မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ PNO ပြည်သူ့စစ် သေနတ်ပစ်ဖောက် ခြိမ်းခြောက်လို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင် 8 Aug - 2023
မဲခေါင်၊ ဩဂုတ် ၈ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ငယ် အချက်ပေါင်းများစွာ ပစ်ဖောက်တာကြောင့် ပြည်သူတွေ ထိတ်လန့်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ငယ် အချက်ပေါင်းများစွာ ပစ်ဖောက်တာကြောင့် ပြည်သူတွေ ထိတ်လန့်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် ၁၀ ဦးကျော်ဟာ ဩဂုတ်လ ၆ ရက်နေ့ ညမှာ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ တောင်းတပ်ရွာနဲ့ ထီလုံးဟီရွာကြားကို ကား ၃ စီးနဲ့ ရောက်လာပြီး သေနတ် ပစ်ဖောက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညကြီးမိုးချုပ် ရောက်လာပြီး သေနတ် ပစ်ဖောက်ကြတော့ ဘာဖြစ်တာလဲ ဆိုပြီး ကြောက်လန့်ကြတာပေါ့။ တိုက်ပွဲ ဖြစ်တာလား အချင်းချင်း ပစ်ကြတာလား မသိရတော့ ရွာသားတွေက ကြောက်ပြီး တိတ်ဆိတ်ကုန်တယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

PNO တပ်ဖွဲ့ဟာ တောင်းတပ်ရွာနဲ့ ထီလုံးဟီရွာကြားက တစ်နေရာမှာ သေနတ် အချက်ရေ ၃၀ ကျော် ဆက်တိုက် ပစ်ခတ်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တစ်ခါတစ်လေ သူတို့လူတွေကို ဖမ်းတာ ဘာညာဆို တစ်ချက် နှစ်ချက် ခြောက်လှန့် ပစ်ခတ်တာမျိုးတော့ ကြားဖူးပေမယ့်။ အခုလို အချက် ၃၀ ကျော်လောက်အထိ အော်တို ဆွဲပစ်တာက မကြားဖူးတော့ ရွာသားတွေက ကြောက်တာပေါ့။ ပစ်ပြီးတော့ ရွာထဲကို ဝင်လာတာလည်း မရှိဘူး။ ကား ၃ စီးနဲ့ ရွာကိုဖြတ်သွားပြီ ဆီဆိုင်ဘက် ပြန်ဆင်းသွားတာပဲ တွေ့လိုက်ရတယ်” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲ့ဒီလို သေနတ် ပစ်ဖောက်တဲ့ PNO ပြည်သူ့စစ်အဖွဲ့မှာ PNO အုပ်ချုပ်ရေး ယန္တရားအဖွဲ့မှ ကျေးရွာ အုပ်စုမှူးတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

PNO ပြည်သူ့စစ်ဟာ ရှေ့တန်းတက်နေတဲ့ PNO စစ်သားတွေ အတွက် တစ်အိမ် ၄၀၀၀ ကျပ်နဲ့ ဆန် ၂ ပြည် ပေးရမယ်ဆိုပြီး ဆီဆိုင်မြို့နယ် အနောက်ဘက်ခြမ်းမှာ အခွန် ထပ်မံ ကောက်ခံနေတာကြောင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းကို လုံခြုံရေး အကြောင်းပြ ငွေကောက်ခံဖို့ သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

အခုလို့ PNO အဖွဲ့ဝင်တွေ ကျေးရွာတွေ အနီးအနားမှာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး PNO ပြည်သူ့စစ် တာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေတာ မရှိပါဘူး။

PNOပြည်သူ့စစ်ဟာ စစ်ကောင်စီနဲ့အတူ ကရင်နီပြည်နယ်ထဲအထိ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုကို တိုက်ခိုက်တာအပြင် ပအိုဝ်းဒေသ အတွင်းရှိ CDM တွေ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့သူတွေကို ဖမ်းဆီးပြီး စစ်ကောင်စီထံ အပ်နှံတာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

CJ-002
#MeKongNews
#ဆီဆိုင်မြို့နယ်
#PNO_ပြည်သူ့စစ်
#CDM

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now