ဒေသတွင်းသတင်း

ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက လက်နက်ကိုင်ပြီး မကြာခဏ လာစစ်နေ

မဲခေါင် 17 Aug - 2023
မဲခေါင်၊ သြဂုတ် ၁၇ ပညာရေးဝန်ကြီးကဏ္ဍကမဟုတ်တဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုယ်ပိုင်အထက်တန်း ကျောင်းများကို မကြာခဏလာရောက်စစ်ဆေးနေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေစိုးရိမ်နေရတယ်လို့ ကျောင်းသားမိဘတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

မဲခေါင်၊ သြဂုတ် ၁၇

ပညာရေးဝန်ကြီးကဏ္ဍကမဟုတ်တဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုယ်ပိုင်အထက်တန်း ကျောင်းများကို မကြာခဏလာရောက်စစ်ဆေးနေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေစိုးရိမ်နေရတယ်လို့ ကျောင်းသားမိဘတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

ပုံမှန်အားဖြင့်ကိုယ်ပိုင်ကျောင်းတွေကို ပညာရေးဝန်ကြီးဌာနက စိစစ်လက်ခံ ဖွင့်ခွင့်ပေးပြီအရည်အသွေးနဲ့ သင်ကြားရေးပိုင်းဆိုင်ရာတွေကို သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခြင်းကိုတော့ တစ်နှစ်ကို နှစ်ကြိမ်လောက်သာပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ မကြာခဏ အကြောင်းအမျိုးမျိုးပြကာ ဝင်ရောက်စစ်ဆေးမှုတွေရှိနေတာလို့ သိရပါတယ်။

“ဝန်ကြီးဌာနတာဝန်ရှိသူတွေဘဲ မဟုတ်ဘူး၊ ပြီးတော့ ကိုယ့်မြို့နယ်ထဲ့မှာရှိတဲ့ အာဏာပိုင်တွေတင် မဟုတ်ဘူး၊ အခြားလက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေပါပါတော့ အတန်းကြီးတက်နေတဲ့ကလေးတွေက ကြောက်လန့်ပြီး ကျောင်းမလာချင်တော့ဘူး၊ မိဘတွေကလည်း စိုးရိမ်နေကြပြီ၊ ကျောင်းနဲ့စည်းကမ်းပိုင်းကို စစ်ဆေးချင်တာ မျိုးမဟုတ်ဘဲ ၊ ကလေးတွေကို စစ်ဆေးသလိုဖြစ်နေတယ် ၊ဆရာ၊ ဆရာမတွေကို စစ်ဆေးတဲ့ပုံဖြစ်နေတယ်” လို့ အမည်မဖော်လိုသူ ရန်ကုန်မြို့မှာ ကိုယ်ပိုင်ကျောင်း တည်ထောင်ထားသူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီက လက်အောက်ခံဌာနတွေက တစ်လကို အနည်းဆုံး ၅ ကြိမ် အထက်စစ်ဆေးရေးဝင်နေတယ်လို့ သိရပါတယ်။

အရင်က ထုတ်ပြန်ထားတဲ့ ပုဂ္ဂလိကပညာရေးဥပဒေမှာ သင်ကြားမယ့် ဆရာ၊ဆရာမတွေကို မှတ်ပုံတင်ထုတ်ပေးတာ၊ ကျောင်းတွေကို စံချိန် စံညွှန်းစစ်ဆေးတာတွေကို ပညာရေးဝန်ကြီးဌာနကိုသာ ကိုင်တွယ်ခွင့်ပေးထားပေမယ့် ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်က စစ်ကောင်စီ က အသစ်ပြဌာန်းထားတဲ့ ဥပဒေသစ်မှာတော့ အဲဒီလုပ်ငန်းတွေကို ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဖွဲ့ ပေးလိုက်ပြီး အဲဒီအဖွဲ့က ထိန်းချုပ် စီမံခွင့်ပေးထားတယ်လို့ သိရပါတယ်။

ထိုပြင် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ကိုလည်း သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ တက္ကသိုလ်ပါမောက္ခချုပ် ၊ ထွေအုပ် ၊ပညာရေးမှူးတွေနဲ့ ဖွဲ့စည်းဖို့ ပါရှိပါတယ်။

