မြန်မာ့နွေဦး

မူဆယ်မြို့နယ် နမ့်ပေါ်တံတားမှာ စစ်တပ်က ဒေသခံတွေကို စစ်ဆေးဖမ်းဆီးနေပြီး ကားတွေကိုငွေတောင်း

မဲခေါင် 14 Sep - 2023
ရှမ်း‌ပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး၊ နမ့်အွမ်ကျေးရွာ နမ့်ပေါ်တံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသခံတွေကို စစ်ဆေးမှု တင်းကြပ်နေသလို ဒေသခံ ၄ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၄

ရှမ်း‌ပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး၊ နမ့်အွမ်ကျေးရွာ နမ့်ပေါ်တံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသခံတွေကို စစ်ဆေးမှု တင်းကြပ်နေသလို ဒေသခံ ၄ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ကစပြီး ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ကား‌တွေကို ငွေတောင်းခံနေပြီး ဖြတ်သန်းသွားလာတဲ့ ဒေသခံတွေကို အကြောင်းပြချက်မရှိဘဲ ခေါ်ယူ စစ်ဆေးမေးမြန်း နေတယ်လို့ ဆိုပါတယ်။

“စစ်တပ်က တစ်သောင်း‌ တောင်းတာ မပေးရင် ခေါင်းလှည့်ပြန်လိုက်တဲ့။ ၅ ထောင် ထုတ်ပေးတာ မယူဘူး။ ပြန်လှည့်မယ်လုပ်တော့ မင်းသွားရဲရင် သွားကြည့်လေ မင်းကားဘီးကိုပစ်မှာ၊ ကားဘီးတန်ဖိုး မင်းသိလားတဲ့ အဲလိုပြောတာ” လို့ ခရီးသည်တင်‌ ယာဥ်မောင်း တစ်ဦးက ပြောပါတယ်။

မနေ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ နမ့်ပေါ်တံတားပေါ် ဖြတ်သန်းတဲ့ ဒေသခံ အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

“ဘာလို့ ဖမ်း‌ခေါ်သွားလဲတော့ မသိဘူး။ စစ်သားတွေ ခေါ်သွားတာ တွေ့လိုက်တယ်။ အရင်က သူတို့အဲ့လို စစ်တာလည်း မရှိခဲ့ဘူး။ အဖမ်းအဆီးလည်း မရှိဘူး” လို့ ခရီးသည် တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား ၄ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေ အတည်မပြုနိုင်သေးဘဲ လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ယခုလ အစပိုင်းက က စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တို့ နမ့်အွမ်ကျေးရွာအနီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် နမ့်ပေါ်တံတားမှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော် ဖြည့်တင်းထားတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၆ ရက်နေ့မှာလည်း နမ့်ပေါ်တံတားနဲ့ ၆ မိုင်ခန့်သာ ကွာဝေးတဲ့ တာလုံကျေးရွာ အနီးမှာ TNLA နဲ့ စစ်ကောင်စီ ခလရ (၂၄၁) တပ် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ပူးပေါင်းတပ်နဲ့ TNLA တိုက်ပွဲ ပြင်းထန်ပြီးနောက် မူဆယ်-နမ့်ခမ်း ကားလမ်းမပေါ် စခန်းချထားတဲ့ စစ်ကောင်စီတပ်က လမ်းမကြီးပေါ် ဖြတ်သန်းသွားလာတဲ့ တအာင်း(ပလောင်) လူမျိုးတွေကို အဓိကထား စစ်ဆေးခဲ့ပါတယ်။

အဲဒီလို စစ်ဆေးပြီး စယ်လန့်ကျေးရွာအုပ်စု၊ မန်ကန်ရွာနဲ့ မိုင်းဆတ်ရွာနေ အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားရာ ၃ ဦး ပြန်လွတ်ခဲ့ပေမဲ့ တစ်ဦးကို‌တော့ စစ်တပ်က ရိုက်နှက် သတ်ဖြတ်ပြီး အလောင်းကို ပြန်မပေးဘူးလို့ ဒေဿခံတွေက ပြောပါတယ်။

CJ – 014

#MeKongNews

#မူဆယ်

#TNLA

#နမ့်ပေါ်တံတား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now