မြန်မာ့နွေဦး

ပဲခူးမြို့ ရေမကျသေး

မဲခေါင် 10 Oct - 2023
စံချိန်တင် ရေကြီးမှုနဲ့ ကြုံတွေ့နေရတဲ့ ပဲခူးမြို့မှာ အောက်တိုဘာလ ၁၀ရက် ညနေပိုင်းအထိ သိသိသာသာ ရေကျဆင်းခြင်းမရှိသေးဘူးလို့ မြို့ခံတွေထံကနေ သိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၀

စံချိန်တင် ရေကြီးမှုနဲ့ ကြုံတွေ့နေရတဲ့ ပဲခူးမြို့မှာ အောက်တိုဘာလ ၁၀ရက် ညနေပိုင်းအထိ သိသိသာသာ ရေကျဆင်းခြင်းမရှိသေးဘူးလို့ မြို့ခံတွေထံကနေ သိရပါတယ်။

အောက်တိုဘာလ ၈ရက်ညနေပိုင်းကစပြီး တက်လာတဲ့ရေဟာ ဒီနေ့မနက်ပိုင်းမှာတော့ တန့်နေခဲ့ပြီး နေ့လည်ပိုင်းမှာ အနည်းငယ်သာ ကျဆင်းသေးတယ်လို့ ရှင်စောပုရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

“မနက်ပိုင်းလောက်ကနဲ့ယှဉ်ရင် တမိုက်လောက်(၅လက်မခန့်) လောက်ပဲကျသေးတယ်။ တန့်နေတယ်လို့ပဲပြောရမယ်။ မိုးကလည်း အုံ့နေတုန်းပဲ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရွှေမော်ဓောဘုရား တောင်ဘက်မုဒ် ရပ်ကွက်တွေဖြစ်တဲ့ ဆံတော်တွင်းရပ်ကွက်နဲ့ အနီးတဝိုက်မှာလည်း ရေမကျသေးသလို ပုံမှန်ရေကြီးလေ့ရှိတဲ့ ကလျာဏီရပ်ကွက်ထဲမှာလည်း ရေအကျနှေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“တစ်နေကုန်မှ တစ်လက်မခွဲလောက်ပဲကျတယ်။ မိုးကလည်း နည်းနည်းရွာသေးတယ်။ ရေကများတုန်းပဲ။ အရင်တစ်ခါက ရေကျမြန်တယ်။ အခုက ရေကျနှေးတယ်” လို့ ကလျာဏီရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

ရေကြီးနစ်မြုပ်မှုကြောင့် သေဆုံးသူလည်း ရှိလာပြီး ပုဏ္ဏားစုရပ်ကွက်၊ မှော်ကန် (၂၄)လမ်းမှာ အမျိုးသားအလောင်းတစ်ဦး တွေ့ရတယ်လို့ ပဲခူးမြို့ခံ လူမှုကွန်ယက်သုံးစွဲသူတွေက ရေးသားထားပါတယ်။

ရေကြီးနစ်မြုပ်မှုကြောင့် ဒုက္ခရောက်နေသူတွေကို ဝိုင်းဝန်းကူညီသူတွေရှိနေသလို ကုန်ဈေးနှုန်း မြှင့်တင်ရောင်းချသူတွေလည်းရှိနေပြီး ကန်စွန်းရွက်တစ်စီးကို ကျပ်တစ်ထောင်၊ ချဉ်ပေါင်ရွက်တစ်စီးကို ကျပ် ၅၀၀ ပေးဝယ်ရတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးမြို့ဟာ နှစ်ပေါင်း ၁၀၀ နီးပါးအတွင်း အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

MK – 004

#MeKongNews

#ပဲခူးမြို့

#ရေကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now