Others

ကျောက်မဲမှာ အခြေခံစားသောက်ကုန်ပစ္စည်း ရောင်းချသူတွေ ရှားပါးနေပြီး အဆမတန် ဈေးတက်နေ

မဲခေါင် 3 Jul - 2024
မဲခေါင်၊ ဇွန် ၃ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး အခြေခံစားသောက်ကုန်ပစ္စည်း ရောင်းချသူတွေ ရှားပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လတ်တလောမှာ စားသောက်ကုန် ရောင်းချသူ ရှားပါးနေတဲ့အပြင် ရှိတဲ့ဆိုင်တွေကလည်း မတန်တဆဈေးတင်ရောင်းချနေပြီး အလှူရှင်လည်း နည်းပါးနေတာကြောင့် စစ်ဘေးရှောင် ၁၂၀၀၀ ကျော်အတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။ “ ပိုက်ဆံလှူတဲ့သူတွေက ပိုများနေတာပေါ့နော်။ စားစရာတွေ၊ စောင်တွေ လှူပေးတာက ပိုအဆင်ပြေတယ်။ ပိုက်ဆံလှူတဲ့အခါကျတော့ ဒီမှာသူတို့က ဝယ်စားရတာ အခက်အခဲဖြစ်တယ်။ ဒီမှာရောင်းတဲ့သူတွေကလည်း ရှောင်ကုန်ပြီလေ” လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။ ကျောက်မဲမြို့နယ်မှာ ဆန်ကြမ်း တစ်အိတ်

မဲခေါင်၊ ဇွန် ၃

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး အခြေခံစားသောက်ကုန်ပစ္စည်း ရောင်းချသူတွေ ရှားပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလောမှာ စားသောက်ကုန် ရောင်းချသူ ရှားပါးနေတဲ့အပြင် ရှိတဲ့ဆိုင်တွေကလည်း မတန်တဆဈေးတင်ရောင်းချနေပြီး အလှူရှင်လည်း နည်းပါးနေတာကြောင့် စစ်ဘေးရှောင် ၁၂၀၀၀ ကျော်အတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

“ ပိုက်ဆံလှူတဲ့သူတွေက ပိုများနေတာပေါ့နော်။ စားစရာတွေ၊ စောင်တွေ လှူပေးတာက ပိုအဆင်ပြေတယ်။ ပိုက်ဆံလှူတဲ့အခါကျတော့ ဒီမှာသူတို့က ဝယ်စားရတာ အခက်အခဲဖြစ်တယ်။ ဒီမှာရောင်းတဲ့သူတွေကလည်း ရှောင်ကုန်ပြီလေ” လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။

ကျောက်မဲမြို့နယ်မှာ ဆန်ကြမ်း တစ်အိတ် ၃ သိန်းဝန်းကျင်၊ စားအုန်းဆီ တစ်ပိဿာ ၃ သောင်းကျပ်ဝန်းကျင်၊ ကြက်ဥ တစ်လုံး တစ်ထောင်ကျပ်နီးပါး ရှိနေပြီး ရောင်းချသူ အရေအတွက်က စစ်ဘေးရှောင် အရေအတွက်ရဲ့ ၁၀ ပုံတစ်ပုံခန့်သာ ရှိတယ်လို့ သိရပါတယ်။

မြို့နယ်တစ်ခုလုံး လျှပ်စစ်မီး ပြတ်တောက်နေတာကြောင့် စပါးသိုလှောင်ထားသူတွေလည်း ကြိတ်လို့ မရတဲ့အပြင် အသားငါးရောင်းချသူလည်း မရှိသလောက် နည်းပါးနေပြီး ဟင်းသီးဟင်းရွက် ရောင်းချသူတွေက မရှိတော့ဘူးလို့ ဆိုပါတယ်။

“အခုက ပိုက်ဆံရှိတာတောင် စားချင်တိုင်း စားလို့မရတဲ့ဘဝ။ အသားငါးဆို ၂ ရက်လောက် စောင့်ရတယ်။ ခေါက်ဆွဲခြောက်တောင် ဝယ်ဖို့ တအားခက်တယ်။ အလှူရှင်တွေ ရှိရင်တော့ ပေါ့ပေါ့ပါးပါး ဆူလွယ်နပ်လွယ်တာမျိုးတွေ ထောက်ပံ့စေချင်တယ်” လို့ နားပြိန်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူ တစ်ဦးက ပြောပါတယ်။

