မြန်မာ့နွေဦး

PNO ပြည်သူ့စစ်က ဒေသခံ ၂၀ နီးပါးကို ပြန်ပေးဆွဲထားလို့ တစ်ဦး ကျပ်သိန်း ၂၀ နဲ့ ပြန်ရွေးရ

မဲခေါင် 22 Aug - 2023
မဲခေါင်၊ ဩဂုတ် ၂၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံ ၂၀ နီးပါးကို ပြန်ပေးဆွဲပြီး တစ်ဦးကို သိန်း ၂၀ ကျပ်နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံ ၂၀ နီးပါးကို ပြန်ပေးဆွဲပြီး တစ်ဦးကို သိန်း ၂၀ ကျပ်နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

အဲ့ဒီ ဒေသခံတွေဟာ ဩဂုတ်လ ၉ ရက်နေ့မှ စပြီး မူးယစ်ဆေးဝါး အကြောင်းပြချက်နဲ့ ပြန်ပေးဆွဲ ခံရတာဖြစ်ပြီးတော့ ဩဂုတ်လ ၁၈ ရက်နေ့မှာ မိသားစုဝင်တွေက ငွေနဲ့ပြန်လိုက်ရွေးလို့ အကုန်လုံး ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၁၈ ရက်နေ့မှာ နောက်ဆုံးကျန်တဲ့ ၆ ယောက် လွတ်လာတာပေါ့၊ အရင်ရက်တွေက လွတ်လာတဲ့ လူတွေလည်း ရှိတယ်။ ပိုက်ဆံပေးတာနဲ့ လွတ်လာတာပေါ့။ ပိုက်ဆံ အရင်ပေးနိုင်တဲ့ လူတွေက အရင်လွတ်လာတယ်။ ပိုက်ဆံ မပေးနိုင်တဲ့ လူက PNO ပြည်သူ့စစ်မှာ စစ်သား လုပ်ရမယ် ဆိုတော့ အဖမ်းခံရတဲ့ သူတွေရဲ့ မိသားစုတွေက မရှိရှိတာ ချေးငှား ရောင်းချပြီး ပြန်နှုတ်ရတယ်။ ခြံရောင်းပြီး ပြန်နှုတ်ရတဲ့ လူလည်းရှိတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲ့ဒီလို ဒေသခံတွေကို ပြန်ပေးဆွဲ ငွေတောင်းတာဟာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ တပ်ခွဲ (၉) မှ ဗိုလ်လေးအောင် အဖွဲ့ဖြစ်ပြီး ဗိုလ်လေးအောင် ဟာ ဟိုပုံးမြို့နယ်၊ နမ့်ပါချီကျေးရွာအုပ်စု၊ လွယ်ခေါ်ရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။

PNO ပြည်သူ့စစ်ဟာ ဩဂုတ်လ ၉ ရက်နေ့မှာ နောင်ဒေကျေးရွာအုပ်စုမှ ဒေသခံ လူငယ် ၂ ဦးကို စစ်ဆေးရာမှ လွယ်အိပ်ထဲမှာ မီးခြစ်တွေ့လို့ မူးယစ်ဆေးဝါး သုံးစွဲသူလို့ စွပ်စွဲပြီး စတင်ဖမ်းဆီး ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။

အံဒီနောက် နောင်းဒေးကျေးရွာအုပ်နဲ့ မောက်မွန်ကျေးရွာအုပ်စုရှိ နောင်ဒေးကျေးရွာ၊ မောက်လွစ်မြောက်ရွာ၊ ပုံးကျေးရွာ၊ ဟွေးဟဲင်းကျေးရွာ စတဲ့ ကျေးရွာတွေနေ ဒေသခံ ၂၀ နီးပါးကို ဩဂုတ်လ ၉ ရက်မှစပြီး PNO ပြည်သူ့စစ်က ပြန်ပေးဆွဲ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

အခုလို PNO ပြည်သူ့စစ် လုပ်ဆောင်နေတာဟာ မူးယစ်ဆေးဝါး တိုက်ဖျက်တာ မဟုတ်ဘဲ လုပ်စားဖို့အတွက် အနိုင်ကျင့် နှိပ်စက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ဖမ်းသွားတဲ့ လူတွေက မူးယစ်ဆေးဝါး လက်ဝယ်တွေ့တာလည်း မဟုတ်ဘူး။ သူတို့ အထင် သံသယနဲ့ ဖမ်းတာ။ ဖမ်းပြီးရင်လည်း အကျင့်စာရိတ္တ ပြုပြင်ပေးတာ မဟုတ်ဘူး။ ငွေပဲ တောင်းစားတာ။ ငွေရတာနဲ့ ပြန်လွှတ်ပေးတာက မဟုတ်သေးဘူးလေနော်။ သံသယနဲ့ပဲ အဲ့လို လျှောက်ဖမ်းတော့ တစ်ချို့ ဘာအပြစ်မှ မရှိတဲ့ လူကောင်းတွေလည်း အဖမ်းခံရပြီး ငွေတွေကုန်ရတယ်” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိ PNO ပြည်သူ့စစ်ရဲ့ လုပ်ရပ်တွေဟာ ဒေသနဲ့ လူမျိုးဂုဏ်သိက္ခာ ကျဆင်းစေတဲ့အတွက် PNO လူကြီးတွေ အနေနဲ့ လက်အောက်ငယ်သားတွေကို နိုင်အောင် ထိန်းဖို့လိုတယ်လို့ ဒေသခံတွေက ဝေဖန်နေပါတယ်။

“သူတို့တပည့်တွေကို နိုင်အောင် ထိန်းစေချင်တယ်။ ဗိုလ်လေးအဆင့်က အောက်ခြေမှာ ဒီလို လူထုကို အနိုင်ကျင့်နေတာ နှစ်တိုင်းလိုလိုပဲ။ သူတို့ လူကြီးကလည်း ဘာမှပြောတာ မရှိဘူး” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့မှာလည်း PNO ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦးဟာ ရပ်စောက်မြို့နယ်၊ ထီရီးကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းဝင်ပြီး ဒေသခံ တစ်ဦးကို ဓားပြတိုက်ခဲ့ပါသေးတယ်။

PNO ပြည်သူ့စစ်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ကရင်နီပြည်နယ်ထဲထိ ဝင်ရောက် တိုက်ခိုက်တာ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးပြီး စစ်ကောင်စီထံ အပ်နှံတာတွေကြောင့် ဒေသတွင်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

CJ-002

#MeKongNews

#ညောင်လေးပင်ခရိုင်

#PNO_ပြည်သူ့စစ်

#ဟိုပုံးမြို့နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now