မြန်မာ့နွေဦး

ကရင်နီဒေသမှာ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းတက်လို့ ထောက်ပို့တွေအတွက် အခက်အခဲဖြစ်နေ

မဲခေါင် 14 Aug - 2023
မဲခေါင်၊ သြဂုတ် ၁၄ ကယား(ကရင်နီပြည်)မှာ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းထပ်တက်လာတာကြောင့် ထောက်ပို့တွေအတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၁၄

ကယား(ကရင်နီပြည်)မှာ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းထပ်တက်လာတာကြောင့် ထောက်ပို့တွေအတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့က စစ်ကောင်စီရဲ့ ဆင်ဖြူတော်မွေးနေ့ အထိန်းအမှတ်အဖြစ် ၂၀,၀၀၀ ကျပ်တန် ထုတ်ဝေပြီးတဲ့နောက်မှာ အခုလို ဈေးတက်လာတာလို့ ထောက်ပို့ အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“၂၀,၀၀၀ တန် ထုတ်တာက စတာပဲ။ တိတိကျကျ ပြောရရင်တော့ ပြီးခဲ့တဲ့ တစ်ပတ်လောက်က စတာပေါ့။ ကုန်ဈေးနှုန်းတက်တော့ ထောက်ပံ့ရတာ ပိုခက်ခဲလာတယ်။ ဥပမာ အရင်က ပစ္စည်းတစ်ခုကို ၁၀,၀၀၀ ဆိုရင် အခု ၂၀,၀၀၀ ကျော်သွားပြီ။ ထောက်ပံ့ရတဲ့ ပစ္စည်း အရေအတွက် လျော့သွားတာပေါ့” လို့ သူက ပြောပါတယ်။

ဩဂုတ်လ ဒုတိယအပတ်အတွင်း ထောက်ပို့အဖွဲ့တွေ အဓိက ဈေးဝယ်ကျတဲ့ လွိုင်ကော်မြို့ထဲမှာ စားအုန်းဆီ တစ်ပိဿာကို အရင်က ၈,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျော်အထိ မြင့်တက်လာပြီး ဆန်ကလည်း ၁၀၀,၀၀၀ (ကျပ်) ဝန်းကျင်ကနေ ၁၅၀,၀၀၀ ကျပ် နီးပါးအထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဓါတ်ဆီဈေးကလည်း ၂,၄၀၀ ကျပ် ဝန်းကျင်ကနေ ၂,၈၀၀ – ၃,၀၀၀ ကျပ်အထိ မြင့်တက်လာတာကြောင့် ထောက်ပို့အဖွဲ့တွေအတွက် သွားရေးလာရေးကအစ ခက်ခဲလာတယ်လို့လည်း သိရပါတယ်။

“ဒီနောက်ပိုင်း စစ်ဘေးရှောင်စခန်းတွေ သွားရင် လမ်းကြောင်းက သေချာဆွဲရတယ်။ လမ်းကြောင်းတစ်ခုနဲ့ နေရာ ၅ ခုလောက် ရောက်အောင်ပေါ့။ ခါတိုင်းလို တစ်နေရာစီ သွားနေရင် ရတဲ့ Fund (ရန်ပုံငွေ)နဲ့က ဘယ်လိုမှ မကာမိဘူး။ ရသလောက် ချင့်ချိန်ပြီး ဝယ်နေရတော့ စစ်ရှောင်တွေနား အပြည့် မရောက်နိုင်တော့ဘူး” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းကစပြီး ဒီနေ့ဒီချိန်အထိ ကုန်ဈေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်လာပေမယ့် လုပ်ခလစာဟာ တိုးလာတာမျိုး မရှိတာကြောင့် အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေး ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။

CJ-007

#MeKongNews

#ကရင်နီ

#ထောက်ပို့

#ကုန်ဈေးနှုန်း

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now