မြန်မာ့နွေဦး

ဖောင်တော်ဦးဘုရားပွဲ လာရောက်မယ့်ဧည့်သည်တွေ စစ်တပ်ထောက်တိုင် ဟိုတယ်တွေမှာ မတည်းခိုဖို့ အင်းလေး အမျိုးသမီးသမဂ္ဂ မေတ္တာရပ်ခံ

မဲခေါင် 29 Sep - 2023
ရှမ်းပြည်နည်တောင်ပိုင်းက အင်းလေး ဖောင်တော်ဦီး ဘုရားပွဲသို့ လာရောက် လည်ပတ်မယ့် ဧည့်သည်တွေ အနေနဲ့ ညောင်ရွှေမြို့နယ် အတွင်းရှိ စစ်တပ် မိသားစုပိုင်နဲ့ စစ်တပ် ထောက်ခံတဲ့ ဟိုတယ်တွေမှာ တည်းခိုခြင်း မပြုဖို့ အင်းလေး အမျိုးသမီးသမဂ္ဂက ‌မေတ္တာရပ်ခံ လိုက်ပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၉

ရှမ်းပြည်နည်တောင်ပိုင်းက အင်းလေး ဖောင်တော်ဦီး ဘုရားပွဲသို့ လာရောက် လည်ပတ်မယ့် ဧည့်သည်တွေ အနေနဲ့ ညောင်ရွှေမြို့နယ် အတွင်းရှိ စစ်တပ် မိသားစုပိုင်နဲ့ စစ်တပ် ထောက်ခံတဲ့ ဟိုတယ်တွေမှာ တည်းခိုခြင်း မပြုဖို့ အင်းလေး အမျိုးသမီးသမဂ္ဂက ‌မေတ္တာရပ်ခံ လိုက်ပါတယ်။

ခရီးသွား ဧည့်သည်တွေကို အဓိက အမှီပြုနေရတဲ့ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စစ်တပ်ပိုင်နဲ့ စစ်တပ် ထောက်ခံတဲ့ ဟိုတယ် ၁၈ ခုရှိတယ်လို့ အင်းလေး အမျိုးသမီးသမဂ္ဂက ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

