ဒေသတွင်းသတင်း

မုန်လိုင်ခတ် စစ်ရှောင်စခန်းကို စစ်ကောင်စီ အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှု PNFC ပြင်းထန်စွာ ရှုတ်ချ

မဲခေါင် 11 Oct - 2023
ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခတ် စစ်ဘေးရှောင် စခန်းကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်တာဟာ “အစုလိုက် အပြုံလိုက် သေကြေပျက်စီးစေရန် တင်ကူးကြံရွယ်ချက်" နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခတ် စစ်ဘေးရှောင် စခန်းကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်တာဟာ “အစုလိုက် အပြုံလိုက် သေကြေပျက်စီးစေရန် တင်ကူးကြံရွယ်ချက်” နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ ညသန်းခေါင်မှာ မုန်လိုင်ခတ် စစ်ရှောင်စခန်းကို စစ်ကောင်စီ လက်နက်ကြီးများနဲ့ ပစ်ခတ်ပြီး ဗုံးကြဲ တိုက်ခိုက်တာကြောင့် ကလေးသူငယ်တွေ အပါအဝင် စစ်ရှောင် ပြည်သူ ၃၀ ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရပြီး လူ ၆၀ ကျော် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အခုလို ဗုံးကြဲ တိုက်ခိုက်တာဟာ အတုအယောင် ငြိမ်းချမ်းရေးကို ဗန်းပြကာ အတုအယောင် ပြည်ထောင်စုကို စစ်အာဏာရှင်စနစ်နဲ့ ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို တစမကျန် ဖြိုဖျက်ရုံမှတပါး အခြား နည်းလမ်း မရှိတော့တာကို ပြသနေတယ်လို့ PNFC က ပြောပါတယ်။

“ ကလေးသူငယ် အပါအဝင် စစ်ရှောင် စခန်းကို ရက်ရက်စက်စက် သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။ ဒီစစ်အုပ်စုဟာ လူထုရဲ့ ရန်သူ ဖြစ်ပါတယ်။ ပြည်သူလူထုကို ရန်သူလို့ သတ်မှတ်ပြီး နှိပ်စက် သတ်ဖြတ်နေတဲ့ စစ်အုပ်စုဟာ ဒီစစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို တစမကျန် ဖြိုဖျက်ရုံမှတပါး အခြားနည်း မရှိပါဘူး” လို့ PNFC ဥက္ကဌ ခွန်မြင့်ထွန်းက မှတ်ချက်ပြု ပြောပါတယ်။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပမယ့် အချိန် နီးကပ်လာစဥ် NCA အစပြုခဲ့ရာ လိုင်ဇာဒေသမှာ စစ်ရာဇဝတ်မှု ထပ်မံ ကျူးလွန်တာဟာ စစ်ကောင်စီရဲ့ သရုပ်အမှန်ကို ထင်ရှားပေါ်လွင်စေတယ်လို့ PNFC က ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ်၊ အနန့်ပါ ပွဲခင်းအတွင်း စစ်ကောင်စီ ဗုံးကြဲပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာ တစ်နှစ်ပြည့်တော့မယ့် အချိန်မှာ အခုလို အစုလိုက် အပြုံလိုက် ထပ်မံ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နမ့်နိန်းဒေသရှိ ပအိုဝ်းပြည်သူများ၊ ပဇီကြီးနဲ့ လက်ယက်ကုန်းမှ ကလေးသူငယ်များနဲ့ စစ်ကိုင်းပြည်သူများ အပါအဝင် တစ်ပြည်လုံးမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများစွာ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီဟာ မုန်လိုင်ခက် အပြင် အခြားဒေသတွေမှာ စစ်ရာဇဝတ်မှုများစွာ ထပ်မံ ကျူးလွန်ဦးမှာ ဖြစ်တယ်လို့ PNFC က သုံးသပ်ပါတယ်။

ဒါကြောင့် ပြည်သူကို ရန်သူလို့ သတ်မှတ်ထားတဲ့ စစ်တပ်ကို ပြည်သူလူထုက လူထုရဲ့ ရန်သူအဖြစ် ပြန်လည် သတ်မှတ် ဆန့်ကျင် တော်လှန်နေတာ ဖြစ်တယ်လို့ PNFC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ လူထု ရန်သူဖြစ်တဲ့ စစ်တပ်ဟာ တိုင်းပြည်ရဲ့ တရားဝင် တပ်မတော် တစ်ရပ်လည်း မဟုတ်တော့ပါဘူး” လို့ PNFC ဥက္ကဌ ခွန်မြင့်ထွန်း ကပြောပါတယ်။

ဒါကြောင့် စစ်အုပ်စုကို အရေးယူ အပြစ်ပေးနိုင်ဖို့ အပါအဝင် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ ကချင်ပြည်သူများ အပါအဝင် တောင်တန်း၊ မြေပြန့် ဒေသအသီးသီးရှိ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးနဲ့ အတူ ပအိုဝ်းပြည်သူများက အစဉ်တစိုက် ပူးပေါင်း တော်လှန်သွားမယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

CJ-002

#MekongNews

#မုန်လိုင်ခတ်_စစ်ရှောင်စခန်း

#PNFC

#ဗုံးကြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now