ဒေသတွင်းသတင်း

ရှမ်းမြောက် တိုက်ပွဲတွေမှာ ဆက်တိုက်အရေးနိမ့်နေတဲ့ စစ်ကောင်စီက ရှမ်းတောင်မှာ ဟန်မပျက် သီတင်းကျွတ်ပွဲတော် ကျင်းပနေ

မဲခေါင် 30 Oct - 2023
ရှမ်းပြည် မြောက်ပိုင်းမှာ မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် အထိနာပြီး စခန်းအများ အပြား လက်လွှတ်ခဲ့ရ ပေမယ့် ရှမ်းပြည်နယ် စစ်ကောင်စီကတော့ ရှမ်းတောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဟန်မပျက် သီတင်းကျွတ်ပွဲတွေ ကျင်းပနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၃၀

ရှမ်းပြည် မြောက်ပိုင်းမှာ မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် အထိနာပြီး စခန်းအများ အပြား လက်လွှတ်ခဲ့ရ ပေမယ့် ရှမ်းပြည်နယ် စစ်ကောင်စီကတော့ ရှမ်းတောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဟန်မပျက် သီတင်းကျွတ်ပွဲတွေ ကျင်းပနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ အောက်တိုဘာ ၂၉ ရက်၊ သီတင်းကျွတ် လပြည့်နေ့ ညနေပိုင်းက တောင်ကြီးမြို့ ရွှေဘုန်းပွင့် စေတီ၊ စူဠာမုဏိ စေတီ တို့မှာ ဆီမီး တစ်ထောင်ပွဲ ကျင်းပခဲ့ပြီး ညပိုင်းမှာတော့ ရွှေဘုန်းပွင့် ဘုရား ရင်ပြင်နဲ့ (၂၁၂) ဆက်သွယ်ရေးတပ်ထဲက မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေ ဖောက်ကာ တပ်တွင်း အခမ်းအနားကို ရှမ်းပြည်နယ် စစ်ကောင်စီက ဦးဆောင် ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

“တပ်ထဲမှာ ပျော်ပွဲရွှင်ပွဲ လုပ်ပေးနေတယ်လို့ ပြောတယ်။ ရွှေဘုန်းပွင့်ပေါ်ကနေ မီးပုံးပျံ အသေးတွေလည်း လွှတ်တယ်။ သူတို့(စစ်ကောင်စီ) အာဏာသိမ်းပြီး ကတည်းက ဘယ်သူမှ ဗျောက်အိုးတောင် ဖောက်ရဲတာ မဟုတ်ဘူး။ ခါတိုင်း ရှမ်းပြည်နယ်နေ့တို့ ဆိုရင်လည်း ရှမ်းဝန်ကြီး အိမ်ထဲကနေ မီးရှူးမီးပန်းတွေ လွှတ်တာပဲ” လို့ တောင်ကြီးမြို့ခံ အမျိုးသမီး တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ရှမ်းပြည်နယ် စစ်ကောင်စီဟာ အင်းလေး ဖော်တော်ဦး ဘုရားပွဲ ဦးဆောင် ကျင်းပတာ အပြင် လာမယ့်လမှာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲ မဖြစ်မနေ ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကျပ်သိန်း ၁၀,၀၀၀ မတည်ပြီး ပွဲဖြစ်မြောက်ရေး ဗေဒင်ယတြာ အစီအရင်တွေနဲ့ ကြိုးစားနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို ပွဲတော်တွေ ဖိအားပေး ကျင်းပနေတာဟာ နိုင်ငံရေး မတည်ငြိမ်မှုကို ဖုံးကွယ်ပြီး ငြိမ်းချမ်းသာယာကြောင်း ပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာလို့ ဒေသခံတွေက သုံးသပ်ပါတယ်။

