မြန်မာ့နွေဦး

မိုးဗြဲမြို့ကို စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေ တစ်ခြမ်းစီ ထိန်းချုပ်ထားပြီး စစ်ရေးတင်းမာနေ

မဲခေါင် 17 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၇ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေ မြို့တစ်ဖက်စီမှာ နေရာယူ တပ်စွဲထားပြီး စစ်ရေး တင်းမာနေဆဲ ဖြစ်တယ်လို့ မိုးဗြဲ PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၇

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေ မြို့တစ်ဖက်စီမှာ နေရာယူ တပ်စွဲထားပြီး စစ်ရေး တင်းမာနေဆဲ ဖြစ်တယ်လို့ မိုးဗြဲ PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလလယ်က စပြီး မိုးဗြဲမြို့ကို အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတို့ ညောင်၀ိုင်းရပ်ကွက်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ ဖြစ်ပါတယ်။

မိုးဗြဲမြို့ပေါ်မှာ ဇူလိုင်လလယ်က စပြီး တိုက်ပွဲကြီးတွေ မဖြစ်တော့ပေမဲ့ အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲ အသေးစားတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“အခြေအနေ ကတော့ ထူးခြားမှု သိပ်မရှိပါဘူး။ ကျွန်တော်တို့ ဘက်ကလည်း စစ်ဆင်ရေး အသေးလေးတွေ ဖော်ဆောင်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာမျိုးတော့ ရှိပါတယ်” လို့ မိုးဗြဲ PDF နဲ့ နီးစပ်သူက ရှင်းပြပါတယ်။

အခုလို တိုက်ပွဲတွေ ငြိမ်သွားတာကြောင့် တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရပ်ကွက်တွေမှာ ပြည်သူတွေ ပြန်လည်နေထိုင်တာ ရှိသလို စစ်ကောင်စီဘက်ကလည်း ပြန်လည် နေထိုင်ခွင့် ပြုထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ ထိန်းချုပ် တပ်စွဲထားတဲ့ နယ်မြေတွေမှာ ကတုတ်ကျင်းတွေ အခိုင်အမာ တည်ဆောက်ဖို့ ပြည်သူပိုင် နေအိမ်တွေ ဖြိုချတာ၊ ဖယ်ခုံ ခမရ (၃၃၆) နဲ့ လွိုင်ကော် ခလရ (၄၂၂) တပ်တွေက ပစ်တဲ့ လက်နက်ကြီး ဒဏ်ကြောင့် နေအိမ်တွေ ပျက်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိ စစ်ရေး အခြေအနေနဲ့ လုံခြုံ‌ရေး အခြေအနေအရ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေနဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို အသိပေးဖို့ PDF နဲ့ နီးစပ်သူက ငြင်းဆန်ပါတယ်။

ပြီးခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီက မိုးဗြဲမြို့တွင်း လူနေ ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ စစ်ကြောင်းထိုးရာ တစ်လျှောက်က ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေကြောင့် ပြည်သူ ၃၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဒီလို အခြေအနေတွေကြောင့် ရပ်ကွက် ၁၄ ခုမှာ ပြည်သူ ၂၅,၀၀၀ ၀န်းကျင် နေထိုင်တဲ့ မိုးဗြဲမြို့က ပြည်သူ သုံးပုံ နှစ်ပုံခန့်ဟာ ဘေးလွတ်ရာကို စစ်ဘေး တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

Mk-007

#MeKongNews

#မိုးဗြဲမြို့

#PDF

#ခမရ_(၃၃၆)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now