ဒီအဖွဲ့ကပဲ သက်ဆိုင်ရာဒေသမှာရှိတဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေကို စံချိန်စံညွှန်းသတ်မှတ်ပေးတာ ၊ ကျောင်းမှတ်ပုံတင် ခွင့်ပြုတာ၊ ငြင်းပယ်တာ၊ နိုင်ငံသားနဲ့ နိုင်ငံခြားသား ကျောင်းဆရာ၊ ဆရာမတွေရဲ့ မှတ်ပုံတင်လျှောက်ထားတာတွေကို ထိန်းချုပ်ကိုင်တွယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုနိုင်ငံရေးအခြေနေကမကောင်းတော့ အစိုးရကျောင်းတွေမှာမထားချင်ဘူး၊ ကိုယ်ပိုင်ကျောင်းထားထားပေမယ့် လုံခြုံရေးအပိုင်းက စိတ်မချစရာဖြစ်လာပြီ သူတို့က ကျောင်းဝင်းထဲ အဝင်အထွက်လုပ်နေတော့ စိုးရိမ်တယ် ကလေးက ကျောင်းနားထားတာ ၂နှစ်လောက်ရှိပြီ။ အခုမှပြန်ထားတော့ အကောင်ကထွားနေပြီ၊ သူတို့က ဘာလုပ်လုပ် သူတို့ဥပဒေဖြစ်နေတော့ ကလေးကိုစိတ်မချလို့ ကျောင်းဆက်ထားဖို့ စဉ်းစားနေရပြီ” လို့ ရန်ကုန်မြို့ ကိုယ်ပိုင်ကျောင်းတွင် နဝမတန်းမှာ ပညာသင်ကြားနေသူ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

အသစ်ပြဌာန်းထားတဲ့ ပုဂ္ဂလိကပညာရေးဥပဒေမှာ စည်းမျဉ်း စည်း ကမ်းပိုင်းဆိုင်ရာ ဖောက်ဖျက်တာတွေအတွက် ငွေဒဏ်ကိုအရင်ထက် အဆပေါင်းများစွာ တိုးထားတယ်လို့ သိရပါတယ်။

ဒါအပြင် အသစ်ပြင်ဆင် ပြဌာန်းထားတဲ့ ပုဂ္ဂလိကပညာရေးဥပဒေမှာတော့ ထောင်ဒဏ်အနည်းဆုံး ခြောက်လကနေ အများဆုံး နှစ်နှစ်ထိ ချမှတ်ထားပြီး၊ ငွေဒဏ်ကိုတော့ အနည်းဆုံး ကျပ်သိန်း ၃၀ ကနေ အများဆုံး ကျပ်သိန်း ၅၀၀ အထိ ချမှတ်ထားတယ်လို့ သိရပါတယ်။

တချို့ကိုယ်ပိုင်ကျောင်းတွေ International School တွေကို ပညာရေးဝန်ကြီးဌာနက ခွင့်ပြုချက် လိုင်စင်မရှိ၊ အသိအမှတ်ပြုထားတာ မရှိဘဲ ဖွင့်လှစ်တာတွေ များလာတဲ့အတွက်ကြောင့် စစ်ဆေး ၊ ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်လာတာဖြစ်တယ်လို့ ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ထားတဲ့ အသိုင်းအဝန်းကပြောပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အစိုးရကျောင်းမတက်ဘဲ အခြေခံပညာရေး ဆက်လက်သင်ကြား လိုသည့် ကျောင်းသား၊ ကျောင်းသူများသည် Home Schooling ဟုခေါ်သည့် အွန်လိုင်းမှ သင်ကြားခြင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများကို ပြောင်းရွှေ့ပညာသင်ကြားခြင်းများကို ပြုလုပ်လာတဲ့အပေါ် ဖိအားပေးထိန်းချူပ်မှုတွေ ရှိနေတယ်လို့ ကိုယ်ပိုင်ကျောင်းပိုင်ရှင်များက ဆိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ကိုယ်ပိုင်ကျောင်း အရေအတွက် ၁၂၀၀ ကျော်ရှိပြီး၊ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီပညာရေးအပေါ် လုံခြုံရေးအရ ကျောင်းသားမိဘတွေ အနေနဲ့ယုံကြည်ချက်မရှိခြင်း၊ စစ်ကောင်စီပညာရေး အားမပေးလိုတာကြောင့် အစိုးရကျောင်းတွေထက် ကိုယ်ပိုင်ကျောင်းတွေကို ပိုမိုရွေးချယ်လာကြတာ ဖြစ်ပါတယ်။

MK-006

#MeKongNews

#ပညာရေး

#စစ်ကောင်စီ

#ကိုယ်ပိုင်ကျောင်း

#လက်နက်ကိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now