ဆောင်းပါး

ရှုပ်ထွေးသော တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး

မဲခေါင် 18 Aug - 2023
လင်းမောင် မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုးပွားလာစေသလို တရုတ်အမျိုးသား အကျိုးစီးပွားကို အန္တရာယ်ကျရောက်စေတာ အသေအချာပါ။

လင်းမောင်

မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုးပွားလာစေသလို တရုတ်အမျိုးသား အကျိုးစီးပွားကို အန္တရာယ်ကျရောက်စေတာ အသေအချာပါ။ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း စစ်အာဏာ သိမ်းလိုက်တယ်။ စစ်တပ်အာဏာကို တွန်းလှန်တဲ့ တစ်နိုင်ငံလုံးသော လူထုအုံကြွမှုကြီးဖြစ်လာစေရုံသာမက တစ်ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကိုပါ ခြိမ်းခြောက်မှုအသစ်ကြီးတစ်ခု ထပ်တိုးလာပါတော့တယ်။ အကျိုးသက်ရောက်မှုမရှိတဲ့ စစ်အစိုးရရဲ့ ထိန်းချုပ်မှုရလဒ်အဖြစ် နယ်စပ်ဖြတ်ကျော် လူမှောင်ခိုမှုတွေ၊ ကွန်ပျူတာ ငွေလိမ်လုပ်ငန်းကြီးတွေ ကြီးထွားလာတော့တာပါပဲ။ ဒီဒုစရိုက်လုပ်ငန်းကြီးတွေဟာ မြန်မာနယ်စပ်ဒေသတွေမှာ အခြေစိုက်တယ်ဆိုပေမယ့် ကမ္ဘာရဲ့ ထောင့်တိုင်းနေရာတိုင်းကို သက်ရောက်ခြိမ်းခြောက်လာနေပြီဖြစ်ပါတယ်။ အထူးသဖြင့် ကြွယ်၀တဲ့စနစ်တကျဖွဲ့ထားသော တရုတ်ရာဇဝတ်ဂိုဏ်းကြီးတွေဟာ တရုတ်လူမျိုးတွေအပေါ် ပျက်စီးခြင်းများစွာကို ဖြစ်တည်လာစေပါတော့တယ်။

ဒီလိုအခြေအနေမှာ ပေကျင်းအစိုးရရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မူဝါဒက ရုတ်တရက်မြန်ဆန်စွာပြောင်းလဲသွားတယ်။ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ထောက်ပံ့သလို မြန်မာနိုင်ငံအတွင်းက တချို့သော အင်အား ကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ထောက်ပံ့ခြင်းနဲ့ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ဩဇာ အာဏာလွှမ်းမိုးနိုင်မှုအရှိန်ကို မြှင့်တင်ရယူလာတယ်။ နယ်စပ်ဒေသတွေမှာ တရုတ်ရာဇဝတ်ဂိုဏ်းကြီးတွေရဲ့ လက်တံကျယ်ပြန့်လာမှာကို တရုတ်ဘက်က အရမ်းစိုးရိမ်ပေမယ့် ဒီရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရေးထက် မြန်မာနိုင်ငံအတွင်း တရုတ်အကျိုးစီးပွားလုပ်ငန်းတွေ လုံခြုံမှုရှိရေးကိုသာ အဓိကအလေးအနက်ထား ခဲ့ကြတယ်။

မြန်မာ၊ ထိုင်း၊ တရုတ်နိုင်ငံ နယ်စပ်ဒေသတွေမှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ လူမှောင်ခိုမှုတွေ၊ လောင်းကစားနဲ့ မူးယစ်ဆေး၊ ကွန်ပျူတာလိမ်လည်မှုလုပ်ငန်းတွေ ချဲ့ထွင်လာပြီး ဆိုးဆိုးရွားရွား ဥပဒေမဲ့စွာနဲ့ ကမ္ဘာ့ နေရာအသီးသီးကို အကျိုးသက်ရောက်လာမှုဟာ နိုင်ငံတကာအသိုင်းအဝိုင်းဘက်ကသာ ပိုပြီး စိုးရိမ်ဖို့လို နေသလိုဖြစ်လာတယ်။ မြန်မာ့အရေး ပဋိပက္ခကြီးထွားလာခြင်းနဲ့ မြန်မာအခြေစိုက် ရာဇဝတ်ဂိုဏ်းကြီးတွေ တရားမဝင် လုပ်ဆောင်မှုတွေ ချဲ့တွင်လာခြင်းအပေါ် တရုတ်ဟာ သူလိုချင်တာဖြစ်စေဖို့သာ အဓိက ထားပြီး ကိုင် တွယ်စီမံခဲ့တယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ တရုတ်ရဲ့အကာအကွယ်နောက်က ဗျူဟာကို သိပေမယ့် သူတို့ မှာ တရုတ်ဆီက အထောက်အပံ့လည်း လိုချင်ကြတယ်။ ဒါကြောင့် အာဏာသိမ်းပြီး လအတော်ကြာမှာ မင်းအောင်လှိုင်ဟာ ပိုမိုအားကောင်းတဲ့ တရုတ်အထောက်အပံ့အကာအကွယ်ရဖို့ တရုတ်ကသူ့ကို ဖိတ်ကြားဖို့ အရေး စီစဉ်ခဲ့ကြောင်း သူ့စစ်ကောင်စီအတွင်းလူကပဲ ထုတ်ဖော်ပြောဆိုသွားတယ်။ မင်းအောင်လှိုင်က သူလိုတဲ့ အကူအညီရဖို့ ကချင်ပြည်နယ်ထဲက အဆုံးစွန်အထိ အငြင်းပွားခဲ့ရတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကြီး တရုတ် ကို ပြန်အသက်ဆက်ပေးလုပ်ဖို့ မျက်နှာလိုမျက်နှာရ ကမ်းလှမ်းတယ်။ ဒီဆည်စီမံကိန်းကြီးက ၂၀၁၁ ကတည်းက ရပ်တန့်သွားတာပါ။ ဒီလုပ်ငန်းဆက်လုပ်ခွင့်ပေးမယ် သူ့ကို ပေကျင်းကိုခေါ်ပါဆိုပြီး ကမ်းလှမ်းတာလို့ စကစ အတွင်းလူက ပြောသွားတာဖြစ်ပါတယ်။

