မဲခေါင်၊ ဩဂုတ် ၇
ရှမ်းပြည်နယ် တောင်ပိုင်း ဒေသခံ တော်လှန်ရေး တပ်ပေါင်းစု-SSLRU က ရှေ့တန်း ဒရုန်း စစ်ဆင်ရေး မှတ်တမ်း ပုံရိပ်တွေကို ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။
SSLRU ဟာ ဇူလိုင်လ ၈ ရက်က ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ ပြည်သူတွေကို အသိပေးပြီးနောက်ပိုင်း စစ်ဆင်ရေး ပုံရိပ်တွေကို တပ်ခွဲ (၃) ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ရှမ်းတောင်နဲ့ ကရင်နီဒေသ ရှေ့တန်း စစ်မျက်နှာတွေမှာ ဒရုန်း စစ်ဆင်ရေးပေါင်း ၅၀ ကျော် ပြုနိုင်ခဲ့ပြီး မြေပြင် စစ်ဆင်ရေးနဲ့ပါ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ နည်းပညာနဲ့ စစ်ရေးဗျူဟာတွေကို တိုက်ပွဲတွေ အတွင်း လေ့လာသင်ယူနေပြီး ပိုမိုထိရောက်တဲ့ နည်းလမ်းနဲ့ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တိုက်ထုတ်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-007
#MekongNews
#ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့
#ဒရုန်းစစ်ဆင်ရေး
#SSLRU