စီးပွားရေး

ငွေစက္ကူသစ် ဈေးကွက်ဝင်ရောက်မှုအခြေအနေ စောင့်ကြည့်နေတာကြောင့် စီးပွားရေးကဏ္ဍအလိုက် ဈေးကွက်မဖွင့်နိုင်

မဲခေါင် 2 Aug - 2023
စစ်ကောင်စီထုတ်ဝေတဲ့ နှစ်သောင်းတန်ငွေစက္ကူ ဈေးကွက်အတွင်းဝင်ရောက်မှု အခြေနေစောင့်ကြည့်နေတာကြောင့် အခြေခံကုန်ပစ္စည်းအချိူ့နဲ့ ၊ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီဈေးကွက် အရောင်းပိတ်ထားတယ်လို့ ဈေးကွက်အတွင်း သတင်းအရ သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၂

စစ်ကောင်စီထုတ်ဝေတဲ့ နှစ်သောင်းတန်ငွေစက္ကူ ဈေးကွက်အတွင်းဝင်ရောက်မှု အခြေနေစောင့်ကြည့်နေတာကြောင့် အခြေခံကုန်ပစ္စည်းအချိူ့နဲ့ ၊ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီဈေးကွက် အရောင်းပိတ်ထားတယ်လို့ ဈေးကွက်အတွင်း သတင်းအရ သိရပါတယ်။

ငွေစက္ကူအသစ် နှစ်သောင်းတန်ကို ဇူလိုင်လ ၃၁ ရက်နေ့ စတင်ဖြန့်ဝေလိုက်ချိန်မှာ ရွှေဈေးကွက်၊ ဒေါ်လာဈေးကွက်၊ ဆေးဝါးဈေးကွက်၊ ဆန်ဈေးကွက်၊ စားသုံးဆီ ဈေးကွက်အပါအဝင် ဈေး ကွက်များတွင် အရောင်းပိတ်ထားတယ်လို့ သိရပါတယ်။

“ဒီနေ့က ပိတ်ရက်ကြီး ဖြစ်တဲ့အတွက် ဈေးကွက်မဖွင့်နိုင်တာလည်း ပါတယ်၊ နောက်သူတို့ပြောတဲ့အကန့်အသတ်နဲ့ထုတ်မယ်ဆိုတာစောင့်ကြည့်ရမယ်၊ ဈေးကွက်ထဲ့ အလုံးအရင်းဝင်လာမလား၊ ပြောသလိုဘဲဖြစ်မလားဆိုတာ၊ စောင့်ကြည့်နေတယ်၊ မရောင်းရဲမဝယ်ရဲဆိုတော့၊ ဈေးကွက်မဖွင့်ရဲကြဘူးလို့ “အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ငွေစက္ကူအသစ်ရိုက်ထုတ်မယ့်သတင်းထွက်ရှိပြီး ချိန်မှာတော့ ကုန်ပစ္စည်းတန်ဖိုးများမှာ ၂၀ ရာခိုင်နှုန်းနီးပါးမြင့်တက်လျက်ရှိပြီး၊ အကန့်အသတ်နဲ့ ထုတ်ဝေမယ့် ကြေညာချက်မှန်ကန်ပါက ငွေကြေးဖောင်းပွမှုက ၁၀ ရာခိုင်နှုန်းဖြင့်သာငြိမ်သက်နိုင်ပေမယ့် ၊ အကန့်အသတ်မရှိ ဈေးကွက်ထဲဝင်ရောက်လာပါက ၃၀ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ယနေ့ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ၃၆သိန်း၊ ပေါက်ဈေးရှိပြီး ၊ စစ်ကောင်စီက ၂သောင်းတန်ထွက်ရှိမယ်လို့ ကြေညာချက်ထုတ်ပြန်ပြီးကတည်းက ရွှေလုပ်ငန်းရှင်တွေကို အဖမ်းဆီးကြမ်းနေတာကြောင့် ယနေ့အချိန်ထိ ဈေးကွက်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါဘူး။

“ပိတ်ရက်ဆိုတော့သိပ်မထူးဘူး၊ ၂ ရက်ရှိပြီး ဈေးတန်းတစ်ခုမှာငြိမ်နေတာ၊ ၂သောင်းတန်ကြောင့် ရွှေကထပ်ပြီး ဂယက်မထနိုင်တော့ဘူး၊ သိပ်အများကြီးမပြောင်းလဲနိုင်ဘူး၊ အပြောင်းအလဲတွေက ဖြစ်ပြီးသွားပြီး၊ ထပ်ဖြစ်စရာမရှိလောက်တော့ဘူး” လို့ ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

နိုင်ငံခြားငွေ ဈေးကွက်မှာလည်း ဈေးကွက်ပိတ်ထားပေမယ့် နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ဒေါ်လာဈေးများကျဆင်းလာမည်ကိုစိုးရိမ်ကာ ဈေးကြီးမြင့်စွာဝယ်ထားသူများ ပြန်လည်ရောင်းချမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက ငွေစက္ကူအသစ်ထုတ်ဝေရာမှာ အထိန်းအမှတ်သဘောမျိူး အကန့်အသတ်ဖြင့်သာ ထုတ်ဝေမယ်လို့ ပြောဆိုထားပေမယ့် လက်ရှိ ငွေစက္ကူမှာ ဂဏန်း ခုနစ်လုံးရဲ့နောက်မှာ အက္ခရာပါထပ်မံထည့်ထားသည့်အတွက် အလုံးအရင်းလိုက်ဝင်လာမည်ကို လုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

“တစ်ချိူ့လုပ်ငန်းရှင်တွေက အရောင်းကိုပိတ်ချလိုက်တယ်၊ ဈေးတက်မှထုတ်ရောင်းတယ်၊ ခေတ်ပျက်ထဲ့ ဂုတ်သွေးစုပ်နေတဲ့သဘော၊ လောဘကြီးမှုရဲ့တန်ပြန်သက်ရောက်မှုက ကုန်ဈေးနှုန်းမြင့်နေတဲ့အတွက်၊ လုပ်ခလစာတိုးတောင်းမယ်၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမယ်၊ ဈေးတွေမြင့်တက်လာရင်၊ အရောင်းအဝယ်ရပ်နားထားရမယ်၊ ဆင့်ကဲဖြစ်စဉ်တွေမှာ ထိခိုက်မှုတွေရှိလာမယ်လို့” စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့မှာ လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်တာနဲ့ပတ်သက်ပြီး၊ ခြေတစ်လှမ်းအရွေ့ သဘောဖြစ်ပြီး အကောင်းဘက်သို့ရွေ့လာပါက ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုပါ ထိန်းကျောင်းနိုင်မယ်လို့လည်း ပညာရှင်များက ပြောဆိုထားပါတယ်။

MK-006

#MeKongNews

#နှစ်သောင်းတန်

#စစ်ကောင်စီ

#ဈေးကွက်

#နိုင်ငံခြားငွေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now