လက်ရှိ သီတင်းကျွတ် ပိတ်ရက် အတွင်း ရန်ကုန် အပါအ၀င် မြို့ကြီးတွေက ခရီးသွားကား ထောင်ချီ လာရောက်တဲ့ အတွက် ကလော အတက် ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်နဲ့ တောင်ကြီး အတက် အောင်သပြေ တိုးဂိတ် သာမက ညောင်ရွှေမြို့နဲ့ တောင်ကြီးမြို့တို့မှာ ကားပိတ်ဆို့မှုတွေ ဖြစ်နေပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၉ ရက်နေ့ဟာ ဖောင်တော်ဦး ဘုရားပွဲ ၁၅ ရက်မြောက်ဖြစ်ပြီး သီတင်းကျွတ် လပြည့်နေ ဖြစ်တာကြောင့် ကျိုင်းခမ်းကျောင်းမှာ သီတင်းသုံးတဲ့ ဖောင်တော်ဦးဘုရားကို လာဖူးသူ များပြားလွန်းတဲ့အတွက် အငှားလှေတွေ တစ်စင်းမှ မကျန်တော့တဲ့ အထိ ငှမ်းရမ်းနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“နဂိုကမှ ကိုယ့်မထိသ၍ နေနိုင်လွန်းတဲ့ သူတွေ ရှိနေတော့လည်း အချိန်ကိုက်တွေ ဖြစ်ကုန်တာပဲ။ နေသာသလို နေနေကြရင်းနဲ့ အနေကြာလာတော့ စစ်ဖိနပ်အောက်မှာ နေသားကျလာတဲ့ သူတွေကြောင့် စိတ်ပျက်မိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က စတင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၃ ရက်မြောက် နေ့မှာ ရှမ်းမြောက်က စစ်တပ်စခန်း ၅၇ ခုအထိ အသိမ်းခံထားရပါတယ်။

လက်ရှိ စစ်ကာင်စီဟာ ချင်းရွှေဟော်မြို့ကို လုံးဝ လက်လွှတ်လိုက်ရပြီး နမ့်ခမ်း၊ လားရှိုး၊ နမ့်ပေါင်၊ မူဆယ်၊ လောက်ကိုင်၊ မုံးကိုး၊ ချင်းရွှေဟော်၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ မုံးစီး၊ နောင်ချို၊ သိန္နီနဲ့ မိုးကုတ် တို့က စစ်တပ် စခန်းတွေကို မဟာမိတ်တပ်တွေ ဆက်တိုက် သိမ်းပိုက်နေစဥ်မှာ ရှမ်းတောင်မှာတော့ ပွဲတော်တွေ ကျင်းပနေတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိတော့တဲ့ ရှမ်းပြည်နယ် စစ်ကောင်စီဟာ နယ်မြေအေးချမ်း နေသယောင်၊ မြေပြင်တိုက်ပွဲတွေမှာ စစ်တပ်က အသာစီးရနေသယောင် ဝါဒဖြန့်ဖို့ ရှမ်းတောင်ပိုင်းမှာ ခရီးသွားတွေ များပြားဖို့ ပွဲတော်တွေ အဆက်မပြတ် ကျင်းပနေတာလို့ တော်လှန်ရေး တပ်ဖွဲ့၀င်တွေက သုံးသပ်ပါတယ်။

စစ်တပ်ထောက်ခံသူတွေ၊ တပ်မိသားစုတွေ ကြားထဲမှာလည်း ရှမ်းမြောက်က စစ်စခန်းတွေ တိုက်ခိုက်ခံရပြီး စစ်သားတွေ အကျအဆုံး များပြားနေချိန် ရှမ်းတောင်မှာ ပွဲတော်တွေ ကျင်းပနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို အပြစ်တင် ဝေဖန်မှုတွေ များလာတာ တွေ့ရပါတယ်။

CJ-001

#MeKongNews

#ရှမ်းပြည်

#တန်ဆောင်တိုင်

#ညီနောင်မဟာမိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now