မြန်မာ့နွေဦး

ညောင်လေးပင် တိုက်ပွဲအတွင်း ဘက်ဖိုး အကာအကွယ်နဲ့ တက်လာတဲ့ စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးရ

မဲခေါင် 2 Oct - 2023
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲ ပြင်းထန်နေပြီး မနေ့ မနက်ပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲ အတွင်း စစ်သား အလောင်းနဲ့ လက်နက်ရတယ်လို့ PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲ‌ခေါင်၊ စက်တင်ဘာ ၂

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲ ပြင်းထန်နေပြီး မနေ့ မနက်ပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲ အတွင်း စစ်သား အလောင်းနဲ့ လက်နက်ရတယ်လို့ PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာအနီး စစ်ကောင်စီ အင်အား ၂၀၀ ထက် မနည်း စက်တင်ဘာ ၂၈ မနက်ပိုင်းက စတင် ထိုးစစ်ဆင်လာတာကြောင့် PDF တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲအတွင်း PDF ရဲ့ တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်တဲ့ စစ်ကောင်စီတပ်ဟာ မနေ့ မနက်ပိုင်းက ဘက်ဖိုး တစ်စီးကို အကာအကွယ်ယူ တက်လာပေမဲ့ ထိခိုက် သေဆုံးတာများလို့ ပြန်ဆုတ်သွားတယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။

“ရန်သူက အဲ့ဘက်ဖိုးကို အကာအကွယ်ယူပြီး တက်လာတာပေါ့နော်။ တက်ပြီးတော့ လာတယ်။ PDF ၃ ဖွဲ့လောက်က ခံပစ်တာပေါ့နော်။ ရန်သူ့ဘက်ကတော့ ထိခိုက်သေဆုံးမှုရှိတယ်။ စစ်သား အလောင်း တစ်လောင်းနဲ့ လက်နက် တစ်လက်လည်း ရထားတယ်” လို့ သူကရှင်းပြပါတယ်။

၀ိုင်း၀န်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ် ပြန်လည် ဆုတ်ခွာသွားပြီးနောက် အကာအကွယ် ယူလာတဲ့ ဘက်ဖိုးကို ထားခဲ့လို့ PDF က မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဒေသတွင်း စစ်ရေး တင်းမာနေလို့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ PDF တောင်ပိုင်း အထူးကွန်မန်ဒိုတပ်ဖွဲ့ တာ၀န်ရှိသူ တစ်ဦးက ပြောဆိုထားပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက်ကစပြီး ပုစွန်မြောင်းကျေးရွာ အပါအ၀င် အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာ ၅ ရွာက ပြည်သူထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ညောင်လေးပင်မြို့နယ် တိုက်ပွဲတွေကြောင့် အရေးပေါ် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ တောတွင်းက ဂူ၊ လျှိုမြောင်တွေမှာ နေထိုင်နေရပြီး စားနပ်ရိက္ခာ ရှားပါးလို့ ဒုက္ခ ‌ရောက်နေတယ်လို့ ညောင်လေးပင် စစ်ရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

MK-007

#MekongNews

#ညောင်လေးပင်

#စစ်ဘေးရှောင်

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ နောင်ရင်းဒုံကျေးရွာအနီး မိုင်းနင်းမိလို့ ရွာသားတစ်ဦး ခြေပြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းဒုံကျေးရွာအနီး တွင် မနေ့ မေလ ၈ ရက်က မြေမြုပ်မိုင်းနင်းမိလို့ ရွာသား ၁ ဦးခြေပြတ်ဒဏ်ရာ ရရှိသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မိုးမောက်မြို့ထဲကို စစ်ကောင်စီဗုံးကြဲ၊ နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ထဲ မနေ့ မေ ၈ ရက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲသွား နေအိမ်တချို့မီး ထပ်လောင်ကျွမ်းသွားကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ် ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now