မြန်မာ့နွေဦး

တော်လှန်သော T.G.R Women Drone Force အမျိုးသမီးတပ်ဖွဲ့ စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်နေ

မဲခေါင် 11 Aug - 2023
မဲခေါင်၊ သြဂုတ် ၁၁ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေစိုက် T.G.R Women Drone Force အဖွဲ့ဟာ အမျိုးသမီးများနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဖြစ်ပြီး စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်နေပြီလို့ တပ်ဖွဲ့၀င် အမျိဒးသမီး တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ သြဂုတ် ၁၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေစိုက် T.G.R Women Drone Force အဖွဲ့ဟာ အမျိုးသမီးများနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဖြစ်ပြီး စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်နေပြီလို့ တပ်ဖွဲ့၀င် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်က ငါန်းဇွန်မြို့နယ်၊ ရေလည်သောင် အနောက်ဘက်က ပျူရွာကို အင်အားလာဖြည့်တဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်သား တစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ဇူလိုင် ၂၀ ရက်နေ့ကလည်း ၂ ပွဲ ဆက်တိုက် မစ်ရှင် ဆောင်ရွက်ခဲ့ပါတယ်။ ပထမ လုပ်ဆောင်မှု နေရာဟာ စစ်ခွေးတွေ အထိုင်ကျတဲ့ နေရာဆိုတော့ ထိခိုက်သေဆုံးမှု သတင်း မသိရပါဘူး။ အဲဒီနေ့ ဒုတိယ မစ်ရှင် ထပ်မံ လုပ်ဆောင်ရာမှာတော့ စစ်ခွေး ၂ ကောင် အထိနာခဲ့ပါတယ်” လို့ T.G.R Women Drone Force အဖွဲ့ အမျိုးသမီး ရဲဘော်တစ်ဦးက ပြောပါတယ်။

T.G.R Women Drone Force ကို အမျိုးသမီး သီးသန့်အဖွဲ့အဖြစ် ခေါင်းဆောင် ဗိုလ်တိုက်ဂါး က ဖွဲ့စည်းပေးခဲ့ပြီး လက်ရှိ မြောင်မြို့နယ်မှာ စစ်ကောင်စီဘက်က လှုပ်ရှားမှုရှိပါက သွားရောက် တိုက်ခိုက်လေ့ ရှိတယ်လို့ ဆိုပါတယ်။

“တိုက်ခိုက်ရေးတွေကိုလည်း ဆရာဗိုလ်တိုက်ဂါး ဆီကပဲ သင်တန်း တက်ထားကြတာပါ။ ခုချိန်ထိ စစ်ကြောင်း တစ်ခု ထွက်တယ် သတင်းကြားရင် လိုက်လံ ပစ်တယ် ထုတယ်။ အလှူရှင်တွေရဲ့ ပံ့ပိုးမှုတွေနဲ့ပဲ ရပ်တည် နေပါတယ်” လို့ T.G.R Women Drone Force ခေါင်းဆောင်ကျားခင်စိန် ကပြောပါတယ်။

အမျိုးသားများနည်းတူ တော်လှန်ရေးသော အမျိုးသမီးတွေဖြစ်လို့ စစ်ဆင်ရေး တာ၀န် ထမ်းဆောင်ရာမှာ သွားလာ နေထိုင်ရေးတွေမှာ ခက်ခဲမှုတွေရှိပေမယ့် ပေးအပ်လာတဲ့ တာဝန်တွေကို ပြီးစီးအောင် ဆောင်ရွက်နိုင် တယ်လို့ ဆိုပါတယ်။

“ကွာခြားချက်ကတော့ ယောက်ျားတွေလို သန်မာချင်ယောင် ဆောင်နေပေမယ် တချို့ နေရာတွေမှာတော့ မတူဘူးပေါ့နော်။ ပြေးတာကအစ သူတို့လောက် မပြေးနိုင်တာမျိုးတွေပေါ့။ ဒါပေမယ့် တာဝန်တစ်ခု ပေးကြည့် အဲဒီတာဝန်က အဲဒီ အမျိုးသမီးကို ခွန်အားအဖြစ် ပြောင်းလဲသွားစေလိမ့်မယ်။ အမျိုးသမီး တစ်ယောက်ကို မလုပ်နိုင်ဘူး လို့တော့ ဘယ်တော့မှ အထင်မသေးပါနဲ့။ အမျိုးသမီးတွေက ပိုပြီး သန်မာတတ်ကြပါတယ်” လို့ ကျားခင်စိန် ကပြောပါတယ်။

T.G.R Women Drone Force စတင်ဖွဲ့စည်းစဥ်က ကြောက်ရွံ့စိုးထိတ်မှုတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ စစ်ကြောင်း လှုပ်ရှားမှု သတင်းကြားရင် တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေ ထောက်ပံ့လှူဒါန်းမှုနဲ့ ဒရုန်း တစ်စီးကို ကျပ်သိန်း ၁၅၀ နဲ့ ဝယ်ယူထားပြီး နေ့စဥ် လေ့ကျင့်နေတဲ့ ကျွမ်းကျင်အဆင့် အမျိုးသမီး ရဲဘော်များက ဒရုန်း တိုက်ခိုက်မှုတွေမှာ ပါဝင်လျက် ရှိနေတယ်လို့ သိရပါတယ်။

CJ-005

#T.G.RWomenDroneForce

#မြောင်

#အမျိုးသမီးတပ်ဖွဲ့

#ဒရုန်းတပ်ဖွဲ့

#ကျားခင်စိန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now