မြန်မာ့နွေဦး

ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးလေးရွာအနီး စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ပြင်းထန်

မဲခေါင် 18 Aug - 2023
မဲခေါင်၊ သြဂုတ် ၁၈ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးရွာ အနီးမှာ ဩဂုတ်လ ၁၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ PSLF/TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

မဲခေါင်၊ သြဂုတ် ၁၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးရွာ အနီးမှာ ဩဂုတ်လ ၁၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ PSLF/TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ယမန်နေ့ မွန်းလွဲ ၁ နာရီ ကျော်ခန့်ကနေ ၂ နာရီ ခွဲခန့်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နမ့်ဖက်ကာ အခြေစိုက် ခမရ (၁၂၃) စစ်ကောင်စီတပ် ကနေ လက်နက်ကြီး ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။

“ TNLA နဲ့ စစ်ကောင်စီ ပြန်ဖြစ်တာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားရှိ မန်လွယ်၊ နမ့်ဖလွန်တောင် ဒေသမှာ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရတယ်လို့ သူက ပြောပါတယ်။

ယမန်နေ့ မနက် ၈ နာရီခွဲခန့်က ကွတ်ခိုင် အခြေစိုက် ခလ၇ (၂၄၁) နဲ့ (၂၄၂) ကနေ စစ်ကား ၁၀ စီးခန့်၊ ခန့်မှန်း အင်အား ၂၀၀ ဝန်းကျင်နဲ့ ကွတ်ခိုင်မြို့ကနေ မူဆယ်ဘက်သို့ ဦးတည် ထွက်ခွာသွားတယ်လို့ ကွတ်ခိုင် ဒေသခံတွေက ပြောပါတယ်။

အရှေ့မြောက် ကုန်သွယ်ရာ လမ်းမ၊ ကွတ်ခိုင် ရင်ကွဲတောင်ကနေ မိုင်းယု‌လေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ TNLA တပ်မဟာ (၁)၊ တပ်ရင်း (၈၇၆) တို့ တိုက်ပွဲ ဖြစ်ပွားတာလို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ဆိုပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့ကလည်း မူဆယ်-နမ့်ခမ်းကြား၊ ကားလမ်းမပေါ်ရှိ နောင်ဆိုင်ရွာမှာ စစ်ကောင်စီတပ်တွေ ‌လှုပ်ရှားနေ သလို TNLA တပ်က ကိုင်းတော်ရွာဘက်မှာ လှုပ်ရှားနေတာကြောင့် စစ်ရေး တင်းမာခဲ့ပြီး လမ်းသွား လမ်းလာ ပြည်သူတွေကို ၂ ဖက်အဖွဲ့က စစ်ဆေးနေလို့ လမ်းပိတ်ဆို့မှု ဖြစ်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ် နဲ့ TNLA တို့ ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး ယမန်နေ့ သြဂုတ်လ ၁၇ ရက်နေ့အထိ စုစုပေါင်း တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo-Crd
CJ-008

#MeKongNews

#မိုင်းယုလေးရွာ

#TNLA

#လက်နက်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဘောလခဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား မိုင်းနင်းမိပြီးပျက်စီး

ကရင်နီပြည်၊ ဘောလခဲမြို့ နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅ ရက်က ဝင်တိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ ၂၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်တွေလည်း သိမ်မိတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ သတင်းရေးသား နေချိန်ထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now