မြန်မာ့နွေဦး

ကရင်နီ စစ်ရှောင်တွေရဲ့ လိုအပ်ချက်ကို ရသမျှနည်းလမ်းနဲ့ ဖြည့်ဆည်းပေးမယ်လို့ IEC ဆို

မဲခေါင် 5 Oct - 2023
ကရင်နီပြည်နယ် အတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင် ပြည်သူတွေ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေး၀ါးနဲ့ အခြား ဆက်စပ် ပစ္စည်းတွေကို ရသမျှ နည်းလမ်းနဲ့ ဖြည့်ဆည်းပေးမယ်လို့ ကရင်နီပြည် ကြားကာလ ကောင်စီ- IEC အထွေထွေ အတွင်းရေမှူးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၅

ကရင်နီပြည်နယ် အတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင် ပြည်သူတွေ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေး၀ါးနဲ့ အခြား ဆက်စပ် ပစ္စည်းတွေကို ရသမျှ နည်းလမ်းနဲ့ ဖြည့်ဆည်းပေးမယ်လို့ ကရင်နီပြည် ကြားကာလ ကောင်စီ- IEC အထွေထွေ အတွင်းရေမှူးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်ရှောင်တွေ အတွက် လိုအပ်တဲ့ ရိက္ခာ၊ ဆေး၀ါးနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီဘက်က ပိတ်ပင် တားဆီးထားပြီး စစ်‌ရှောင် ကူညီသူတွေကိုပါ ပစ်မှတ်ထား ဖမ်းဆီးနေပါတယ်။

ဒီလို အခြေအနေတွေ သာမက အလှူရှင် ရှားပါးပြီး ကုန်စျေးနှုန်း မြင့်တတ်မှု၊ ရာသီ အကူးအပြောင်း တုပ်ကွေး အတွက် ဆေး၀ါး ပြတ်လတ်မှုတွေကို စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့အပေါ် IEC က ရသမျှ နည်းလမ်းတွေနဲ့ ကူညီပေးသွားမယ်လို့ ပြောဆိုတာ ဖြစ်ပါတယ်။

“ဖြစ်နိုင်တဲ့ နည်းလမ်း၊ ရနိုင်တဲ့ နည်းလမ်းတွေနဲ့ လိုအပ်တဲ့ ဆေး၀ါး၊ အမိုးအကာ၊ ရိက္ခာတွေကို သယ်ယူတာ စုဆောင်းတာ လုပ်ပါမယ်” လို့ IEC အထွေထွေ အတွင်းရေးမှူးက ရှင်းပြပါတယ်။

လက်ရှိ ကရင်နီပြည်နယ်ထဲ ကုန်စည် အများဆုံး စီးဆင်းတဲ့ ဖယ်ခုံနဲ့ တောင်ငူမှာ စစ်ကောင်စီက ဂိတ်တွေချပြီး ဖမ်းဆီး စစ်ဆေးနေမှုကို ဖြတ်ကျော်နိုင်ဖို့ ကြိုးစားနေ ပေမယ့် လုံခြုံရေးအရ အသေးစိတ်ကိုတော့ မဖြေကြားသေးဘူးလို့ သူကဆိုပါတယ်။

စစ်ကောင်စီကတော့ ကရင်နီ ပြည်သူတွေ ရိက္ခာပြတ်ဖို့ ရည်ရွယ်ချက်နဲ့ စားနပ်ရိက္ခာ ဖြတ်တောက်နေတာ မဟုတ်ဘဲ တော်လှန်ရေး အင်အားစုတွေကိုသာ ဖြတ်လေးဖြတ် စစ်ဆင်ရေး ပြုလုပ်နေတာလို့ စစ်တပ်၀ါဒဖြန့် ချန်နယ်တွေကို ရေးသားထားပါတယ်။

လက်ရှိ ကရင်နီ စစ်ရှောင်တွေ အတွက် လိုအပ်တဲ့ ရိက္ခာကို တောလမ်းတွေက တစ်ဆင့် အနည်းငယ်သာ သယ်ယူနေရပြီး ကရင်နီပြည်နယ်ရဲ့ လေးပုံသုံးပုံခန့် စစ်ရှောင်နေရတာကြောင့် လုံလောက်မှုမရှိ ဖြစ်နေတယ်လို့ စစ်‌ရှောင်တွေကို ကူညီ ထောက်ပံ့နေသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလလယ်ကစပြီး ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင် ၃,၀၀၀ ကျော် ရာသီတုပ်ကွေး အပါအ၀င် အမိုးအကာ မလုံလောက်မှုကြောင့် အအေးပတ် ဖျားနာ၊ ချောင်းဆိုးရောဂါတွေ အဖြစ်များနေ ပေမယ့် ကုသဖို့ ဆေး၀ါး လုံး၀ ပြတ်လပ်နေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ ကရင်နီ တော်လှန်‌ရေး အင်အားစုတို့ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန် နေတာကြောင့် မော်ချီးဒေသမှာ ဆန်ကြမ်း တစ်အိတ် ငွေကျပ် ၄ သိန်းကျော်အထိ ပေး၀ယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-007

#MeKongNews

#ကရင်နီပြည်နယ်

#IEC

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now