မဲခေါင်၊ မတ် ၇
ထွက်ပေါ်ပေါက်ကြားလာတဲ့ မှတ်တမ်းတွေအရ အမေရိကန်ဟာ ဂူအမ်ကျွန်းမှာ အခြေစိုက်ထားရှိတဲ့ လေတပ် စခန်းကနေ နောက်ဆုံးပေါ် အသံထက်မြန်တဲ့ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ပြီး ရုရှားကို ခြိမ်းခြောက် ဖိအားပေးဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။
ဂူအမ်လေတပ်အခြေစိုက်စခန်းမှာ မြင်ရတဲ့ AGM-183 ဒုံးကျည်ဟာ တစ်နာရီ မိုင် ၁၅၀၀၀ နှုန်းနဲ့ ပျံသန်းနိုင်ပြီး ဒုံးကျည်မြှင့်တင်ပို့လွှတ်လောင်စာကန်ကနေ အာကာသ လေဟာပြင်ထဲ B-52H ဗုံးကျဲလေယာဉ်ကနေ ပစ်လွှတ်ပြီး အာကာသထဲရောက်မှ မိုင် ၁၀၀၀ အကွာအဝေးမှာရှိတဲ့ ရန်သူပစ်မှတ်ကို အတားအဆီးမရှိ ပစ်ခတ် နိုင်စွမ်းရှိစေဖို့ တီထွင် ထုတ်လုပ်ထားတာလို့ ဆိုပါတယ်။
ဒီ AGM-183 ဒုံးကျည် ၈ လုံးအထိ အမေရိကန် ပိုင်ဆိုင်ထားပြီး ဒီလို ဝေဟင်မှ အာကာသထဲပစ်လွှတ်ပြီးမှ မြေပြင် ပစ်မှတ်ကို အတိအကျပစ်နိုင်တဲ့ ဒုံးကျည်မျိုးပိုင်ဆိုင်တာ တရုတ်တစ်နိုင်ငံတည်းသာ ရှိပါတယ်။
အမေရိကန်ဘက်ကတော့ ဒီပေါက်ကြားဓာတ်ပုံတွေဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဂူအမ် လေတပ်အခြေ စိုက်စခန်းမှာ စစ်အင်ဂျင်နီယာတွေ လက်နက်နဲ့ ရင်းနှီး စေဖို့ ထုတ်ပြသတာသာဖြစ်တယ်လို့ ရှင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။
Ref:Thesun
MKF-001