ကျောက်မဲမြို့နယ်က နားပြိန်း၊ ပုံဝိုး၊ ချောင်းချောက်၊ နားထွန်၊ နောင်ပိန်၊ ခဲမွန်၊ ခိုအုံ၊ ခိုမုန်း၊ နောင်ပိန်လေး စတဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် ၁၂,၀၀၀ ကျော် ခေတ္တခိုလှုံနေကြပြီး ဘုန်းကြီးကျောင်းတွေအတွက်လည်း လူဦး‌ရေအဆမတန် များနေတဲ့အတွက် ရေရှည်မှာ ကြပ်တည်းလာနိုင်တယ်လို့ အလှူရှင်တချို့ဆီက သိရပါတယ်။

ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်နေပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၈ ရက်တာအတွင်း အရပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီလို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

MK-014

ရှမ်းမြောက်

ကျောက်မဲ

အခြေခံစားသောက်ကုန်ပစ္စည်း

ဈေးတက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ဘေးရှောင်တွေအတွက် နီပွန် ဖောင်ဒေးရှင်းကလှူဒါန်းတဲ့ ဆန်အိတ် ၃ ထောင်ကျော် ဈေးကွက်ထဲရောက်ရှိ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်တွေအတွက် နီပွန်ဖောင်‌ဒေးရှင်းက လှူဒါန်းလိုက်တဲ့ ဆန်အိတ် ၃၃၀၀ ဟာ မြေပြင်ကို မရောက်ရှိသေးဘူးလို့
Others

ပထမဆုံး ပုဂ္ဂလိကပိုင်ဆိုင်မှုကို တော်လှန်ရေးရံပုံငွေအဖြစ် မဲရောင်းချနေတဲ့ Project The Key

ပထမဆုံး ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်တဲ့ ရှမ်းပြည်အတွင်းက ဟိုတယ်တစ်ခုကို တော်လှန်ရေးရံပုံငွေအတွက် ရောင်းချတဲ့ ပရောဂျက်တစ်ခုကို ဇွန်လ ၁ ရက်နေ့ကစတင်ပြီး “မမများနဲ့ပွဲကမယ်”က ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ဖရူဆို အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ အကူအညီ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှာ စစ်ဘေးရှောင်တွေနဲ့ စာသင်ကျောင်းအတွက် အကူအညီ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others မြန်မာ့နွေဦး

နောင်ချိုမှာရှိတဲ့ TNLA စခန်းကို စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေချ စစ်ကောင်စီရဲ့အမြောက်တပ်က နောင်ချိုမြို့နယ် သံဘိုကျေးရွာမှာ ရှိတဲ့ TNLA စခန်းကို မနေ့ မတ် ၈ ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ပင်လုံ-ကျောက်တန်းလမ်းသွား ကားအချို့ထံက PNO ပြည်သူ့စစ်က ကားပေါ်ပါပစ္စည်းတွေကို ယူဆောင်

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံ-ကျောက်တန်းသွား ကားအချို့ထံက စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက ကားပေါ်ပါပစ္စည်းတွေကို အတင်းအကြပ်ယူဆောင်သွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ TNLA ထံ အလင်းဝင်

လားရှိုးမြို့မှ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA ထံ အလင်းဝင်လာခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ချင်းရွှေဟော်က စစ်ရေးအရအရေးပါတဲ့ မာကျားတိပေါက်ပေါက် တောင်ကုန်းကို ၂၄နာရီကျော်ကြာတိုက်ယူပြီး MNDAA သိမ်း၊ စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်းသေဆုံး

ချင်းရွှေဟော်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ မာကျားတိပေါက်ပေါက် တောင်ကုန်းကို MNDAA တပ်ဖွဲ့က ၂၄နာရီကျော်ကြာထိုးစစ်ဆင်ခဲ့ပြီး မနေ့ အောက်တိုဘာ ၂၈ရက် နေ့လည်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ကွတ်ခိုင်မြို့နယ် ၃ နေရာမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့က နေရာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now