ကမ္ဘာ့သတင်း

ရုရှားနိုင်ငံ ဒါဂက်စ္စတန်ဒေသမှာ လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်ပွားပြီး ခရစ်ယာန်ဘုန်ကြီး လည်လှီးသတ်ခံရသလို ရဲတပ်ဖွဲ့ဝင် ၁၉ ယောက်ပါ သေဆုံး

မဲခေါင် 25 Jun - 2024
ရုရှားနိုင်ငံတောင်ပိုင်း မွတ်ဆလင်လူမျိုး အများစုနေထိုင်တဲ့ ဒါဂက်စတန်ဒေသက မြို့ ၂ မြို့မှာ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကိုင် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဂျူးလူမျိုး အော်သိုဒေါ့ခရစ်ယာန်ဘာသာဝင် ဘုန်းကြီးကို မိသားစုရှေ့မှာပဲ လည်လှီးသတ်ဖြတ်ခဲ့သလို ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၁၉ ဦးလည်း သေဆုံးခဲ့ရကြောင်း ဇွန် ၂၄ ရက်မှာ ရုရှားမီဒီယာတွေက ထုတ်ပြန်ဖော်ပြကြပါတယ်။

မဲခေါင်၊ ဇွန် ၂၅

ရုရှားနိုင်ငံတောင်ပိုင်း မွတ်ဆလင်လူမျိုး အများစုနေထိုင်တဲ့ ဒါဂက်စတန်ဒေသက မြို့ ၂ မြို့မှာ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကိုင် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဂျူးလူမျိုး အော်သိုဒေါ့ခရစ်ယာန်ဘာသာဝင် ဘုန်းကြီးကို မိသားစုရှေ့မှာပဲ လည်လှီးသတ်ဖြတ်ခဲ့သလို ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၁၉ ဦးလည်း သေဆုံးခဲ့ရကြောင်း ဇွန် ၂၄ ရက်မှာ ရုရှားမီဒီယာတွေက ထုတ်ပြန်ဖော်ပြကြပါတယ်။

ဒါဂက်စ္စတန်နီဒေသရဲ့ မြို့တော် ဒါဘန့်နဲ့ မကက်ချ်ကာလာမှာ နေရာတော်တော်များများ မီးခိုးလုံးတွေ အူထနေခဲ့ပြီး အနက်ရောင်ဝတ် စက်သေနတ်ကိုင်ဆောင်သူတစ်စုက အကြမ်းဖက်တိုက်ခိုက်တာဖြစ်ပါတယ်။

ဒီအကြမ်းဖက်မှုမှာ ဒါဘန်မြို့က အော်သိုဒေါ့ခရစ်ယာန်ဘုရားကျောင်းမှာ နှစ်ပေါင်း ၄၀ ဘုန်းတော်ကြီးလုပ်ခဲ့သူ ၆၆ နှစ်ရှိ နီကိုလိုင်ကိုတယ်လ်နီကော့ဗ်ကို မိသားစုရှေ့မှာတင် လည်လှီးသတ်ဖြတ်သွားခဲ့ပြီး ရဲတွေ လုံခြုံရေးယူထားတဲ့ အဆောက်အအုံထဲကိုလည်း မီးလောင်ဗုံးတွေပစ်သွင်းပြီးမှ ဝင်ရောက်ပစ်ခတ်လို့ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၁၉ ယောက်ပါ သေဆုံးကြောင်း သိရပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုဟာမြို့နှစ်မြို့ နေရာအနှံ့မှာဖြစ်ပွားခဲ့လို့ ဒီထက်ပို သေဆုံး မှုမြင့်တက်လာနိုင်ကြောင်း ဒေသခံရုရှားသတင်းတွေက ဆိုပါတယ်။

ရုရှား အမျိုးသားအကြမ်းဖက်မှုဆန့်ကျင်ရေးကော်မတီ အဆိုအရ တစ်နေရာတည်းမှာ လူအများဆုံးသေအောင် ပစ်ခတ်သွားတဲ့ အကြမ်းဖက်သမား ၆ ယောက်ကို စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ပြီး ဒီဖြစ်ရပ်ဆိုးကို ကိုင်တွယ်ဖြေရှင်း သွားမှာဖြစ်ကြောင်း၊ ဒါဂက်စ္စတန် ဒေသအတွက် သာမက ရုရှားတစ်နိုင်ငံလုံးအတွက် ဝမ်းနည်းခံပြင်းစရာ အကြမ်းဖက်ခံရမှုလို့ ထုတ်ပြန်သွားပါတယ်။

ဒါဂက်စ္စတန်ဒေသဟာ မွတ်ဆလင်အများဆုံး နေထိုင်ခဲ့လို့ ချေချင်ညာ ခွဲထွက်အဖွဲ့ရဲ့ သီးခြားလွတ်လပ်ရေးတိုက်ပွဲတွေ ကြုံခဲ့ရသလို နောက်ပိုင်း ရုရှားစစ်တပ်က အင်အားသုံး ဖိနှိပ်ခဲ့ပေမယ့် အစ္စလာမ္မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့တွေရဲ့ တော်လှန်မှုတွေ ဆက်ရှိခဲ့ပြီး ခရစ်ယာန်ဘုန်းတော်ကြီးကို လည်လှီးသတ်သွားပုံအရ အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ လက်ချက်သာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ပူတင်ထောက်ခံ လွှတ်တော်အမတ် ဂတ်ဇီယက်ဗ်က ဒီအကြမ်းဖက် တိုက်ခိုက်မှုဟာ ယူကရိန်းနဲ့ နေတိုးတို့ နောက်ကွယ်က ကြိုးကိုင်စီစဉ်တာ သေချာကြောင်း တယ်လီဂရမ် လူမှုကွန်ယက်ပေါ် ရေးသားဝါဒဖြန့် သွားပါသေးတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ကလည်း မော်စကိုက လူပေါင်း ၆၀၀၀ ရှိတဲ့ ခရိုကက်စ် မြို့တော်ခန်းမရုံ စတိတ်ရှိုးပွဲကို လက်နက်ကိုင် အကြမ်းဖက်သမားတွေ ဝင်ရောက်ပစ်ခတ်လို့ အနည်းဆုံး ၁၃၉ ယောက် သေဆုံးတဲ့ ဖြစ်စဉ်တုန်းကလည်း ISIS က သူတို့လက်ချက်လို့ ထုတ်ပြန်တာတောင် ပူတင်အတွက် ဝါဒဖြန့်သူတွေက ယူကရိန်းလက်ချက်လို့ စွပ်စွဲခဲ့ကြပါသေးတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now