မြန်မာ့နွေဦး

ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့ အိမ်တံခါးတွေခေါက်ဖို့ စေလွှတ်လိုက်ပြီလို့ ရန်ကုန်တိုင်း စစ်ဒေသ တာဝန်ခံ သတိပေး

မဲခေါင် 10 Aug - 2023
မဲခေါင်၊ သြဂုတ် ၁၀ ရန်ကုန်တိုင်း စစ်ဒေသ တော်လှန်ရေး အဖွဲ့တွေဟာ ရန်ကုန်မြို့နဲ့ အနီးစပ်ဆုံးမှာ ရှိနေပြီဖြစ်လို့ စစ်ကောင်စီရဲ့ အိမ်တံခါးတွေ ခေါက်ဖို့ စစ်ဆင်ရေး ရဲဘော်တွေကို စေလွှတ်လိုက်ပြီလို့ ရန်ကုန်တိုင်း စစ်ဒေသ စစ်ဆင်ရေး တာဝန်ခံ ရဲဘော်ဒေဝ က ဒီကနေ့ သတိပေး ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ သြဂုတ် ၁၀

ရန်ကုန်တိုင်း စစ်ဒေသ တော်လှန်ရေး အဖွဲ့တွေဟာ ရန်ကုန်မြို့နဲ့ အနီးစပ်ဆုံးမှာ ရှိနေပြီဖြစ်လို့ စစ်ကောင်စီရဲ့ အိမ်တံခါးတွေ ခေါက်ဖို့ စစ်ဆင်ရေး ရဲဘော်တွေကို စေလွှတ်လိုက်ပြီလို့ ရန်ကုန်တိုင်း စစ်ဒေသ စစ်ဆင်ရေး တာဝန်ခံ ရဲဘော်ဒေဝ က ဒီကနေ့ သတိပေး ပြောဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်း စစ်ဒေသ တော်လှန်ရေး စစ်သည်တော်တွေကို အတွေ့အကြုံရှိ မြို့ပြပြောက်ကျား ရဲဘော်များ၊ တောတွင်း ကျေးလက် စစ်ဆင်ရေး အတွေ့အကြုံရှိ ရဲဘော်များနဲ့ စုဖွဲ့ထားပြီး တိုင်းရင်းသား မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ဒေသခွဲ ကွပ်ကဲမှု အသီးသီးရဲ့ ဦးဆောင်မှုနဲ့ စစ်ဆင်ရေးတွေ စနေပြီလို့ သူကဆိုပါတယ်။

“ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ အကုန်လုံးက ရန်ကုန်နဲ့ အနီးစပ်ဆုံးမှာ ရှိတယ်။ အချိန်မရွေး သူတို့ရဲ့ အိမ်တံခါးကို ပြန်ခေါက်နိုင်ပြီ။ သူတို့ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် သွားရဲလို့လား။ မသွားရဲဘူးလေ။ ဒါမျိုးတွေထိကို လှုပ်ရှား ဆောင်ရွက်ဖို့ ကျွန်တော်တို့ လွှတ်လိုက်ပြီ” လို့ သူကပြောပါတယ်။

လက်ရှိ တန်ပြန်ထိုးစစ် ဆင်နိုင်တဲ့ အနေအထား ဖြစ်လာပြီး စစ်ကောင်စီဘက်က ပစ်ပြေးဘဝ ပြန်ရောက်သွားတဲ့ အနေအထားလို့ ရဲဘော်ဒေဝက ဆိုပါတယ်။

“ အခုဆိုရင် သူတို့တွေ ပစ်ပြေးအဆင့်ကို ပြန်ရောက်လာပြီ။ ကျွန်တော်တို့ကို ပြောတော့ ပစ်ပြေးတဲ့။ သူတို့ကမှ အခု ပစ်ပြေး ဖြစ်ပြီ။ ဟိုမှာ ပစ်လိုက် ပြေးလိုက်၊ ဒီနား ပစ်လိုက် ပြေးလိုက်နဲ့ သူတို့မှာလည်း မလုံခြုံမှုကို ခံစားနေရတဲ့ အနေအထား အထိကို ရောက်လာပြီ။ ဆိုတော့ သူတို့ရဲ့ ထိုးစစ်ကနေ တန်ပြန်ထိုးစစ် အနေအထား အထိကို ကျွန်တော်တို့ ပြောင်းလဲလိုက်ပြီ ဆိုတဲ့ အနေအထား တစ်ခုကို ကျွန်တော်တို့ ရောက်လာကြပြီဗျာ” လို့ သူက ပြောပါတယ်။

တော်လှန်ရေး ရဲဘော်တွေဟာ လူငယ်တွေ ဖြစ်တာနဲ့အညီ အိမ်လွမ်းစိတ် ပြန်ချင်စိတ်တွေနဲ့ စစ်အာဏာရှင်ကို တော်လှန်နေတာဖြစ်ပြီး တိုက်ပွဲတစ်ခု အောင်မြင်ဖို့ နောက်ကွယ်က ပေးဆပ် စွန့်လွှတ်ရမှုများစွာ ကြားက အပြုံး မပျက်ကြဘဲ ကြောက်ရွံ့တုန်လှုပ် နောက်ဆုတ်မယ့် စိတ်ဓာတ် မရှိကြောင်း ဆိုပါတယ်။

“ မစ်ရှင်တွေကို အောင်မြင်အောင် ဆောင်ရွက်တာ ရှိသလိုပဲ တစ်ဖက်မှာလည်း ကျွန်တော်တို့ ထိခိုက်မှုတွေ ဆုံးရှုံးမှုတွေ အများကြီးပဲ။ အောင်မြင်တဲ့ မစ်ရှင် တစ်ခုရဲ့နောက်ကွယ်မှာ ပေးဆပ် စွန့်လွှတ်ရမှုတွေ အများကြီးပဲ။ ကျွန်တော်တို့ ဒဏ်ရာရတယ်။ ကျွန်တော်တို့ လက်မထောင်နေတုန်းပဲ။ အဆုံးထိ သွားမယ်ဆိုတဲ့ စိတ်ဓာတ် တွေနဲ့လည်း ကျွန်တော်တို့ ရဲဘော်တွေ လာတယ်။ ဘယ်တော့မှ နောက်ပြန်လှည့်သွားတာတွေ ကြောက်ရွံ့ တုန်လှုပ်သွားတာတွေ ခုချိန်ထိ ကျွန်တော်တို့ဆီမှာ မတွေ့မိသေးဘူး” လို့ သူကပြောဆိုပါတယ်။

လက်ရှိ တော်လှန်ရေးဟာ ဈေးကြီးပြီး ရဲဘော်တွေရဲ့ ကိုယ်လက် အသက်တွေ ပေးဆပ်နေရကြောင်း ခဲယမ်းကျည်နဲ့ ငွေတွေဟာ သုံးရင် ကုန်သလို တိုက်ပွဲ တစ်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှုရဖို့ ကုန်ကျမှုနဲ့ ပေးဆပ်မှု လိုအပ်တာကြောင့် လက်ရှိ ပြည်သူတွေရဲ့ ထောက်ပို့ အင်အား အရှိန်မလျော့ သွားတဲ့အတွက် သေချာတာကတော့ “ ကျွန်တော်တို့ ရန်ကုန်မှာ ပြန်ဆုံကြမယ်” လို့ သူက ဆိုပါတယ်။

CJ-005

#Mekongnews

#ရန်ကုန်မှာပြန်ဆုံ

#အိမ်ပြန်ချိန်

#ရဲဘော်ဒေဝ

#ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်

#ရန်ကုန်မြို့ပြ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now