ဒီသန္ဓေမျိုးနဲ့ပဲ တရုတ်ဘက်က လုံခြုံရေးအာမခံချက် ဘယ်တော့ အပြည့်ပြန်ပေးမလဲလို့ တန်ပြန်မေးခွန်းထုတ်ဖိအားပေးခဲ့တယ်တဲ့။ ဇွန်လ အစောပိုင်းမှာ စစ်ကိုင်းလက်ပန်းတောင်းတောင် ကြေနီစီမံကိန်းနဲ့တခြား ကြေးစီမံကိန်းတွေအတွက် လုံခြုံရေးအသင့်ဖြစ်စေရပါမယ်လို့ မင်းအောင်လှိုင်ဘက်က ကတိပြန်ပေးခဲ့သတဲ့။ ဒါကြောင့် စီမံကိန်းအနီးအနားက ဒေသခံ ၅၀၀၀ ကျော်ကို အလျှင်စလို နေရာရွှေ့ပြောင်း ပေးခဲ့တယ်။ ၂၀၂၂ နှစ်ကုန်အပြီး တရုတ်ဟာ စစ်အစိုးရနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ လက်တွေ့အကောင်အထည် ဖော်ကြိုးစားမှုတွေ မြှင့်တင်လုပ်ဆောင်လာတယ်။ စစ်ကောင်စီကို နိုင်ငံရေးအရ ပိုမိုထောက်ပံ့ကူညီမှုတွေ ပေးလာ တယ်။ မေလက တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်း မြန်မာနိုင်ငံလာလည်တော့ စစ်ဘက်ဆိုင်ရာဌာနအားလုံးနဲ့ ဆက်ဆံရေးပိုင်းအားလုံး တိုးမြှင့်လုပ်ဆောင်မယ်လို့ ထုတ်ပြန်အသိပေးသွားတယ်။

တစ်ပြိုင်တည်းမှာပဲ စစ်ကောင်စီနဲ့ အတိုက်အခံဆန့်ကျင်တော်လှန်အဖွဲ့တွေနဲ့ ခပ်ခွာခွာနေလိုက်တယ်။ ၂၀၂၁ အောက်တိုဘာလကတည်းက အရင်အစိုးရ (NLD အစိုးရ) တာဝန်ရှိသူအားလုံးနဲ့ အဆက်အသွယ် လုံး၀ ဖြတ်ခဲ့တာပါ။ ၂၀၂၃ နှစ်စပိုင်းမှာ တရုတ်ဟာ သူ့လက်တံအောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ NUG နဲ့ ဆက်စပ်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ PDF တွေနဲ့ ပတ်သက်ခြင်းကို လျှော့ချဖြတ်တောက်ဖို့ ဖိအားပေးပြီး ကတိကဝတ်တွေ တောင်းလာခဲ့တယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကြီးက ဒေသဆိုင်ရာအစိုးရနဲ့ တရုတ် စီးပွားရေးလုပ်ငန်းစုကြီးတွေအတွက် မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာကိုဖောက်မယ့် လမ်းကြောင်းကြီးက သူတို့ဒေသကို စီးပွားရေးဖွံ့ဖြိုးမှုအကြီးကြီး ရှိစေမှာကို သိထားကြတယ်။ ဒါကြောင့် မြန်မာစစ်ကောင်စီနဲ့ ပိုပြီး လက်တွဲအလုပ်လုပ်ဖို့ လှုပ်ရှားမှုများစွာ လုပ်လာကြတယ်။ ယူနန်အစိုးရအဖွဲ့က စီးပွားရေးအလုပ်အကိုင်သစ်တွေ၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို သူတို့ဘက်က လုပ်ဆောင်နိုင်ရေး စစ်ကောင်စီရယ် စစ်ကောင်စီနဲ့ နီးကပ်ပတ်သက်တဲ့ လုပ်ငန်းစုတွေရယ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကြားခံ ဆွေးနွေးရေးအစီအစဉ်တွေကို ချမှတ်စီမံပေးလာတယ်။

