မြန်မာ့နွေဦး

စစ်ရေးတင်းမာနေတဲ့ လဲချား-ခိုလမ် ဒေသမှာ စစ်လေယာဥ်ပေါ်က စစ်လက်နက်တွေ လေထီးနဲ့ချ အင်အားဖြည့်

မဲခေါင် 25 Aug - 2023
စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ စစ်ရေးတင်းမာနေတဲ့ ရှမ်းတောင်၊ လဲချားနဲ့ ခိုလမ် ဒေသမှာ စစ်ကောင်စီက စစ်လေယာဉ်တွေ အသုံးပြုပြီး စစ်လက်နက်တွေကို လေထီးနဲ့ ချသွားတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၅

စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ စစ်ရေးတင်းမာနေတဲ့ ရှမ်းတောင်၊ လဲချားနဲ့ ခိုလမ် ဒေသမှာ စစ်ကောင်စီက စစ်လေယာဉ်တွေ အသုံးပြုပြီး စစ်လက်နက်တွေကို လေထီးနဲ့ ချသွားတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

ဒီကနေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်မှာ စစ်သုံးလေယာဉ် တစ်စီးနဲ့ ဂျက်တိုက်လေယာဉ် တစ်စီး အသုံးပြုပြီး စစ်လက်နက် အသုံးအဆောင် ပစ္စည်းတွေကို လေထီးတွေနဲ့ ချပေးနေတာ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။

ဒီကနေ့မှာ လေယာဉ်တွေနဲ့ လဲချားမြို့နယ် အရှေ့မြောက်ဘက်နဲ့ ခိုလမ်မြို့ရဲ့ မြောက်ဘက် ဝမ်စိမ်းဘက်မှာ စစ်ပစ္စည်းတွေ လာချပေးတာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

“အင်အားတော့ မဟုတ်ဘူး။ လက်နက်တွေလိုမျိုး။ လမ်းကြောင်း မသွားရဲလို့ လေယာဉ်နဲ့ လာသွားတာလည်း ဖြစ်နိုင်တယ်။ နမ့်စန် ခိုလမ်တပ်တောင် ခံစစ်ပုံစံ ပြင်ထားတယ်။ လေယာဉ်က ၂ စီး တစ်စီးက ဂျက်ဖိုက်တာ၊ တစ်စီးက ထောက်ပို့လေယာဉ် အကြီးစား၊ လေယာဉ်က ပစ္စည်းချခဲ့တာ အများကြီးပဲ။ လူမပါဘူး။ စစ်ပစ္စည်းတွေ အကြီးကြီးတွေဖြစ်တယ်” လို့ မျက်မြင်တွေ့ခဲ့တဲ့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ကုန်းလမ်းကနေ မသယ်ရဲတော့လို့ အခုလို လေထီးနဲ့ ပစ္စည်းတွေချပေးနေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ချပေးတာ ခိုလမ် ဝမ်းစိမ်း ဘက်မှာလည်း တွေ့ရတယ်ပေါ့နော်။ အဝေးကနေ တွေ့ရတာဆိုတော့ ဘယ်နေရာလဲ ဆိုတာတော့ အတိအကျ ပြောရခက်တယ်။ လေယာဉ် အကြီးစားတွေနဲ့ ချပေးတာကို အဝေးကနေ လှမ်းမြင်ရတာပါ” လို့ မဲခေါင်သတင်းဌာနရဲ့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

လဲချားမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် အခြေအနေ တည်ငြိမ်နေတဲ့အချိန်မှာ စစ်ကောင်စီက SSPP တပ်တွေကို အလစ်အငိုက် ဝင်တိုက်ဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ် တစ်ဦးက သုံးသပ်ပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခြေအနေတွေကို ထပ်မံသိရဖို့ SSPP ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ပေမယ့် အဆက်အသွယ် မရရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ လဲချားမြို့နယ်အတွင်း ၃ နေရာထက်မနည်း စစ်ကောင်စီနဲ့ SSPP တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက လဲချား – မိုင်းနောင်လမ်းကို ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီဟာ ပြည်သူ့စစ်တွေနဲ့ အင်အားဖြည့်တင်းပြီး လဲချားမြို့အဝင် မက်လန်းကျေးရွာထဲမှာ တပ်စွဲကာ ကားလမ်းမကြီးကို သွားလာခွင့်မပေးဘဲ ပိတ်ပင်ထားပါတယ်။

CJ-002

#MeKongNews

#လဲချား-ခိုလမ်

#စစ်လေယာဥ်

#SSPP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now