ဒေသတွင်းသတင်း

တောင်ကြီးတက္ကသိုလ်အနီး ရပ်ကွက်တွေမှာ ဧည့်စာရင်းတိုင်ဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေ

မဲခေါင် 2 Oct - 2023
ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ တောင်ကြီး တက္ကသိုလ်အနီးက ရပ်ကွက်တွေမှာ စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး ဧည့်စာရင်းတိုင်ဖို့ လက်ကမ်း စာစောင်တွေ ဖြန့်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ တောင်ကြီး တက္ကသိုလ်အနီးက ရပ်ကွက်တွေမှာ စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး ဧည့်စာရင်းတိုင်ဖို့ လက်ကမ်း စာစောင်တွေ ဖြန့်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ပျူစောထီးတွေက ဖြန့်ဝေနေတာ ဖြစ်ပြီး လက်ကမ်းစာစောင်ပါ အချက်တွေဟာ လိုက်နာဖို့ ခက်ခဲတယ်လို့ ကျောင်းသားတွေ နေထိုင်တဲ့ ရပ်ကွက် အတွင်းက အဆောင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

“ဧည့်စာရင်း တိုင်ရမယ် ဆိုတာက မဖြစ်နိုင်ဘူး ထင်တယ်။ ကျောင်းသားတွေက အမြဲတမ်း အတည်တကျမှ မရှိတာ။ တစ်ရက် နှစ်ရက်နဲ့ ပြောင်းသွားတာမှ အများကြီး။ တချို့လည်း တခြားအဆောင်ကနေ ကိုယ့်အဆောင်မှာ လာအိပ်တာတွေ ရှိတာပဲ။ အဲလိုဆို နေ့တိုင်းကို သွားနေရမှာ။ ရပ်ကွက်ရုံးကလည်း နေရာက အဝေးကြီး။ အလှည့်စောင့်တာနဲ့ဆို တစ်နာရီလောက် ကြာတယ်” လို့ သူက ပြောပါတယ်။

အဲဒီ လက်ကမ်း စာစောင်ကို တောင်ကြီး တက္ကသိုလ်အနီး ကျောင်းကြီးစု ရပ်ကွက်ထဲရှိ ၂၁၂၊ ဖရဲငွေတောင်၊ အရှေ့ပင်စင်၊ အနောက်ပင်စင်၊ ရွှေတောင်ကြား၊ ရွှေသူဌေးကုန်း စတဲ့ နေရာတွေက ကျောင်းသား အဆောင်တွေကို အဓိက ဖြန့်ဝေခဲ့တာ ဖြစ်ပြီး တချို့နေရာတွေမှာတော့ ဧည့်စာရင်း တိုင်ဖို့ စစ်ကောင်စီတပ်က ကားနဲ့လှည့်ပြီး လိုက်အော်နေတယ်လို့ သိရပါတယ်။

လတ်တလော လက်ကမ်းစာစောင်ပါ အချက်တွေ မဖြစ်မနေ လိုက်နာဖို့ ခြိမ်းခြောက်တာ မရှိသေးပေမယ့် ကျောင်းသား အဆောင်တွေကို ညဘက် ရှောင်တခင် ဝင်ရောက် စစ်ဆေးတာတွေ ကြုံနေရတာကြောင့် အဆောင်ပိုင်ရှင်တွေ အနေနဲ့ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

“ပါတဲ့အချက်တွေက လိုက်နာဖို့ အကုန်လုံး မဖြစ်နိုင်သလောက်ပဲ။ ဒီခေတ်မှာ လော်စပီကာတော့ ဖွင့်တဲ့သူ မရှိတော့ပါဘူး။ ဒါပေမယ့် လူငယ်သဘာဝအရ ဘောစ်အကျယ်ကြီး ဖွင့်တာ၊ ဂစ်တာတီးတာလောက်က ရှိမှာပဲ။ တိတ်ဆိတ်နေရအောင် တရားစခန်းလည်း မဟုတ်ဘူးလေ။ တခါတလေ ဆူညံရင် ဆယ်အိမ်မှူး လာပြောတာလောက်တော့ ရှိတယ်” လို့ အဆောင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် တောင်ကြီး တန်ဆောင်တိုင်ပွဲအတွင်း PDF တွေက စစ်ဆင်ရေး လုပ်မယ် ဆိုတဲ့သတင်း ပျံ့နှံ့နေတဲ့အတွက် ကျောင်းသား အဆောင်တွေကို အခုလို လုံခြုံရေး တင်းကြပ်တာ ဖြစ်ပြီး အဝေးသင် တက်သူတွေထဲမှာ ရဲတပ်သား တချို့ ပါဝင်နေတဲ့အတွက် အဆောင်ပိုင်ရှင်တွေ အနေနဲ့ သူစိမ်း ကျောင်းသား လက်မခံရဲတဲ့ အခက်အခဲတွေလည်း ရှိနေတယ်လို့ စုံစမ်း သိရပါတယ်။

CJ-007

#MekongNews

#တောင်ကြီးတက္ကသိုလ်

#ဧည့်စာရင်း

#ပျူစောထီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now