အစာငတ်၊ ရေငတ်ထားသလို ရိုက်နှက်နှိပ်စက်မှုတွေပါလုပ်တယ်လို့ ထွက်ဆိုခဲ့ကြတယ်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ထုတ်တဲ့ Benar News ကလည်း အမျိုးသမီးနဲ့ကလေးငယ်များဖောင်ဒေးရှင်း ဆိုတဲ့ NGO တစ်ခုရဲ့ စစ်တမ်းကို ကိုးကားဖော်ပြရာမှာ မြန်မာ နိုင်ငံထဲမှာ လူမှောင်ခိုကူးခံရတဲ့ အရေအတွက်ဟာ ၂၀၂၁ ခုနှစ်က ၁၀၂ ယောက်ရှိပြီး ၂၀၂၂ ခုနှစ်မှာ နှစ်ဆ ကျော် ဖြစ်တဲ့ ၂၂၅ ယောက်အထိ မြင့်တက်လာတယ်လို့ ဖော်ပြထားတယ်။ ၂၀၂၁ ခုနှစ်က အမေရိကန်အခြေစိုက် ငြိမ်းချမ်းရေးအင်စတီကျုရဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံဟာ တရုတ်ရာဇဝတ်ဂိုဏ်းသားအုပ်စုတွေရဲ့ ဒုစရိုက်မှုကျူးလွန်ရာ ဗဟိုချက်ဖြစ်နေပြီလို့ ဖော်ပြတယ်။ ဒီဒုစရိုက်ကွန်ရက်ကြီးက အရှေ့တောင်အာရှတစ်ခွင် အရမ်းကျယ်ပြန့်စွာ တည်ရှိနေမှုမှာ အာဖရိကနဲ့အနောက်နိုင်ငံတွေအထိ လက်တံရှည်နေပြီလို့ ဆိုတယ်။

ကိုးကန့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားရာမှာ နိုင်ငံရေးနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြည်မ အစိုးရက ပတ်သက်စိုးမိုးခွင့်မရှိဘူး။ လုပ်နေသမျှ အလုပ်တွေကလည်း လောင်းကစားနဲ့ဆက်နွယ်တဲ့ လုပ်ငန်းတွေချည်းပဲ။ ကိုးကန့်အုပ်ချုပ်သူတွေနဲ့ တရုတ်ရာဇဝတ်ဂိုဏ်းသားတွေရဲ့ ဒုစရိုက်ကွန်ရက်ကြီးက ကြီးမားကျယ်ပြန့်စွာရှိနေကြောင်္ငး အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျုအဖွဲ့က သုံးသပ်ထုတ်ပြန်ထားတယ်။ မနှစ်က တစ်နှစ်တည်းမှာပဲ တရုတ်တရားရုံးတွေဟာ ဒီကိုးကန့်နဲ့ပတ်သက်တဲ့ တရားမဝင်ကာစီနို၊ လိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုမှုတွေနဲ့ပတ်သက်တဲ့ အမှုပေါင်း ရာချီ လက်ခံရရှိခဲ့ပါတယ်။

မနှစ်က ထိုင်းလူမှောင်ခိုကူးမှုတိုက်ဖျက်ရေး စီမံကိန်း (ATPD) မှာ ၂၀၂၁ ခုနှစ်က သူတို့နိုင်ငံထဲက လူပေါင်း ၁၈၈ ယောက် လူမှောင်ခိုကူးခံရတဲ့အနေအထားကနေ ၂၀၂၂ မှာ ၂၄၈ ယောက်အထိ မြင့်တက်ပြီး လူမှောင်ခို ကူးခံခဲ့ရတယ်လို့ ဖော်ပြပါရှိလာတယ်။ ဒီအမှုတွေရဲ့ တစ်ဝက်က အွန်လိုင်းပေါ်ကနေ အလုပ်လိမ်ခေါ်တဲ့ပုံစံကနေပဲ ဖြစ်ပျက်ခဲ့တာလို့လည်း ဆိုတယ်။

