စီးပွားရေး

အဖမ်းအဆီးနဲ့ ငွေစက္ကူသစ်ဂယက်တွေကြောင့် ဒေါ်လာဈေးကွက်မဖွင့်နိုင်ဘဲ ရွှေဈေးလည်း ၃၈ သိန်းကျော်လာ

မဲခေါင် 1 Sep - 2023
မဲခေါင်၊ စက်တင်ဘာ ၁ ငွေကြေးဈေးကွက်အတွင်း အသစ်ရိုက်နှိပ်တဲ့ နှစ်သောင်းတန်ငွေစက္ကူတွေ ဖြန့်ဝေဝင်ရောက်လာပြီဆိုတဲ့ သတင်းတွေကြောင့် ရွှေဈေး ၃၈ သိန်းကျော်နဲ့ ဒေါ်လာဈေးမှာလည်း အဖမ်းအဆီးတွေကြောင့် ဈေးကွက်မဖွင့်နိုင်တဲ့ အနေအထားလို့ မြေပြင်အခြေအနေအရ သိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁

ငွေကြေးဈေးကွက်အတွင်း အသစ်ရိုက်နှိပ်တဲ့ နှစ်သောင်းတန်ငွေစက္ကူတွေ ဖြန့်ဝေဝင်ရောက်လာပြီဆိုတဲ့ သတင်းတွေကြောင့် ရွှေဈေး ၃၈ သိန်းကျော်နဲ့ ဒေါ်လာဈေးမှာလည်း အဖမ်းအဆီးတွေကြောင့် ဈေးကွက်မဖွင့်နိုင်တဲ့ အနေအထားလို့ မြေပြင်အခြေအနေအရ သိရပါတယ်။

စစ်ကောင်စီက အသစ်ရိုက်နှိပ်ထုတ်ဝေတဲ့ နှစ်သောင်းတန်ငွေစက္ကူသစ်ကို သူရဲ့ဝန်ထမ်းလစာတွေထဲ ထည့်သွင်းပေးအပ်မှာဖြစ်တဲ့အတွက် ငွေကြေးဈေးကွက်အတွင်း ပြန့်နှံ့ရောက်ရှိသွားမှာပါ။

ငွေစက္ကူသစ် ရိုက်နှိပ်မထုတ်ဝေမီကလည်း ရွှေနဲ့ဒေါ်လာလုပ်ငန်း လုပ်ကိုင်သူတွေကို စစ်ကောင်စီဘက် အသွင်ယူစုံစမ်းပြီး ဖမ်းဆီးတာတွေကြောင့် အရောင်းအဝယ်ခက်တဲ့ အနေအထားကနေ ငွေစက္ကူသစ်ကြောင့် ပိုမိုဆိုးရွားလာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

“နှစ်သောင်းတန်က ဒီနေ့မှစဝင်လာမယ်ဆိုတော့ စောင့်ကြည့်ရမယ်၊ အကန့်အသတ်နဲ့မဟုတ်ဘဲ အလုံအရင်းနဲ့ဆို ဈေးကွက်ထိန်းချုပ်ဖို့မလွယ်ဘူး၊ အခုဝန်ထမ်းလစာမှာ ပါလာပြီလို့အတည်ပြုနိုင်ပြီ၊ အခုက အဖမ်းဆီးကတော်တော်ကြမ်းနေတော့ အရောင်းအဝယ်က လုံးဝအေးဆက်နေတယ်။ ဒေါ်လာသမားတွေဆို ဈေးတောင်မေးမရဘူး၊ ဈေးကွက်ကပျက်သွားပြီ” လို့ ရွှေလုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဈေးနှုန်းတစ်ခုကို ထိန်းချုပ်ဖို့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးထားတာဟာ ဖြေရှင်းနည်းအစစ်အမှန် မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ပြည်သူကို အကြမ်းဖက်သတ်ဖြတ်တဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူတာတွေ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ထွက်သွားတာတွေ၊ ပို့ကုန်သွင်းကုန် တင်းကျပ်တဲ့ မူဝါဒတွေကြောင့် စစ်ကောင်စီဟာ ဒေါ်လာရရှိမှု ရှားပါးလာပါတယ်။

အဲ့ဒါကြောင့် ပြည်တွင်းဒေါ်လာ ရပေါက်ရလမ်းရှိတဲ့ လုပ်ငန်းတွေကို စစ်ကောင်စီဟာ တင်းကျပ်ဖိအားပေးပြီး ဒေါ်လာကို ထိန်းချုပ်ထားတဲ့ သဘောလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီးနောက် ရေတိုဖြေရှင်းနည်းအဖြစ် စစ်ကောင်စီက နှစ်သောင်းတန်တွေ ရိုက်ထုတ်လာတာပါ။ ငွေစက္ကူသစ်ကြောင့် မြန်မာငွေကြေးဟာ တန်ဖိုးကျလာပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာမယ်လို့ စီးပွားရေးပညာရှင်တွေက ပြောထားပါတယ်။

စစ်ကောင်စီက အသစ်ရိုက်နှိပ်ထုတ်ဝေတဲ့ နှစ်သောင်းတန်ငွေစက္ကူသစ်ဟာ တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပြန်ထားပါတယ်။ ဒီလိုအခြေအနေတွေကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဘေးကြပ်နံကြပ်အနေအထားနဲ့ နီးရာဓားကြောက်နေရတယ်လို့ ဆိုကြပါတယ်။

MK-006

#MeKongNews

#နှစ်သောင်းတန်

#ဒေါ်လာ

#ငွေကြေး

#လည်ပတ်

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now