“သူတို့ပိုင်တဲ့ ဟိုတယ်တွေက ဧည့်သည်တွေဆီက ရလာမယ့် ဟိုတယ်ခ၊ ဝန်ဆောင်ခတွေနဲ့ လူသတ်လက်နက်၊ ကျည်ဆန်တို့ ဝယ်ဖို့အတွက် စစ်ကောင်စီဆီကို ပြန်လည် စီးဆင်းမယ့် သွေးစွန်းငွေတွေ ဖြစ်ပါတယ်။ အဲ့တာကြောင့်မို့လို့ သွေးစွန်းငွေများ ဖြတ်တောက်ရန်အတွက် ပွဲလာခဲ့ရင် အင်းလေးဒေသရှိ စစ်တပ် မိသားစုပိုင် ဟိုတယ်တွေကို ရှောင်ရှားပြီး တခြား ဟိုတယ်တွေမှာပဲ တည်းခိုကြဖို့ မေတ္တာရပ်ခံပါတယ်” လို့ အင်းလေး အမျိုးသမီး သမဂ္ဂအဖွဲ့ဝင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒီဟိုတယ် ၁၈ ခုထဲဟာ ခရိုနီဦးတေဇ ပိုင်ဆိုင်တဲ့ Aureum Palace ဟိုတယ် အပါအဝင် Anata Inlay ၊ Paramount Inle Resort ၊ Hotel Amazing ၊ Amazing Innlay ၊ KMA INLE Hotel ၊ Royal Nyaung Shwe ၊ Shwe Inn Tha ၊ Ann Heritage Lodge ၊ Ostello Bello ၊ Myanmar Treasure ၊ GIC – Nampan ၊ GIC – Thale U ၊ B2 Hotel ၊ Myat Minglar ၊ Royal Nadi Resort ၊ Inle Garden စတဲ့ ဟိုတယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဖောင်တော်ဦးဘုရားပွဲနဲ့ ဒေသစာရီ ကြွချီပူဇော်ပွဲတော်ကို COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် ကတည်းက ရပ်ဆိုင်းထား ခဲ့တာဖြစ်ပြီး အခုနှစ်မှာ ပြန်လည် ကျင်းပဖို့ စစ်ကောင်စီက အမိန့်ဖုတ် စေခိုင်းခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“ကိုဗစ်ရောဂါတွေ ဖြစ်ကတည်းက အလုပ်ပါးသွားတာ ဆိုတော့ နိုင်ငံရေး အခြေအနေကို နားလည်ပေမယ့် စားဝတ်နေရေး အတွက် ပွဲပြန်ဖြစ်လာဖို့ မျှော်မိတာပေါ့။ CDM လည်း လုပ်ထားတော့ ကလေးတွေကို အရင်လို မဆင်နိုင်၊ မလှူမတန်းနိုင်တာလည်း ကြာပြီ။ ပွဲတွင်းကျ စျေးလေးဘာလေး ပိုရောင်းရတော့ စုမိဆောင်းမိ ရှိတယ်လေ။ အာဏာရှင်တွေ မြန်မြန်ကျပြီး ကိုယ့်အစိုးရ မြန်မြန်ပြန်တက်စေချင်ပြီ။ စစ်တပ်ပိုင်၊ ခရိုနီ သူဌေးပိုင် တွေကို အားပေးမယ့်အစား ကျမတို့လို စျေးသည်တွေကို အားပေးစေချင်တယ်” လို့ အင်းလေး ဒေသခံ CDM ဝန်ထမ်း အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲကို လာမယ့် အောက်တိုဘာ ၁၅ ရက်ကနေ နိုဝင်ဘာလ ၁ ရက် နေ့အထိ ၁၇ ရက်ကြာ ကျင်းပမှာ ဖြစ်ပြီး ပထမဆုံးနေ့မှာ ဖောင်တော်ဦးဘုရားကနေ အင်းလေးဒေသက ၂၁ ဌာနကို ကြွချီမှာဖြစ်ကာ နောက်ဆုံးနေ့မှာ ဖောင်တော်ဦး ရတနာစံကျောင်းတော်ကို ပြန်လည် ဆိုက်ရောက် မယ်လို့ ဖောင်တော်ဦးဘုရား ဂေါပကရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

CJ-001

#MeKongNews

#ဖောင်တော်ဦးဘုရားပွဲ

#အင်းလေး

#အင်းလေးအမျိုးသမီးသမဂ္ဂ

#စစ်တပ်ပိုင်

#စစ်ထောက်ခံ

#ဟိုတယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်က ကုန်စုံဆိုင်တွေကို အခွန်ဆောင်ဖို့ SSPP တပ်ဖွဲ့က အခွန်စာရွက်လာပေး

ရှမ်းမြောက် မူဆယ်မြို့နယ်က စွမ်စော်ရပ်ကွက် ကုန်စုံဆိုင်အများစုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကအခွန်ဆောင်ဖို့ အခွန်စာရွက်တွေကို ကုန်စုံဆိုင်သို့ လာပေးနေတယ်လို့ မူဆယ်မြို့ခံတွေကဆိုပါတယ်။
မြန်မာ့နွေဦး

အင်းလေး PDFမှာ တပ်သားသစ်တိုးလာတဲ့အတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်မှုတွေရှိနေ

ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် - ၁၁၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပန်မြို့က စစ်ကောင်စီအဆောက်အဦတွေကို လုပ်ငန်းရှင်တွေထံ UWSA ပြန်ငှား

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်က အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေကို UWSA (“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မဝောာ်) က လုပ်ငန်းရှင်‌တွေကို ငှားရမ်းပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပအိုဝ်းဒေသတွင်းတိုက်ပွဲက တင်ပါးဒဏ်ရာရနေတဲ့ ခရိုနီ နေဝင်းထွန်းကို PNA က ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈ ရက်နေ့စွဲပါ ထုတ်ပြန်စာအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နှိပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now