အနှစ်ချုပ်ပြောရရင်တော့ တရုတ်အစိုးရဟာ သူတို့စီးပွားရေးအကျိုးအမြတ်၊ စီးပွားရေးချဲ့တွင်မှု၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်သွားချင်တဲ့ ဆန္ဒကို ပေါ်ပေါ်တင်တင် ပြသလိုက်တာပဲ။ မြန်မာနိုင်ငံ ဒီမိုကရေစီရဖို့အရေး အနောက်နိုင်ငံတွေရဲ့ အားပေးထောက်ခံနေမှုကို မသိကျွိုးကျွံ နေလိုက်တယ်။ စစ်ကောင်စီကို ဆန့်ကျင်နေဦးမယ့် EAOs တွေ၊ PDF တွေနဲ့ မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ စစ်ကျွံမခံလိုမှုအားလုံးကို ဆန့်ကျင်ပြီး မြန်မာစစ်ကောင်စီရဲ့ အာဏာစက် ပိုကြီးမားစေဖို့ကို ကူညီထောက်ပံ့ ပေးနေတော့တာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းက သူတို့နယ်စပ်ဒေသနဲ့ နီးစပ်တဲ့ အင်အားတောင့်တင်း EAOs တွေရယ်၊ ဒီအဖွဲ့တွေနဲ့ ပေါင်းဖွင့်ထားတဲ့ တရုတ်နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်းတွေရဲ့ အကျိုးစီးပွား၊ တစ်နည်းအားဖြင့် နယ်စပ်မှာ တရုတ်အင်တာနက်ဖြတ်တောက်မှု၊ ဘဏ်နဲ့ငွေကြေးဖလှယ်မှုစနစ်ပိတ်ပင်မှုတွေ ကို လုံး၀ မလုပ်ခဲ့ပါဘူး။ ဘယ်တော့မှလည်း လုပ်လိမ့်မှာ မဟုတ်ပါဘူး။ မြန်မာပြည်မြောက်ပိုင်းရဲ့ ရင်းမြစ်ကြွယ်၀မှု၊ ဓာတ်သတ္တုသိုက်ကြီးတွေအများအပြားတည်ရှိနေမှု၊ ဖြစ်နိုင်ခြေ ရေအားလျှပ်စစ်စီမံကိန်း နယ်မြေတွေရှိနေမှုတွေကြောင့်၊ ဒီထက်ပိုကြီးမားတဲ့ ရည်မှန်းချက်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် မြန်မာနိုင်ငံဖြတ်ကျော်လမ်းကြီးဟာ ဒီ EAOs ထိန်းချုပ်ဒေသတွေကို ဖြတ်သွားရမှာကြောင့် သူတို့နဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းကြီးတွေကို လုံး၀မထိစေဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတော့တယ်။

#MeKongNews

#တရုတ်

#လူမှောင်ခို

#ငွေလိမ်လုပ်ငန်း

#မြစ်ဆုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

အထူးဒေသ(၄)မိုင်းလားနဲ့ စစ်ကောင်စီရဲ့ တရုတ်သွင်းကုန်/ပို့ကုန် လွန်ဆွဲပွဲ

၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်နဲ့ စစ်ဆင်ရေးပြီးအခြေအနေတွေကြောင့် တရုတ်နဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် တရုတ်နဲ့သွင်းကုန်/ထုတ်ကုန်တွေကို ရှမ်းအရှေ့ အထူးဒေသ(၄)မိုင်းလားကနေတဆင့် ကုန်သွယ်နေရတာပါ။
ဆောင်းပါး

China Strengthens Its Repression of Press Freedom

On May 3, the globe observed globe Press Freedom Day. However, alarming

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Thailand sales decline, but Chinese EV manufacturers keep up their pricing fight

Chinese manufacturers are struggling to carve out a niche for themselves in Thailand's Electric Vehicle (EV) industry due to fierce

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စဝ်ခွန်ဆိုင်၊ SSPP/SSA၊ ရှမ်းလူထုနဲ့ ပကတိလားရာ

လွန်ခဲ့တဲ့ နှစ်နှစ်က ကျင်းပတဲ့ ရှမ်းပြည်တပ်မတော်နေ့ အခမ်းအနား တခုမှာ SSPP/SSA ဝါရင့် နာယကကြီး ဗိုလ်ချုပ်ကြီး ဆေထင်က အခုလိုပြောဖူးတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြပါတော့မယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ စည်ကားခဲ့တဲ့ ကုန်တိုက်ကြီးတွေဟာ အခုတော့ ဆိတ်ကွယ်ရာအရပ်ကြီးတစ်ခုလို ဖြစ်နေခဲ့ပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now