မြန်မာ့နွေဦး

နမ့်ခမ်းမြို့မှာ မူကြိုကလေးငယ် ပြန်ပေးဆွဲသူတွေကို TNLA ပစ်ခတ်ဖမ်းဆီးမှု တစ်ဦးသေပြီး ၂ ဦး အရှင်ဖမ်းမိ

မဲခေါင် 11 Oct - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ အောက်တိုဘာလ ၉ ရက်နေ့က မူကြိုကလေးငယ် ပြန်ပေးဆွဲ သူတွေကို ပစ်ခတ် ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး ၂ ဦး အရှင် ဖမ်းမိတယ်လို့ ဒေသခံတွေနဲ့ TNLA သတင်း ပြန်ကြားရေးဌာနထံက သိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ အောက်တိုဘာလ ၉ ရက်နေ့က မူကြိုကလေးငယ် ပြန်ပေးဆွဲ သူတွေကို ပစ်ခတ် ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး ၂ ဦး အရှင် ဖမ်းမိတယ်လို့ ဒေသခံတွေနဲ့ TNLA သတင်း ပြန်ကြားရေးဌာနထံက သိရပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့၊ မနက် ၉ နာရီခန့်က အမေဖြစ်သူ ကျောင်းသွားပို့စဥ် လမ်းမှာ ကလေးကိုလုပြီး ကားထဲဖမ်းထည့် မောင်းပြေးသွားတာလို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“ ကျောင်းသွားပို့တဲ့အချိန် လမ်းမှာ လုသွားတာ။ ကားနဲ့တင်ပြီး မောင်းပြေးသွားတာ” လို့ သူကပြောပါတယ်။

ဒီဖြစ်စဥ်ကို ဒေသခံတွေ တိုင်ကြားလို့ ပြန်ပေးဆွဲသွားတဲ့ ကား ၂ စီးကို TNLA က ပိတ်ဆို့ ဖမ်းဆီးရာမှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြန်ပေးဆွဲသူ တစ်ဦးသေဆုံးကာ ၂ ဦး အရှင်ဖမ်းမိ‌ပြီး ကလေးငယ်ကို ကယ်တင်နိုင်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။

ဖမ်းမိသူတွေဆီက Glock ပစ္စတိုသေနတ် ၂ လက်၊ Crown ကား ၂ စီး၊ ဖုန်း ၃ လုံး၊ မြန်မာငွေ သိန်း ၂၀ ကျပ်၊ တရုတ်ငွေ ၂၄၀ ယွမ်၊ မြန်မာနိုင်ငံသား မှတ်ပုံတင် ၃ ခုနဲ့ တရုတ်နိုင်ငံ ဝင်ခွင့်ဗီဇာကတ် ၂ ခု သိမ်းဆည်း ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းမြောက်က နယ်စပ်မြို့တွေမှာ ပြန်ပေးဆွဲတဲ့ အဖွဲ့တွေ အများအပြား ရှိနေပြီး ဖုန်းဆက် ခြိမ်းခြောက် ငွေတောင်းတာ၊ ပြန်ပေးဆွဲ တာတွေ မကြာခဏ ဖြစ်နေတယ်လို့ ခြိမ်းခြောက် ငွေညှစ် ခံခဲ့ရသူ တစ်ဦးက ပြောပါတယ်။

“ တောက လူတွေ မဟုတ်ဘူး။ အခုက မြို့က ကလေးတွေပဲ။ အဖွဲ့ဖွဲ့ ပြီး ပြန်ပေးဆွဲနေတာ။ တရုတ်ကလေးတွေ များတယ်။ သူတို့မှာ ခေါင်းဆောင်ရှိတယ်” လို့ သူက ပြောပါတယ်။

ပြန်ပေးဆွဲနေတဲ့ အုပ်စုတွေဟာ အသက် ၁‌၅ နှစ်ကနေ ၃၀ ကြား အရွယ်တွေဖြစ်ပြီး ၅ ဦးခန့် စုဖွဲ့ထားကာ သေနတ်တွေ ကိုင်ဆောင် ပြန်ပေးဆွဲလေ့ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကနေ လက်ရှိအချိန်အထိ မုံးကိုး၊ ပန်ဆိုင်း၊ ၁၀၅ မိုင်၊ မူဆယ်၊ နမ့်ခမ်း ဒေသတွေမှာ လုပ်ငန်းရှင်တွေ အပါအဝင် ပြန်ပေးဆွဲ ခံရသူ ၁၀ ဦး ကျော်ရှိပြီး မြန်မာငွေ ကျပ်သိန်းတစ်သောင်းခွဲ အထိ ပေးကာ ရွေးယူခဲ့ရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

CJ-008

#MeKongNews

#နမ့်ခမ်းမြို့

#TNLA

#ပစ္စတိုသေနတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now