မြန်မာ့နွေဦး

ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် မသန်စွမ်း အမျိုးသမီး အပါအ၀င် ပြည်သူ ၃ ဦး သေဆုံး

မဲခေါင် 31 Aug - 2023
ကရင်နီပြည်နယ်မှာ စစ်ရေးပစ်မှတ်နဲ့ မသက်ဆိုင်တဲ့ နေရာတွေကို စစ်ကောင်စီက ဒီကနေ့ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် မသန်စွမ်း အမျိုးသမီး အပါအ၀င် ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဩဂုတ် ၃၁

ကရင်နီပြည်နယ်မှာ စစ်ရေးပစ်မှတ်နဲ့ မသက်ဆိုင်တဲ့ နေရာတွေကို စစ်ကောင်စီက ဒီကနေ့ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် မသန်စွမ်း အမျိုးသမီး အပါအ၀င် ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့ မနက်မှာ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်နဲ့ မသက်ဆိုင်တဲ့ နေရာ ၂ ခုကို တိုက်လေယာဉ်တွေနဲ့ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း ပြည်သူလူထုရဲ့ နေအိမ် အဆောက်အအုံနဲ့ စာသင်ကျောင်း ပျက်စီးခဲ့ရတယ်လို့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်-KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီကနေ့ စစ်ကောင်စီက ကြဲချတဲ့ ဗုံးအမျိုးအစားဟာ ထပ်ဆင့်ကွဲ ဗုံးတွေဖြစ်တာကို တွေ့ရှိရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် ၁၀ နာရီအချိန့်ခန့်မှာ မိုးဗြဲမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၄၂၂) တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လွိုင်ကော်မြို့နယ်ကို လက်နက်ကြီးတွေရဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သတင်းရင်းမြစ်တွေ ကပြောပါတယ်။

“မသန်စွမ်း အမျိုးသမီးက ပွဲချင်းပြီး ဆုံးသွားတယ်။ သူက မသန်စွမ်း ဖြစ်တဲ့အခါကျတော့ ရှောင်ဖို့ ပြေးပုန်းဖို့ ကလည်း မလွယ်ဘူးလေ။ ကျန်တဲ့ တစ်ယောက်ကတော့ ဆေးရုံပို့တဲ့ လမ်းပေါ်မှာပဲ ဆုံးသွားတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၄ လုံးဟာ လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာအုပ်စုထဲက ကျေးရွာ တစ်ရွာထဲ ကျရောက်ခဲ့ပြီး မသန်စွမ်း အမျိုးသမီးနဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသား ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲမှာ အကျအဆုံးများနေလို့ လူထုကို ရန်သူလို့ သတ်မှတ်ပြီး ဗုံးကြဲ တိုက်ခိုက်တာ၊ နေအိမ် မီးရှို့တာတွေ လုပ်နေတာကြောင့် စစ်ဘေးရှောင် ပြည်သူများ အနေနဲ့ လေယာဉ်သံ ကြားပါက အကာအကွယ် ယူထားဖို့ အရေးကြီးတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီပြည်နယ်ကို စစ်တပ်က လေကြောင်းကနေ ၅၇၂ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု-PKPF က အခုနှစ် ဩဂုတ်လ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

CJ-002

#MeKongNews

#ဒီးမော့ဆိုမြို့နယ်

#ဗုံးကြဲ

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now