ကမ္ဘာ့သတင်း

၄ လကြာခံစစ်ပြင်တိုက်ခိုက်ခဲ့တဲ့ အဗ်ဒစ်ကာမြို့ကနေ ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာပေးလိုက်ရ

မဲခေါင် 19 Feb - 2024
ယူကရိန်းနိုင်ငံ ဒိုးနက်စ်ဒေသရဲ့ အဗ်ဒစ်ကာမြို့ကို ယူကရိန်းတပ်တွေဟာ အောက်တိုဘာလကတည်းက ကြံ့ကြံ့ ခံလို့ ရုရှားထိုးစစ်ကို ဟန့်တားနေခဲ့ပေမယ့် မြို့ကို စွန့်ခွာနောက်ဆုတ်ပေးဖို့ အမိန့်ပေးလိုက်ကြောင်း ယူကရိန်း ကာကွယ်ရေးဦးစီးချုပ်သစ် အိုလက်ဆန္ဒား ဆာဆကီယီက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ အတည်ပြုထုတ်ပြန်သွားပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၈

ယူကရိန်းနိုင်ငံ ဒိုးနက်စ်ဒေသရဲ့ အဗ်ဒစ်ကာမြို့ကို ယူကရိန်းတပ်တွေဟာ အောက်တိုဘာလကတည်းက ကြံ့ကြံ့ ခံလို့ ရုရှားထိုးစစ်ကို ဟန့်တားနေခဲ့ပေမယ့် မြို့ကို စွန့်ခွာနောက်ဆုတ်ပေးဖို့ အမိန့်ပေးလိုက်ကြောင်း ယူကရိန်း ကာကွယ်ရေးဦးစီးချုပ်သစ် အိုလက်ဆန္ဒား ဆာဆကီယီက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ အတည်ပြုထုတ်ပြန်သွားပါတယ်။

ရုရှားတပ်တွေဟာ မြေပြင်ထိုးစစ်မှာ စစ်သည်အင်အား ၁၅၀၀၀ ကျော်ကို အသုံးပြုတိုက်ခိုက်နေချိန် လေကြောင်း ကလည်း ယူကရိန်းခံစစ်ကြောင်းဘက် တစ်နေ့ ဂလိုက်ဒါဗုံးအလုံး ၆၀ ထက်မနည်း ဆက်တိုက်ကျဲချနေသလို မတ်လ ရုရှားရွေးကောက်ပွဲမတိုင်ခင် အဗ်ဒစ်ကာမြို့ကို အပြီးသိမ်းဖို့ ပူတင်ဘက်က အမိန့်ပေးထားပြီး စစ်အင်အားအလုံးအရင်းထပ်တိုးမှာဖြစ်လို့ နိုင်ငံသားကောင်း စစ်သည်တွေအသက်ကို မစွန့်လွှတ်နိုင်လို့ ပိုကောင်းတဲ့ ခံစစ်ဇုန်နေရာဆီ တပ်ဆုတ်ခုခံသွားမှာဖြစ်တယ်လို့ ဆာဆကီယီက ရှင်းလင်းပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကမှ ကြည်းတပ်ချုပ်အဖြစ်ကနေ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တင်မြှောက်ခံရတဲ့ ဆာဆကီယီ အတွက် ပထမဆုံးသော ဖိအားကို ကြုံရတာဖြစ်ပြီး ပိုမိုရဲရင့်လို့ ရုရှားကို အပြုတ်တိုက်နိုင်ရေး ဒီရာထူးပေးခဲ့တာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်းစကီးက ထောက်ခံပြောဆိုခဲ့တာကြောင့် တပ်ဆုတ်ရတဲ့ အမိန့်ပေးရမှုဟာ မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ ဆာဆကီယီဟာ ခေါင်းမာပြီး ဘက်ခ်မတ်မြို့တိုက်ပွဲမှာ ၉ လကြာ ခုခံစေခဲ့တဲ့အတွက် ယူကရိန်းစစ်သည်များစွာ အသက်စွန့်ခဲ့ရလို့ တစ်ဖက်က ဝေဖန်မှုခံခဲ့ရသူဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန် လွတ်တော် အတွင်း ရီပါဘလစ်ကန်အမတ်တွေဘက်က ယူကရိန်းကို ထောက်ပံ့ဖို့ သမ္မတ ဂျိုးဘိုင်ဒန် အဆိုပြုထားတဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၆၀ ဘီလီယံ မရရှိနိုင်သေးခြင်း၊ အီးယူနဲ့ အနောက်မဟာမိတ်တွေဆီက လက်နက် ထောက်ပံ့မှုတွေ နှောင့်နှေးခြင်းတွေကြောင့် အဗ်ဒစ်ကာစစ်မြေပြင်မှာ စစ်ပန်းပြီး လက်နက် အင်အားနည်းပါး တာကြောင့်လည်း ဆုတ်ခွာပေးလိုက်ရတာမျိုးဖြစ်ပါတယ်။

Ref: theweek
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူး ခြေချနိုင်ဖို့ အမေရိကန် ကူညီမယ်

တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now