ကမ္ဘောဒီယားနိုင်ငံက လူမှောင်ခိုကူးမှုတွေကလည်း တရုတ်နိုင်ငံသားတွေပဲ အဓိက လုပ်နေတာဖြစ်လို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့ ဖနွမ်ပင်မှာ အာဆီယံအစည်းအဝေးမကျင်းပမီ ဝန်ကြီးချုပ် ဟွမ်ဆန်က နိုင်ငံအတွင်း တရားမဝင်လောင်းကစားနဲ့ လူမှောင်ခိုမှုတွေကို အမြစ်ဖြတ်ချေမုန်းဖို့ အမိန့်ထုတ်ခဲ့ရပါတယ်။ ကမ္ဘောဒီယား ပြည်တွင်းမီဒီယာတွေရဲ့အဆိုအရ ဒီစီမံကိန်းကနေ လောင်းကစားဗဟိုချက် Sihanoukville နဲ့ ဖနွမ်ပင်မြို့တွေမှာ လောင်းကစား၊ လူမှောင်ခိုနဲ့ပတ်သက်တဲ့ ဒုစရိုက်သမားပေါင်း ထောင်ချီကို ဖမ်းဆီးထောင်ချနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါလည်း ဒီလူမှောင်ခိုစျေးကွက်က တန့်မသွား ခဲ့ပါဘူး။ ဇန်နဝါရီ ၁၈ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံထဲမှာ အစိုးရတာဝန်ရှိသူတွေက ခရစ်ပတိုကာရန်စီ လုပ်ငန်းမှာ ငွေလိမ်တဲ့အလုပ်လုပ်ဖို့ လိမ်ညာအလုပ်ခေါ်ပြီး လူမှောင်ခိုကူးခံရတဲ့ ဖိလစ်ပိုင်နိုင်ငံသူ၊ နိုင်ငံသား အုပ်စုလိုက်ကို ကယ်တင်ခဲ့ရပါသေးတယ်။ ကမ္ဘောဒီယားမှာ ဒီလိုလောင်းကစားဇုန်ဗဟိုပြု ဒုစရိုက်လုပ်ငန်းတွေ အများအပြား ဖွင့်ခွင့်ပေးထားလို့ ဒေသတွင်းလူကုန်ကူးမှုဂယက်မှာ ကမ္ဘောဒီယားဟာလည်း နိုင်ငံအရှက်ရစေမှုတွေ ရှိနေပါတယ်။ ၂၀၂၂ ခုနှစ်တစ်နှစ်တည်းမှာပဲ ကမ္ဘောဒီးယားမှာ လူမှောင်ခိုကူးခံရသူပေါင်း ၃၅၉ ယောက်အထိ မြင့်တက် တည်ရှိလာတယ်။ ၂၀၂၁ ခုနှစ် ကမ္ဘောဒီးယားလူကုန်ကူးမှုတိုက်ဖျက်ရေးကော်မတီ ပထမခြောက်လအစီရင် ခံစာမှာ လူကုန်ကူးမှုနဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မခိုင်းစေမှုတွေအတွက် အမှုပေါင်း ၁၉၈ မှုကို စီရင်နိုင်ခဲ့တယ်လို့ ဆိုတယ်။

အရှေ့တောင်အာရှမှာ တရုတ်ရာဇတ်ဂိုဏ်းသားတွေအရိပ်မိုးတဲ့ ဒီလူမှောင်ခိုမှုတွေ၊ တရားမဝင်တဲ့ ဒုစရိုက်မှု ပေါင်းစုံ အုပ်မိုးပြီး အကျပ်ရိုက်နေရပါပြီ။ ဝေဖန်မှုတွေလည်း ကမ္ဘာချီပျံ့နှံ့နေပါတယ်။ ဒီလို တရုတ်တွေပဲ အဓိက ယုတ်မာနေတဲ့ဒုစရိုက်ကမ္ဘာကြီး အိမ်နီးချင်းနိုင်ငံတွေမှာ ဖွံ့ဖြိုးနေတဲ့အပေါ် တရုတ်အစိုးရက ဘာကြောင့် မျက်နှာလွှဲခဲပစ်လုပ်နေရသလဲ ဆိုတဲ့အကြောင်းကိုတော့ ဘယ်သူတစ်ယောက်ကမှ မသိနိုင်ကြပါဘူး။

လင်းမောင်

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now