ဒေသတွင်းသတင်း

ဒီးမော့ဆိုမြို့နယ် ကန်သာယာစစ်ရှောင်စခန်းက ပြည်သူတွေ ရာသီတုပ်ကွေး ဖြစ်ပွားနေ

မဲခေါင် 12 Oct - 2023
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကန်သာယာ စစ်ရှောင် စခန်းက ပြည်သူ ၈၀ နီးပါး ရာသီတုပ်ကွေး ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင် ပြည်သူ တစ်ဦးက ဒီကနေ့ ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၂

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကန်သာယာ စစ်ရှောင် စခန်းက ပြည်သူ ၈၀ နီးပါး ရာသီတုပ်ကွေး ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင် ပြည်သူ တစ်ဦးက ဒီကနေ့ ပြောပါတယ်။

ကန်သာယာ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၉ အိမ်ရှိပြီး ကိုယ်ဝန်ဆောင် ၄ ဦး၊ မသန်စွမ်း ကလေးငယ် ၃ ဦး၊ သက်ကြီးရွယ်အို ၉ ဦး အပါအဝင် ပြည်သူ ၁၆၀ ကျော် နေထိုင်နေတယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ စခန်းမှာ လူဦးရေ တစ်ရာကျော်ထဲမှာမှ သက်ကြီးရွယ်အို တချို့ အပါအဝင် အယောက် ၈၀ လောက်ထိ တုပ်ကွေး ဖြစ်သွားပြီဗျ။ အယောက်တိုင်းလိုလို ဖြစ်နေတယ်။ တခါတလေ အသင်းအဖွဲ့ကနေ ဆေးလာကုပေးတာရှိတယ်။ သူတို့ မလာနိုင်တဲ့အခါ အရေးပေါ်ဆိုရင် ဆေးခန်း သွားပြရတာမျိုးပေါ့။ သူတို့ နေမကောင်းလို့ အားနည်းတာမျိုး ဖြစ်ရင်လည်း ဆန်ပြုတ်ပဲ တိုက်ရတာပေါ့။ အသားဟင်းတွေ မစားနိုင်ဘူးပေါ့နော်။ နွေးနွေးထွေးထွေးပဲ နေခိုင်းရတာမျိုးပေါ့” လို့ စခန်း တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ စခန်းက ကလေးငယ် ၂၀ ကျော် ရာသီတုပ်ကွေး ဖြစ်ပွားနေလို့ ကျောင်းပျက်နေတယ်လို့ ဆရာမ တစ်ဦးက ပြောပါတယ်။

အခုလို စခန်းနေ ပြည်သူ အများစု ဖျားနာနေပေမယ့် ဆေးဝါး ပြတ်တောက်နေပြီး ပြင်ပ ဆေးဆိုင်တွေမှာ ဆေးဝါး ဝယ်ယူဖို့ ငွေကြေး အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

“ အခုလက်ရှိကတော့ ရာသီ အကူးအပြောင်းကြောင့် ရာသီတုပ်ကွေးတွေကော၊ အအေးမိတာတွေကောနဲ့ တော်တော်များများ ဖျားနေကြပါတယ်။ ဆေးတွေဆိုလည်း လောက်တောင် မလောက်ဘူး” လို့ စစ်ရှောင်တွေကို ကုသပေးနေတဲ့ သူနာပြု ဆရာမက ပြောပါတယ်။

လက်ရှိ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ နေ့စဥ် မိုးရွာသွန်းနေလို့ အအေးမိ ဖျားနာတာနဲ့ ရာသီတုပ်ကွေး ဖြစ်ပွားသူ အများအပြား ရှိနေပြီး တုပ်ကွေးကြောင့် ကျောင်းပိတ်ထားရတဲ့ စစ်ရှောင် စာသင်ကျောင်းတွေလည်း ရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

CJ-004

#MekongNews

#ဒီးမော့ဆိုမြို့နယ်

#စစ်ရှောင်စခန်း

#တုပ်ကွေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now