ကမ္ဘာ့သတင်း

တတိယကမ္ဘာစစ်အတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်ဖို့ တင့်ကားဒါဇင်ချီကို ဗြိတိန် ပြည်ပစေလွှတ်

မဲခေါင် 16 Feb - 2024
ဗြိတိန်ဟာ ရုရှားနဲ့ နေတိုးအနောက်အင်အားစုအကြား တင်းမာနေမှုကနေ တတိယကမ္ဘာစစ်ဖြစ်လာနိုင်လို့ ကြိုတင်စစ်ရေးလေ့ကျင့်ပြင်ဆင်မှုအဖြစ် နိုင်ငံထုတ် အကောင်းဆုံးတင့်ကားဖြစ်တဲ့ Challenger 2 တင့်ကား တွေကို အင်္ဂလန်ရေလက်ကြားနဲ့ ဒိုဗာရေလက်ကြား အကြား ၂၃ မိုင်ကျော် ရေအောက်ကဖောက်လုပ်ထားတဲ့ ချန်နယ်ဥမင်လှိုင်ခေါင်း (Channel Tunnel) ကနေ ဥရောပ နိုင်ငံတွေဆီ ဒါဇင်ချီ စေလွှတ်နေပြီဖြစ်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၆

ဗြိတိန်ဟာ ရုရှားနဲ့ နေတိုးအနောက်အင်အားစုအကြား တင်းမာနေမှုကနေ တတိယကမ္ဘာစစ်ဖြစ်လာနိုင်လို့ ကြိုတင်စစ်ရေးလေ့ကျင့်ပြင်ဆင်မှုအဖြစ် နိုင်ငံထုတ် အကောင်းဆုံးတင့်ကားဖြစ်တဲ့ Challenger 2 တင့်ကား တွေကို အင်္ဂလန်ရေလက်ကြားနဲ့ ဒိုဗာရေလက်ကြား အကြား ၂၃ မိုင်ကျော် ရေအောက်ကဖောက်လုပ်ထားတဲ့ ချန်နယ်ဥမင်လှိုင်ခေါင်း (Channel Tunnel) ကနေ ဥရောပ နိုင်ငံတွေဆီ ဒါဇင်ချီ စေလွှတ်နေပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကနေစတင်ပြီး နေတိုးမဟာမိတ်တပ်တွေဟာ သမိုင်းမှာ အကြီးမားဆုံး ပူးပေါင်း စစ်ရေး လေ့ကျင့်မှုအဖြစ် ၃၂ နိုင်ငံက စစ်သည် ၉၀၀၀၀ နဲ့ လေယာဉ်၊ သင်္ဘော၊ ရဟတ်ယာဉ်၊ ဂျက်လေယာဉ်၊ တင့်ကား၊ သံချပ်ကာကားတွေအပါ အဆင့်မြင့်လက်နက်တွေနဲ့ မဟာဗျူဟာကျတဲ့ နေရာတွေမှာ ပူးပေါင်းလေ့ကျင့်ကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဗြိတိန်ဟာ တပ်သား ၂၀၀၀၀ စေလွှတ်မှာဖြစ်ပြီး ယူကရိန်းကို ထောက်ပံ့ပေးအပ်ထားတဲ့ အဆင့် အမြင့်ဆုံး Challenger 2 တင့်ကား ဒါဇင်ချီကို ဂျာမနီကို ဦးစွာစေလွှတ်ပေးပြီး စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ တင့်ကားတပ်ဖွဲ့ဝင် ၅၀ ကျော်ကို အရင် စေလွှတ်တာဖြစ်ပါတယ်။

၁၉၈၄ ခုနှစ်က ခြင်္သေနှလုံးသား စစ်ရေးလေ့ကျင့်မှုမှာ ဗြိတိန် စစ်သည် ၁၃၂၀၀၀ စေလွှတ်ခဲ့ပြီးနောက် အခုတစ်ကြိမ်က အများဆုံးစေလွှတ်မှု ဖြစ်ပြီး သံချပ်ကာကားတပ်ကိုလည်း အလုံးအရင်း စေလွှတ်ပေးမှာဖြစ်ပါတယ်။

ဗြိတိန်တပ်မတော်မှာ Challenger 2 တင့်ကား၂၁၃ စီးရှိပြီး မနှစ်က ယူကရိန်းကို ၁၄ စီးပေးအပ်ခဲ့ပါတယ်။ ဒီထဲမှာ တစ်စီးက ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် ထိမှန်ပေမယ့် လိုက်ပါသူ ၃ ယောက်စလုံး အသက်ရှင်သန်ပြီး အခု ပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပါပြီ။

နောက်ထပ် ၁၈ စီးကို အက်စတိုးနီးယားက နေတိုးခံစစ်ဇုန်ထံ စေလွှတ်ပေးထား ပြီး လက်ရှိ တင့်ကားလက်ကျန်တွေကို နည်းပညာအဆင့် ထပ်မံမြှင့်တင်မှုလုပ်ပြီးတာနဲ့ ၁၄၈ စီးကို ထပ်မံ စေလွှတ်မယ်လို့ သိရှိရပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူး ခြေချနိုင်ဖို့ အမေရိကန် ကူညီမယ်

တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now